ပါမောက္ခ ဒေါက်တာမောင်မောင်စိုး(ဘောဂဗေဒ)
ငွေကြေးကို အခွန်ကင်းလွတ်ရာနေရာတွင်ထားခြင်းသည်လည်း ခ၀ါချမှုတစ်မျိုးဖြစ်သည်။ ယင်းကို Tax Haven ဟုခေါ်သည်။ Haven သဘောကတော့ ၀င်ခိုနိုင်သည့်နေရာတွင်ဝင်ခိုနေခြင်းဖြစ်သည်။ ရာသီဥတုသာ ယာမှပြန်ထွက်လာသည့်သဘောမျိုးဖြစ်သည်။ နိဗါန်ဘုံ heaven နှင့်တော့မှားနိုင်သည်။ နိဗါန်ဘုံတော့မဟုတ်။ ဆိုလိုသည်ကတော့ ငွေကြေးကို နိုင်ငံခြားတွင်ရှိသောဘဏ်တစ်ခုခုတွင် ငွေများကိုသိမ်းထားခြင်းဖြစ်သည်။
ပိုမိုပေါက်ကြားမှုနည်းသော ခ၀ါချနည်းတစ်မျိုးဖြစ်သည်။ အချို့လိမ္မာသော
ငွေကြေးခ၀ါရှင်များကတော့ နိုင်ငံခြားဘဏ်တွင်ကြာကြာမထား ဘဲ၊
မိမိနေထိုင်ရာပြည်တွင်းဆီသို့ နိုင်ငံခြားငွေတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု
FDI: Foreign Direct Investment အဖြစ်ပြန်သွင်းလာလေ့ရှိသည်။
ထိုသို့ပြန်သွင်းလာသောအခါတွင် တိုင်းပြည် ကခွင့်ပြုထားသော FDI tax
exemption အခွန်ကင်းလွတ်ခွင့်ဖြင့် ငွေကြေးကိုခ၀ါချနိုင်သည်။ ထိုသို့ပြု
လုပ်ရာ တွင်လည်း Law Firm နှင့် ထိုသို့အလားတူလုပ်ငန်းများကလည်း အခကြေးငွေယူပြီးလုပ်ကိုင် ဆောင်ရွက် ပေးခြင်းဖြင့်အခကြေးငွေမျက်မျက်လေးများလည်းရရှိကြသည်။
တရားဝင်ဘောင်ထဲရောက်အောင် ထည့်ပေး ခြင်းမျိုးများလည်း ပြုလုပ်နှိုင်ကြသည်၊
တစ်နည်းအားဖြင့် ထို Law Firms သဏ္ဍာန်တူသောလုပ်ငန်းများသည်
နိုင်ငံခြားတွင်ထားရှိသည့်ငွေမည်းများကို Proceeds of litigation တရားဝင်ဖြစ်လာစေရန်အတွက် လုပ်ဆောင် ပေးရာတွင်အရေးပါလှသည်။
သို့သော်လည်း Law firms များအနေဖြင့်လုပ်ပေးနိုင်သည့်တိုင်၊
ဘဏ်အရေးလည်းပါလာပြန်ပါသည်။ ဘဏ်များအနေဖြင့် ငွေကြေးကိုလက်ခံရာတွင်လည်း
ငွေအပ်သည့်လူကအပ်သည့်တိုင်၊ ဘဏ်ကလက်ခံနိုင်မှ သာဖြစ်နိုင်သောကြောင့်
ဘဏ်မှအတိုးကိုလည်းဝယ်ရပါသေးသည်။
ယင်းကို bank capture လုပ်သည်ဟုဆို ကြသည်။ ဘဏ်သည်လည်း
လူလည်တည်းတွင်ပါဝင်သည်။ ဘဏ်တွင်အပ်ငွေများကို နှိုက်နှိုက်ချွတ်ချွတ်စစ်
ဆေးနိုင်သည်။ ယင်းကို Bank scrutiny လုပ်သည်ဟုခေါ်သည်။ သူသာဖွလျှင်
သူ့လက်ထဲတွင်ကိုယ့်ငွေရှိနေ သောကြောင့်လည်း စိုးရိမ်ရသည်။ ထိုကြောင့်
ငွေမည်းများကို နိုင်ငံခြားတွင်ထားလျှင် အတိုးမရသည့်အပြင်၊
သတ်မှတ်ထားသောအတိုးကိုပင် ၀ယ်ရသောသဘောရှိသည်။
တရားမ၀င်ငွေကိုတရားဝင်ဖြစ်ဖို့အတွက် သူခိုး လက်ထဲက သူဝှက်လုသည့်အဖြစ်မျိုးလည်းရှိသည်။
ဘဏ်နှင့်အလွမ်းမသင့်သောငွေမည်းပိုင်ရှင်များအနေဖြင့် အခြားသောငွေကြေးခ၀ါချမှုတွင် ကာစီနို Casinos ခေါ်လောင်းကစားဝိုင်းများနှင့်လည်း
ခ၀ါချတတ်ပါသည်။ လုပ်ပုံလုပ်နည်းကတော့ ကာစီနိုတွင် ငွေကြေးဖြင့်
လက်မှတ်များ (Chips) သို့မဟုတ် တိုကင်များကိုဝယ်ယူသည်။
ဝင်ရောက်ကစားဟန်ပြသည်။ ပြီး တော့ ထို Chips များကို ငွေနှင့်မလဲလှယ်တော့ဘဲ၊
ချက်လက်မှတ်ဖြင့်သာပြန်လည်ထုတ်ယူလိုက်ခြင်းဖြစ်သည်။ ထို့အတူ ထီလက်မှတ်သည်လည်း အတူတူသဘောမျိုးဖြစ်သည်။ ထီလက်မှတ်မှရသောငွေသည်အခွန်ကင်း လွတ်ငွေဖြစ်သည့်အပြင်၊ အစိုးရထံမှတရားဝင်ရသောငွေဖြစ်ပြီး၊ ထိုငွေဖြင့်အခြားသောကုန်စည်များကိုဝယ်ယူ ရာတွင် အခွန်ပေးဆောင်မှုမလိုသောငွေများလည်းဖြစ်သည်။
နောက်တစ်မျိုးကစားနည်းလည်း၇ှိသည်။ ငွေမည်းများကိုလောင်းကစားတစ်ခုပေါ်တွင်ပုံအောလိုက်ခြင်း
ဖြစ်သည်။ နိုင်လျှင် ရရှိလာသောငွေများသည် ငွေဖြူဖြစ်သွားသည်။
ရှုံးတော့လည်း ခပ်မဆိတ်ငြိမ်ငြိမ်လေးနေ လိုက်ရုံဖြစ်သည်။
ငွေမည်းကိုအရဲစွန့်ပြီး ငွေဖြူအဖြစ်လျှော်ဖွပ်လိုက်ခြင်းဖြစ်သည်။ လောင်းကစားဆိုသည်မှာ လည်း တရားဝင်ဖွင့်ခွင့်ရမည်ဆိုလျှင် ငွေမည်းကိုငွေဖြူဖြစ်လာအောင်လုပ်ပေးနိုင်သောပင်းမင်းဆိုင်တစ်ခုလည်း ဖြစ်သည်။
မြေကစားခြင်းဖြင့်ငွေမည်းများကို ငွေဖြူဖြစ်လာစေသောနည်းလည်းရှိပါသည်။ လူတစ်ယောက်သည် မြေကွက်များကို အခွန်ရှောင်ပြီးဝယ်ယူထားပြီးမျိုးဖြစ်သည်။ ထိုမြေမျိုးများများပိုင်ဆိုင်သူများနောက်ကွယ်တွင် ထိုမြေကွက်ကာလပေါက်ဈေးအတိုင်း ဓနပိုင်ဆိုင်မျိုးများရှိနေသောကြောင့်လည်း တရားမ၀င်မြေကွက်များကို ပိုင်ဆိုင်ထားမှုနောက်ကွက်တွင်ရှိနေသော ငွေမည်းများအဖြစ်လည်းရှိနေသောသဘောမျိုးလည်းဖြစ်သည်။
ငွေမည်းခ၀ါချနည်းနောက်တစ်မျိုးမှာ Black Salaries နည်းဖြစ်သည်။ ကုမ္ပဏီတစ်ခုအနေဖြင့် ၀န်ထမ်း များကို ကတိက၀တ်များမထား၊ စာချုပ်စာတမ်းများမရှိဘဲခန့်ထားသည်။ ပြီးတော့လစာပေးသည်။ ထိုလစာစါ ရင်းများသည် ကုမ္ပဏီကုန်ကျစရိတ်တွင်ပါဝင်သွားသည်။ လုပ်ငန်းအတွက်လုပ်ဆောင်စရာအလုပ်များလည်းပြီး စီးသွားသည်။ တစ်နည်းအားဖြင့် ကုမ္ပဏီအနေဖြင့် ငွေမည်းများကိုလစာပေးလိုက်ခြင်းဖြင့် အလုပ်နှင့်ငွေမည်း လဲလိုက်သည့်သဘောလည်းရှိသည်။ ငွေမည်းမှငွေဖြူမဖြစ်လာသော်လည်း ငွေမည်းမှအလုပ်တစ်ခုခုတော့ လုပ် ငန်းတွင်ရရှိလိုက်သည့်သဘောတော့ရှိသည်။ အချို့ကလည်း ထိုသို့ခ၀ါချခြင်းမျိုးကို Black Salaries များဟု ခေါ်သလို Dirty Money Salaries ဟုလည်းခေါ်တတ်ကြသည်။
အချို့သောကလည်း tax amnesties နည်းဖြင့်ခ၀ါချတတ်ပါသည်။
အခွန်ကင်းလွတ်ခွင့်ရသည့်နည်း ဖြင့်ရှောင်ခြင်းဖြစ်သည်။
အခွန်ကင်းလွတ်ခွင့်ရသောငွေများသည်
အလိုလိုတရားဝင်ငွေဖြစ်သွားသည်။ တရား ၀င်ငွေဖြစ်လာလျှင်
ငွေဖြူသဘောဆောင်လာသည်။ Tax amnesties အပြည့်အ၀မရသည့်တိုင် ၀င်ငွေခွန်စနစ်
တစ်ရပ်ကိုပြဌါန်းပြီး၊ မည်သည့်အတိုင်းအတာတစ်ခုသောငွေပမာဏရှိခဲ့လျှင် ထိုငွေပမာဏ၏မည်သည့်ရာခိုင် နှုန်းကိုအခွန်ဆောင်စေခြင်းဖြင့်လည်း ငွေမည်းကိုငွေဖြူဖြစ်စေနိုင်ပါသည်။ ထိုသို့သော Tax amnesties မျိုးက တော့ လူတင်ပါလို့၊ နွားကျားကိုက်သည့်အဖြစ်မျိုးဖြစ်သည်။ အစိုးရအာဏာပိုင်ကိုယ်တိုင်က အလိုတူအလိုပါ။ သူ့တို့ငွေများလည်း ငွေဖြူဖြစ်စေ၊ အစိုးရအိတ်ထဲသို့လည်းငွေဝင်ရောက်စေသည့်နည်းလမ်းမျိုးများကိုကျင့်သုံး သည့်သဘောမျိုးလည်းဖြစ်နေပြန်ပါသည်။ နောက်တစ်မျိုးငွေကြေးခ၀ါချမှုတွင် Fictional Loans ဟုခေါ်သော ငွေကြေးကို ချေးငွေတုသဘောမျိုးဖန်တီးပြီး ငွေမည်းကိုငွေဖြူလုပ်လိုက်ခြင်းမျိုးဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှိ ပုဂ္ဂလိကဘဏ်များတွင်အများဆုံးတွေ့ရတတ်သည်။
အချို့သောဘဏ်များသည် စုဆောင်းအပ်နှံငွေများ အလွန်နည်းကြသည်။
စုစုပေါင်းလူဦးရေ၏ (၄%)လောက်သာရှိသော ပုဂ္ဂလိကဘဏ်များသည် အပေါင်ရှိမည်
ဆိုပါက ငွေကိုလုံလောက်သည်အထိထုတ်ချေးနိုင်ကြသည်။ စုဆောင်းငွေမရှိသောထိုဘဏ်များသည် မည်သို့ သောအကြောင်းကြောင့် လိုအပ်သောချေးငွေပမာဏကိုထုတ်ချေးနိုင်ကြသနည်းဟူသောမေးခွန်းလည်းရှိလာ သည်။ ဘဏ်ထောင်သူများ၏ငွေမည်းများသည် ချေးငွေအဖြစ်လှည့်ပြောင်းလိုက်ခြင်းဖြင့်
ငွေမည်းမှငွေဖြူဖြစ် လာပါတော့သည်။ အကယ်လို့များ ထိုငွေကိုအတိုးရော၊အရင်းပါ
ပြန်မဆပ်နိုင်ပါက နိုမ်ဝယ်ယူထားသော မြေ ယာများ၊ အိုးအိမ်များတို့သည်
အဆမတန်သောဈေးဖြင့် ဘဏ်ကိုရောင်းချလိုက်သလိုလည်းဖြစ်သွားသလို၊ ငွေ မည်းဖြင့်လည်း ဈေးနိုမ်သလိုဝယ်ယူပြီးဖြစ်သောကြောင့် နှစ်ဖက်သွားထားလို၊ ဘဏ်အနေဖြင့် ငွေမည်းမှငွေဖြူ ဖြစ်၊ သို့မဟုတ် ငွေမည်းဖြင့် တရားဝင်ပိုင်ဆိုင်ထားသောပုဂ္ဂလိကအရင်းအနှီးဖြစ်သော မြေယာ၊အိုးအိမ်များကို ဈေးနိုမ်ဝယ်ယူလိုက်သလိုလည်းဖြစ်သွားသောကြောင့် သားရွှေအိုးထမ်း ပုဂ္ဂလိကဘဏ်များဖြစ်လာပါတော့ သည်။ တစ်ခုပဲလိုပါသည်။ ဘဏ်ထောင်ခွင့်ရရှိဖို့သာလိုပါသည်။ ဘဏ်ထောင်ခွင့်ဆိုသည်မှာလည်း လူတိုင်း မရနိုင်သောအခွင့်အရေးမျိုးဖြစ်နေပြန်ပါသည်။
ငွေကြေးခ၀ါချခြင်း၏ အဓိကရည်ရွယ်ချက်မှာ တရားမ၀င်ရရှိထားသောငွေများကို
တရားဝင်သုံးခွင့် ရရှိ စေရန်ကြံဆောင်ခြင်းသာဖြစ်သည်။ သို့သော်လည်း
ငွေမည်းများကိုပြောင်ပြောင်တင်းတင်းငွေဖြူဖြစ်အောင်
မလုပ်နိုင်ပါက၊ ထိုငွေများသည် လှောင်ငွေများ hoarding money များဖြင့်
အိမ်ခန်းများတွင်လည်းကောင်း၊ မြေတိုက်များတွင်သော်လည်း၊
ဆာလာအိတ်များဖြင့်ထုတ်ပြီး ကုတင်အောက်များတွင်သော်လည်းစံပယ်နေမည် သာဖြစ်သည်။ ခေတ်မီနည်းအရတော့ အခွန်ပေးစရာမလို၊ သုံးစွဲသောငွေပမာဏပေါ်လိုက်ပြီးဝန်ဆောင်ခသာ ကောက်ယူသည် ဘဏ်များ Tax Haven Banks များတွင် Cridit Cards များဖြင့်လည်း သုံးစွဲကြလာပြန်သည်။
ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေး (AML: Anti-money laundering) သည် ငွေကြေးအဖွဲ့အစည်းများ တွင် မတရားမ၀င်ရရှိလာသည့်ငွေများကိုစိစစ်ခြင်းဖြစ်သည်။ ငွေကြေးသာမက တရားမ၀င်ပိုင်ဆိုင်လာသော ဥစ္စာဓနများလည်းပါဝင်လာသည်။ တရားဝင်ပိုင်ဆိုင်မြှုဖစ်မဖြစ်ကိုလေ့လာဆန်းစစ်ခြင်းဖြစ်သည်။
ငွေကြေးသာ မက အခြားသောဥစ္စာဓနများကိုပါ စိစစ်ခြင်းဆိုသည်မှာလည်း
ငွေမည်းများဖြင့် အခြားသောဥစ္စာဓနများသို့ ပြောင်းလဲထားမှုကြောင့်လည်း
ဖြစ်နိုင်သောကြောင့် ဆန်းစစ်ကြခြင်းသာဖြစ်သည်။
ငွေမည်းများအနေဖြင့် လက်နက်ရောင်းဝယ်မှုများ၊ မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုစသည့်တို့မှ အများ ဆုံးဖြစ်လာတတ်သောငွေကြေးများကြောင့်လည်း ငွေကြေးခ၀ါချမှုကိုများများတိုက်ဖျက်နိုင်လေလေ၊ လက်နက် ရောင်းဝယ်မှုများ၊ မူးယစ်ရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများပပျောက်သွားနိုင်သော နည်းလမ်းတစ်ရပ်လည်းဖြစ် သောကြောင့် ငွေကြေးခ၀ါချမှုကိုတိုက်ဖျက်နိုင်လေလေ၊ တိုင်းပြည်အတွက်အကျိုးရှိလေလေဖြစ်သည်။ ထို အတွက်လည်း ငွေကြေးခ၀ါချမှုများနှင့်သက်ဆိုင်သောအဖွဲ့ Financial Action Task Force (FATF) ကိုအထူး ဖွဲ့စည်းထားသည်။ ယင်းသည်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းလည်းဖြစ်သည်။ ထိုအဖွဲ့အနေဖြင့်စောင့်ကြည့် ပြီး စါရင်းများကိုထုတ်ပြန်ကြေညာလေ့ရှိသည်။ ထိုအဖွဲ့ကြီးအနေဖြင့် ငွေကြေးခ၀ါချမှုအတွက်လိုအပ်မည့် ဥပဒေများ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကိုလုပ်ကိုင်သည်။
ထိုသို့လုပ်ဆောင်မှုများကိုလည်း အမည်တပ်ထားသည် ထိုအမည်ကတော့
လူအတော်များများသိကြသည်။ “Name and Shame” ဖြစ်သည်။
No comments:
Post a Comment