လူတစ်ယောက်ရဲ့ အတ္တဟာ ကာလ၊ ဒေသ၊ ပရောဂ၊ ဥပဓိကိုလိုက်ပြီး လိုအပ်ချက် (Need)၊ လိုအင်ဆန္ဒ (Desire)၊ စိတ်ဓါတ်ခံယူချက် (Attitude)၊ လောကအမြင် (Perceptive)၊ လောကကိုတုံ့ပြန်ပုံ (Respond)၊ စတာတွေအပေါ်မူတည်ပြီး တည်ဆောက်ထားတယ်။ လူတစ်ယောက်ဟာ ဘ၀မှာ ဘာတွေကိုတန်ဖိုးထားလည်း၊ လိုအပ်ချက်ကဘာလည်း၊ ဘယ်လောက်လိုလည်း၊ လောကကိုယ် ဘယ်လိုမြင်လည်း၊ စိတ်ဓါတ်ခံယူချက်ဘယ်လိုရှိလည်း
Self-Knowledge ဆိုတာ လူတစ်ယောက်ရဲ့ ပညာရေးဖြစ်ထွန်းမူ၊ စရိုက်နဲ့ စိတ်ဓါတ်ခံယူချက် တည်ဆောက်မူတွေမှာ အဓိကအကြောင်းတရားဖြစ်တယ်။ ကိုယ့်ဘ၀ရဲ့ အကြောင်းတရားတွေဟာ ဘာတွေလည်း၊ ဘာကြောင့်ဖြစ်ရလည်းဆိုတာ သိနိုင်မြင်ဆင်ခြင်နိုင်စွမ်း
Self-knowledge မြင့်တဲ့သူဟာ အခြားသူတွေကိုနားလည်လက်ခံနိုင
ဒါကြောင့် စာပေ၊ ရုပ်ရှင်၊ ဂီတကိုလိုက်စားတာ အရေးကြီးတယ်။ တစ်ခုခုမှာကြိုက်နှစ်သက်တာ ၀ါသနာပါတာကောင်းတယ်။ စာကောင်းတစ်ပုဒ်ဟာ ကိုယ့်ဘ၀ကိုများစွာ တွန်းအားဖြစ်နေနိုင်သလို၊ ဘ၀နဲ့ပါတ်သက်တဲ့ သင်ခန်းစာတွေလည်းအများကြီးရနို
ရုပ်ရှင်ကားကောင်းတစ်ခုမှာ ဘ၀နဲ့ပါတ်သက်တဲ့ကိုယ်မသိဖူး မမြင်ဖူးတာတွေ သိမြင်ဖူးလာအောင်၊ ကိုယ်မရောက်ဖူးတဲ့ အခြေနေတစ်ခုမှာရောက်ရှိ ခံစားနိုင်လာအောင် သင်ပေးနိုင်စွမ်းရှိတယ်။ Schindlear's List လိုမျိုး၊ The Pianist လိုရုပ်ရှင်မျိုးတွေမှာ လူဖြစ်တည်ရခြင်းနဲ့ပါတ်သက်ပြီး လူအခြင်းခြင်းရက်စက်ပုံနဲ့ လူအခြင်းခြင်းစာနာထောက်ထားပုံ အားပြိုင်မူတွေကို ရင်ထဲအသည်းထဲ လိုက်လိုက်လည်းလည်းဖြစ်အောင်ကို
ကိုယ့်ကိုယ်ကိုသိတဲ့အသိလေး မြင့်မားလာတဲ့အခါ လူဟာဘ၀ကိုပိုပြီး ပျော်ရွှင်လာတယ်။ ယုံကြည်မူနဲ့ လက်ခံနိုင်စွမ်းတွေပိုပြီးမြင
~AMM~
Greenhill
https://www.facebook.com/aungmm27?fref=ts
No comments:
Post a Comment