Tuesday, June 11, 2013

~Personal Defects Vs Self-Knowledge~


အနုတ်သဘောဆောင်အကျင့်စရိုက်များနဲ့ မိမိကိုယ်ကိုသိမြင်နိုင်စေဖို့

လူတစ်ယောက်ခြင်းစီမှာ ကိုယ့်ကိုယ်ကိုကောင်းကျိုးဖြစ်စေတဲ့ အပေါင်းသဘောဆောင် စိတ်ခံစားချက်နဲ့ အပြုအမူတွေရှိသလို၊ အကျိုးကိုပျက်စီးစေတဲ့ အနုတ်သဘောဆောင်တဲ့ စိတ်ခံစားချက်နဲ့ အပြုအမူတွေလည်း ရှိတယ်။ 

ကိုယ့်မှာရှိတဲ့ အနုတ်သဘောဆောင်တဲ့ အပြုအမူနဲ့ ခံစားချက်တွေကို မြင်လာတဲ့အခါ ကိုယ်ဘ၀၊ ကိုယ်နဲ့ လူတွေကြားက ဆက်ဆံရေး သက်ရောက်မူ၊ ကိုယ်ဘာတွေကို ဘာကြောင့်ခံစားနေရတာလည်းဆိုတာ သိမြင်လာတယ်။ ကိုယ့်ကိုယ်ကိုထိမ်းချုပ်နိုင်စွမ်း (Self-Control) ရှိလာတယ်။

ပန်းပုထုရာမှာ မလိုအပ်တဲ့ အပိုင်းအစတွေကို ဖယ်ထုတ်ပြီး လိုလားတဲ့ပုံဖေါ်ယူသလို၊ ဖုံးနေတဲ့အမိုက်တွေဖယ်လိုက်မှ ရေဟာကြည်လင်လာသလို၊ အနုတ်သဘောဆောင်နေတဲ့ စိတ်ခံစားချက်တွေနဲ့၊ အပြုအမူတွေကိုယ့်မှာရှိလား သုံးသပ်ပြီး ဖယ်ထုတ်လိုက်နိုင်ရင် ကိုယ့်ကိုယ်ကို ရှင်းရှင်းလင်းလင်းမြင်လာနိုင်ပြီး၊ ကိုယ့်ဘ၀ကိုကိုယ်ကိုယ်တိုင် လိုရာဦးဆောင်နိုင်မယ်။

ကိုယ့်မှာရှိတတ်တဲ့ အနုတ်သဘောဆောင်နေတဲ့ စိတ်ခံစားချက်တွေ အပြောအဆို၊ အပြုအမူတွေကတော့ -

- လူကြားသူကြားရောက်ရင်၊ လူတွေနဲ့ ဆက်ဆံရင် အရှက်ပိုတာ၊ မလိုအပ်ဘဲအရှက်အကြောက် ကြီးတာတွေ၊ ရှိုးတို့ရှန့်တန့်ဖြစ်တာ၊ တွန့်ဆုတ်တွန့်ဆုတ်နိုင်တာတွေ၊

- ခပ်တည်တည်နေတာ၊ တစ်ယောက်ထဲ ခွဲခြားခွဲခြားလုပ်တတ်တာ၊ မာရေကျောရေ၊ ခက်ထန်တာ

- စိတ်ဆိုးလွယ်၊ စိတ်ဆတ်တာ၊ ခံစားလွယ်တာ၊ ကိုယ့်ကိုစော်ကားတယ်လို့ ချဲ့ ထွင်မြင်တတ်တာ၊

- ပူပန်သောကကြီးလွယ်တာ၊ အဆိုးမြင်တတ်တာ၊ ၀မ်းနည်းလွယ်ပြီး၊ သှုန်မူန်နေတတ်တာ၊

- အကောင်းဆုံး၊ အပြစ်အနာအဆာအမဲ့ဆုံး စံနဲ့အစစအရာရာကို တိုင်းထွာတတ်တဲ့အကျင့်၊ တစ်ခုခုကိုမကျေမနပ်ဖြစ်နေတတ်တဲ့ အကျင့်၊

- မေတ္တာမထားတတ်သလို့ မေတ္တာလည်းမယူတတ်တာတွေ၊

- စိတ်လူပ်ရှားလွယ်ပြီး ဂနာမငြိမ်ဖြစ်နေတတ်တာ၊ စိတ်လိုက်မာန်ပါလုပ်တတ်တာ၊ မယုံသကာင်္ စိတ်ကြီးတာ၊

- အားပေးမူတွေကို အမြဲလိုအပ်နေတာ၊ လိမ်လည်လှည့်ဖျားလိုတာ၊

- အခြားတစ်ပါးသူကို အနှောက်အယှက်ပေးပြီး ကျေနပ်ပျော်ရွင်တတ်တာ၊ ရန်ဖြစ်လွယ်တာ၊ ခေါင်းမာလွန်းတာ၊

- စိတ်အလိုလိုက်လွယ်ပြီး ပြုမူပြောဆိုတတ်တာ၊ အကျင့်ဆိုးတွေကို မပြစ်ပယ်နိုင်တာ၊

- စိတ်ကူးအယဉ်လွန်တတ်တာ၊ စိတ်အာရုံထွေပြားပြီး အာရုံမစိုက်နိုင်တာ၊

- ဂရုစိတ်ခံလိုမူလွန်ကဲတာ၊ သူများအပေါ်စိတ်ခံစားချက်တွေ မှီခိုနေတာ၊

- စကားများလွန်းတာ၊ ရမ်းသမ်းမှန်းသမ်း ထင်မြင်ယူဆတတ်တာ၊ ချဲ့ ကားပြောတတ်တာ၊ ကြွားဝါတတ်တာ၊ အခြားသူကို အာရုံပေးနားမထောင်တတ်တာ၊

- သာမာန်ရိုးရှင်းသော ညွန်ကြားချက်နဲ့ သြတွေ နာမခံတတ်တာ၊ နာမခံလိုတာ၊ ကလန်ကဆန်လုပ်လိုတာ၊

- စိတ်ကူးတည့်ရာလုပ်တတ်တာ၊ စိတ်ရူးထတာ၊

- အသုံးအဖြုးကြီးတာ၊ လက်ဖွာတာ၊

- ကိုယ့်အပြစ်ကိုကိုယ်လက်မခံနိုင်တာ၊ အပြစ်ရှိသလိုလိုအမြဲခံစားနေတတ်တာ၊

- နေ့စဉ်ကြုံနေရတဲ့ သာမာန်အခက်အခဲ အကြပ်အတည်းတွေ ဖြေရှင်းနိုင်စွမ်းမရှိတာ၊ အခက်အခဲတွေဘယ်လို အနိုင်ယူရမလည်း၊ ဘယ်လိုဆို ရှုံးနှိမ့်မယ်ဆိုတာ မသိတာ၊

- အခြားသူတွေကို နားလည်းမူမပေးနိုင်သလို၊ ကိုယ့်ကိုယ်နားလည်လာအောင်လည်းလမ်းမကြောင်းတတ်တာ၊

- အသင်းအပင်းနဲ့ အလုပ်မလုပ်တတ်တာ၊ အခြားသူများနဲ့ သင့်မြတ်အောင်မပေါင်းနိုင်တာ၊

စတာတွေပေါ့။

အဆိုးပယ်ပြီး ဘ၀ခရီးမှာ အကောင်းတွေသယ်သွားနိုင်စေဖို့ အတွေးလေးပွားလိုက်တယ်။

~AMM~
Greenhill

https://www.facebook.com/aungmm27?fref=ts

No comments: