Critical thinking
~ ခရီးသည် ~
Critical thinking ဆိုတဲ့ဝေါဟာရကို ဂျာနယ်တစ်ခုအတွက်၊
အက်ဆေးဆန်ဆန်ရေးတုန်းက မြန်မာလိုတိုက်ရိုက် ဘာသာပြန်ဆိုဖလှယ်ဖို့ရာ
စကားလုံးမရှိလို့၊ ကိုပြောသမျှအကုန်ပါစေချင်တာနဲ့ ကိုနိုင်းဆဆင်ခြင်ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းဆိုပြီး ဘာသာပြန်ဖူးတယ်၊ မိတ်ဆွေတစ်ယောက်ကတော့ ဝေဖန်ပိုင်းခြားနိုင်စွမ်းဆိုပြီး အက်ဆေးရေးဖူးတယ်။
ပြောချင်တာက Critical Thinking ဆိုတာ စကားလေးတစ်ခွန်းနှစ်ခွန်းလောက်နဲ့ ရှင်းပြလို့ရတာမျိုးမဟုတ်ဘူး။ အဲ့ ဆောင်းပါးလေးတစ်ပုဒ်နှစ်ပုဒ်လောက်နဲ့လည်း
နားလည်ချင်မှလည်မယ်။ Critical Thinking ဆိုတာကိုက နားလည်ဖို့ထက်၊
လေ့ကျင်ဖို့လို့ သဘောပေါက်ရမယ်။ Critical Thinking ဘာလည်းမေးနေတာထက်
ဘာကြောင့်လေ့ကျင်ရမှာလည်း၊ ဘယ်လိုလေ့ကျင်ရမှာလည်း၊ အလေ့အကျင့်ရလာရင်
ဘာဖြစ်မလည်း၊ မလေ့ကျင့်ပဲနေရင်ကောဘာဖြစ်မလည်း ဆိုတာသိအောင်လုပ်သင့်တာ။
Critical Thinking ဆိုတာ အသိပညာဥာဏ်တည်ဆောက်ရေးမှာသုံးတဲ့
တွေးခေါ်မူကိရိယာပဲဖြစ်တယ်။ လောကကြီးကိုသိမြင်ပုံ၊ ခွဲခြမ်းစိတ်ဖျာပုံ၊
သုံးသပ်ဝေဖန်ပုံ၊ အဖြစ်အပျက်တရားတွေ လက်ခံပုံ တွေကိုပြုလုပ်ဖို့
ဦးဏှောက်ကို လေ့ကျင့်ပေးတဲ့ အလေ့အကျင့်တစ်မျိုးဖြစ်တယ်။ အယူအဆတွေ၊
သဘောတရားတွေ မှာအမှန်တရားဘယ်လောက် ပါလည်းမပါလည်း သိဖို့တွေးတဲ့နေရာမှာ
အသုံးပြုတယ်။ အယူအဆတွေ၊ သဘောတရားတွေ သုံးသပ်ရာမှာ သုံးတယ်။ အယူအဆတွေ၊
သဘောတရားတွေကို ခွဲခြမ်းစိတ်ဖျာဖို့ရာမှာသုံးတယ်။
အကျိုးအကြောင်းနဲ့ ညီတဲ့သဘောတရားတွေ အယူအဆအသစ်တွေထုတ်ဖေါ်ဖို့ သုံးတယ်။ ကြောင်းကျိုးညီညွတ်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့သုံးတယ်။
လူ့တစ်ယောက်ခြင်းစီကနေ၊ လူအဖွဲ့အစည်းထိဘ၀တွေမှာသဘောတရားတွေ၊ အယူအဆတွေ၊ ဆုံးဖြတ်ချက်တွေဟာ အရေးပါဆုံးအောကာင်းတရားတွေဖြစ်တယ်ဆိုတာ
သဘောမပေါက်သေးသရွှေ့တော့ ပညာတတ်လို့ဆိုဖို့ခက်တယ်။
အဲ့တာတွေသဘောမပေါက်ရင် Critical Thinking ပါလို့ချပြတောင်
အရေးကြီးမှန်းသိနိုင်မှာမဟုတ်ဘူး။
Critical Thinking နဲ့ Logic ကိုတစ်ခြားစီလို့ထင်နေတဲ့ တတ်ယောင်ကားလူပြိန်းတွေ ခဏခဏတွေ့ရတယ်။
Critical Thinking ဆိုတာ ယုတ္တိဗေဒ (Logic) ရဲ့ သဘောတရားနဲ့ စည်းမျဉ်းတွေကို သုံးပြီးစဉ်းစားတွေးခေါ်ပုံပါ။ ကိုယ့်မှာလည်းတွေးခေါ်နိုင်ဖို့ အဓိကအရင်းနှီး ဦးဏှောက်ရှိရဲ့ နဲ့ တွေးခေါ်တတ်အောင် အားမထုတ်ရင်၊ ဒီနေ့ခေတ်ကြီးလို အယူအဆတွေ၊ သဘောတရားတွေလွမ်းမိုးလွန်းလှတဲ့ အချိန်မှာ သူများအတွေးအခေါ်နဲ့၊ အယူအဆတွေကိုကျွန်ခံနေရမှာပဲ။
https://www.facebook.com/aungmm27?ref=tn_tnmn
No comments:
Post a Comment