Friday, April 26, 2013

ယဉ်ကျေးမှုနဲ့ ဘာသာစကား



ယဉ်ကျေးမှုနဲ့ ဘာသာစကားဟာ ခွဲမရနိုင်လောက်အောင်ကို စပ်ယှက်နေတယ်။ ဘာသာစကားတစ်ခုမှာ သူကိုယ်စားပြုထားတဲ့ ယဉ်ကျေးမှုရဲ့ အဓိပ္ဗါယ်တွေ၊ တန်ဖိုးတွေကို တွေ့ရတယ်။ မြန်မာဘာသာစကားမှာ မြန်မာလူမျိုးတို့ရဲ့ ခံယူချက်တွေနဲ့ ဗုဒ္ဓဘာသာရဲ့ သဘောတရားတွေ၊ နိုငံရေးခံယူချက်တွေ၊ ဘ၀ခံယူချက်တွေ၊ စာပေအသိပညာကို ထားတဲ့တန်ဖိုးတွေကို အလွယ်တစ်ကုသိမြင်နိုင်တယ်။

မြန်မာဘာသာစကားမှာသုံးတဲ့ နာမ်စားတွေကိုကြည့်ရင်၊ မြန်မာလူမျိုးတို့ရဲ့ အထက်အောက်ယဉ်ကျေးမူကို တွေ့ရသလို၊ ယဉ်ကျေးမူအရ အထက်အောက်ခွဲခြားဆက်ဆံမူတွေပါရောနှောနေတာတွေ့ရတယ်။ ဆိုလိုတာ ကျွန်တော်၊ ကျွန်မ၊ သား၊ သမီး၊ တပြည့်တော်၊ တပြည့်တော်မစတဲ့ နာမ်စားတွေဟာ မြန်မာ့လူ့အဖွဲ့စည်းမှာ လူမူ့ရေးအဆင့်တစ်ခုအောက်ကလူတွေ သုံးရမယ့်အသုံးနုန်းဖြစ်တယ်။ အဲ့ဒီနာမ်စားတွေသုံးနေရသူတွေဟာ၊ သူတို့ယုံကြည်တဲ့ အမှန်ကိုထုတ်ပြဖို့ထက်၊ သူတို့ထက်ဝါစဉ်ကြီးတွေယုံကြည်တဲ့ အမှန်ကိုလက်ခံရတယ်၊ သူတို့ခံစားချက်တွေကိုပြတာထက်၊ ၀ါစဉ်ကြီးတွေရဲ့ ခံစားချက်တွေကို ဂရုတစိုက်ကြည့်နေရတယ်။ သူတို့အဲ့လိုမလုပ်ရင်လည်း လူ့အဖွဲ့အစည်းကလက်မခံလိုဘူး။ ဘာသာစကားအသုံးနုန်းအရ အထက်အောက်ဆက်ဆံရေးကြောင့် မိသားစုဘ၀တွေ၊ လုပ်ငန်းတွေနဲ့ အခြားလူ့အဖွဲ့စည်းပုံစံတွေမှာ ရိုသေလေးစားမူဆိုတာ မြန်မာတွေနေ့စဉ်ရုန်းကန်နေရတဲ့ ကိစ္စဖြစ်တယ်။

ဘာသာစကားဟာ ယဉ်ကျေးမှုကိုပုံစံပြောင်းတာလည်းရှိသေးတယ်။ မီဒီယာတွေကနေတဆင့် ယဉ်ကျေးမှုတွေ တံခါးမရှိ၊ ဓါးမရှိကူးလူးနေတဲ့ ဒီဖက်ခေတ်ကြီးမှာ ဒီကိစ္စကပိုသိသာတယ်။

ဘာသာစကားတွေဟာ လူတွေအတွက် လောကကြီးကို သိမြင်ဖို့ရာအသုံးပြုတဲ့ အရေးကြီးဆုံးအရာပဲဖြစ်တယ်။ ဒါကြောင့်ပဲ ဗုဒ္ဓဘာသာလွမ်းမိုးတဲ့ မြန်မာဘာသာစကားပြောတဲ့ သူတွေဟာ လောကကြီးကို တရားသဘောနဲ့ နိုင်းဆမြင်တာကို သိသာထင်ရှားစွာတွေ့ရတယ်။

Credit to မင်းခက်ရဲ.
REF: Cognition and Culture, Essay, Deanna Messervey and Li-Jun Ji, Queen's Uni, Kingston, Canada. Yukiko Uchida, Uni of Michigan, USA.

No comments: