Friday, April 26, 2013

Critical Thinkers Vs Uncritical Thinkers



~ ခရီးသည် ~

Critical Thinkers Vs Uncritical Thinkers

Critical Thinking နဲ့ပါတ်သက်တာတွေရှာဖတ်တုန်းက စာအုပ်လေးတစ်အုပ်ထဲမှာ
Critical Thinkers တွေနဲ့ Uncritical Thinkers တွေရဲ့စရိုက်တွေရေးထားတာတော်တော်လေး သဘောကျမိတယ်။

တွေးခေါ်မူကိုမြတ်နိုးတဲ့သူတွေအတွက် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့ သိပ်အသုံးဝင်တယ်။
အတွေးခေါ်နဲ့ပါတ်သက်ပြီးကိုယ့်ကိုကိုယ် အထင်ကြီးနေသူတွေလည်း ပြန်သုံးသပ်ချင့်ချိန်ကြည့်လို့ရတယ်။

ပထမဆုံး Uncritical Thinker (ကြောင်းကျိုးဝေဖန်ပိုင်းခြားစွာ မတွေးနိုင်သူ) တွေရဲ့ စရိုက်ကိုဒီလိုပြောထားတယ်။

သူတို့ဟာ တစ်ကယ်သိတာထက် ပိုသိသယောင်ယောင်၊ တတ်ယောင်ကားလုပ်တတ်တယ်။ ကိုယ့်အဆင့်ဘယ်လောက်ပဲရှိလည်း၊ ကိုယ့်အရည်ချင်းဘယ်လောက်ပဲရှိလည်း မသိကြဘူး၊ သူတို့တွေးတာမှန်သမျှ အမှားကင်းတယ်လို့ ထင်ကြတယ်။

First impression လို့ခေါ်တဲ့ အတွေ့အကြုံတွေကနေရလာတဲ့ ကနဦးခံစားချက်တွေနဲ့ပဲ ဆုံးဖြတ်ချက်အလွယ်တစ်ကူချတယ်၊ သတ်မှတ်ချက်ကိုအလွယ်တစ်ကူလုပ်တတ်တယ်၊ အကြောင်းကိစ္စတိုင်းမှာ ကနဦးခံစားချက်ကို ဗဟိုပြုတုံ့ပြန်တတ်တယ်။

ပြဿနာတွေနဲ့ ကိစ္စတွေမှာသက်သေအထောက်အထား ဘယ်လောက်များနေပါစေ၊ ဂရုစိုက်ထည့်သွင်းစဉ်းစားလေ့မရှိတတ်ကြဘူး။ အတွေ့အကြုံတွေကနေ ရလာတဲ့ကနဦးစခံစားချက်အမြင်ကိုပဲ စွဲကိုင်တတ်တယ်။ တစ်ဖက်သတ်သူ့အယူအဆတွေနဲ့ပဲ တွေးတတ်တဲ့အတွက်၊ သူများအယူအဆနဲ့ အမြင်ကို အလေးနက်မထားဘူး။

ဆွေးနွေးငြင်းခုံကြလို့ သဘောထားမတိုက်ဆိုင်တာလေး တွေ့ရင်ကို အမှန်အမှား၊ အကြောင်းဟုတ်မဟုတ် စဉ်းစားတာထက်၊ ဘယ်လို ခံငြင်းလိုက်ရမလည်းဆိုတာကစတွေးတယ်။
ခံစားချက်နောက်ကိုလိုက်ပြီး စိတ်လိုက်မာန်ပါလုပ်တတ်ကြတယ်။

Critical Thinker လို့သတ်မှတ်လို့ရတဲ့ အကြောင်းအကျိုးဝေဖန်ပိုင်းခြားနိုင်သူတွေ၊ အမှန်ကိုမြင်နိုင်စွမ်းရှိသူတွေကျတော့ ....

ကိုယ့်ကိုကိုယ်မလိမ်ဘူး၊ ကိုယ်မသိရင်မသိတာ၊ ကိုယ့်အရည်ချင်းဘယ်လောက်ပဲရှိတာတွေကို ရိုးရိုးသားသားလက်ခံတယ်။ မှားသွားရင်၊ တစ်ခုခုလွန်ကျူးသွားရင် ချက်ချင်းသိတတ်ကြတယ်။ မတရားသတိ၊ မှားသတိ ကောင်းတယ်။

ပြဿနာတွေ ကိစ္စရပ်တွေမှာ ကိုယ့်အကြိုက်မလိုက်တတ်ဘူး။ အချက်လက်တွေ၊ သက်သေသာဓကတွေ အပေါ်အခြေခံပြီးမှ ဆုံးဖြတ်ဖြေရှင်း၊ ပြောဆိုတတ်ကြတယ်။ လုံလောက်တဲ့ အထောက်အထားမရှိပဲ၊ ကောက်ချက်ချတာမျိုး၊ ထင်ရာဇွတ်ပြောတာမျိုးတွေ မလုပ်တတ်ကြဘူး။ သူတို့အယူအဆ မှားယွင်းကြောင်း အထောက်အထားနဲ့ ပြတာနဲ့ ချက်ချင်းလက်ခံကြတယ်၊ လက်ခံလိုတယ်၊ လက်ခံလွယ်တယ်။

တစ်ဖက်သားရဲ့ အယူအဆအမြင်တွေကို အမြဲတမ်းအလေးနက်ထား ဆင်ခြင်တယ်။ သူတစ်ပါးရဲ့ အယူအဆ၊ ကိုယ့်နဲ့ အယူအဆခြင်းမတူနေတဲ့ သူတွေရဲ့ အယူအဆကိုတောင် လှိုက်လှိုက်လှဲလှဲနားထောင်တတ်ကြတယ်၊ နားထောင်ချင်ကြတယ်။ ထိမ်းထိမ်းချုပ်ချုပ်ရှိကြတယ်။ ခံစားချက်နောက်လိုက်နေတာထက်၊ ခံစားချက်ကို ထိမ်းသိမ်းတတ်တယ်။ မတွေးပဲ ဘာမှမလုပ်ဘူး။

https://www.facebook.com/aungmm27/posts/4600983311568

No comments: