Friday, December 21, 2012

ဘင်္ဂလီ ကဗျာဆရာကြီး ရာဘန္ဒြာနတ်(သ်)တဂိုး ရဲ့ လှပတဲ့ သီချင်းသည်

Aung Kyaw Moe
ဘင်္ဂလီ ကဗျာဆရာကြီး ရာဘန္ဒြာနတ်(သ်)တဂိုး ရဲ့ လှပတဲ့ သီချင်းသည် ဆိုတဲ့ ကဗျာ လေး ကို ခံစားကြည့် ပါ။

သာမန်အားဖြင့်တော့ အချစ် ကဗျာလေး လို ပါပဲ။ ဒါပေမဲ့ ချစ်သူ ဆိုတာ ကို ဘ၀ရဲ့ နက်ရှိုင်းတဲ့ လျှို့ဝှက်ချက် တစ်ခု ဒါမှမဟုတ် အစဉ် ပုန်းကွယ်နေတဲ့ ထာဝရ အရှင် ဒါမှမဟုတ် ဓမ္မနိယာမ တရား လို ရူပက အင်္လကာ နဲ့ ခံစား နိုင် ပါတယ်။ ကဗျာလေး ရဲ့ ပဓါန Theme ကတော့ ဘ၀ ဆို တာ ပြည့်ပြည့်၀၀ နေ ဖို့ ပဲ ဖြစ်တယ် လို့ ခံစားမိ ပါတယ်။

=========================================
သီချင်းသည်
---------------------
သခင့် သီချင်းသည်အဖြစ်
အမှုထမ်းဖို့ တာဝန်
အကျွန့်ပုခုံးပေါ် ကျလာခဲ့ပြီ ။

အကျွန့်သီချင်းတွေထဲ
သခင့် နွေဦးပန်းပွင့်တွေအကြောင်း
......................... ထည့်ဆိုခဲ့

သခင့် သစ်ရွက်ခက်သံတွေမှာ
တေးသွားရှာခဲ့တယ် ။

သခင့် ညဥ့်ရဲ့ ရှက်ရွံမှုနဲ့
သခင့် မနက်ခင်းရဲ့ ငြိမ်းချမ်းမှုမှာ
အကျွန့် တေးဆိုခဲ့တယ် ။
နွေ မိုးဦးရေစက်တွေရဲ့
ပီတိ အဟုန်က
အကျွန့်သံစဉ်တွေနဲ့
ဆောင်းဦးပေါက် ရင့်မှည့်ကောက်နှံတွေရဲ့
ယိမ်းနွဲ့ လှိုင်းအိတွေကြား
ဖြက်သန်းသွားခဲ့တယ် ။

သခင်ရယ်.....
အကျွန့်နှလုံးသည်းပွတ်ကို ခွဲပြီး
အကျွန့်အိမ်ထဲ သခင်ဝင်အလာမှာ
အကျွန့် သီချင်းသံ စဲမသွားပါရစေနဲ့ ။

တေးသံ စဲရမယ့် အစား
........သခင့်ကို
ခရီးဦးကြိုတဲ့ အနေနဲ့
ပေါက်ကွဲ သီဆိုခွင့်သာ ရချင်စမ်းပါရဲ့ ။ ။

(ရာဘင်ဒြာနာသ် တဂိုး)

No comments: