Friday, December 21, 2012

Dream Yoga (ဆွာပနယောဂ)

Aung Kyaw Moe
Dream Yoga (ဆွာပနယောဂ)
====================
တိဗက်ဗုဒ္ဓဘာသာ မှာ အိပ်မက်ယောဂ ကျင့်စဉ် ဆို တာ ရှိတယ်။ ဆွာပနယောဂ လို့ ခေါ်လေမလား။

အဓိက ဦးတည်ချက် က တော့ အိပ်မက် မက် နေစဉ်မှာ တောင် သတိပဋ္ဌာန် နဲ့ နေဖို့ ပါပဲ။ ကျင့်စဉ် က ရိုးစင်းသလောက် နက်နဲ ပါတယ်။ သာမန်လူတွေ ဟာ နိုးစိတ် က နေ အိပ်ပျော်တဲ့ အခါ မသိစိတ် ကမ္ဘာ ထဲ ကို ရောက်သွားကြတယ်..။ အိပ်မက်တွေ မက် ကြတယ်။ မက်နေ စဉ်မှာ တော့ ချစ် မုန်း ပြုံးပျော် ရသစုံလင် ခံစားကြ တယ်။ အချို့ ကို လဲ မေ့သွားတယ်။ အချို့ ကို နိုးလာ တဲ့ အခါ သတိ ရ ပါတယ်။

အိပ်မက်ယောဂ ကျင့်စဉ် ကတော့ သမာဓိထူထောင် ပြီးတော့ မသိစိတ် လောက ထဲ ကို သတိ အသိ အပြည့် နေ ၀င်ရောက်ခြင်း ပါပဲ။ Lucid Dreaming လို့ လဲ ဆို ကြတယ်။ သိသိကြီးနဲ့ အိပ်မက် လောက ထဲ ရောက် သွားတဲ့ အခါ ဆန်းကြယ်သော မှော် ကမ္ဘာကြီး ကို တွေ့ ရ မယ်။ ဒီလောက ကို ဘာဒိုလောက လို့ လဲ တိဗက်ဗုဒ္ဓဘာသာ မှာ ခေါ် ပါတယ်။ သေခြင်း တံခါး တစ်ဖက် မှာ လဲ ဘာဒို ကို ဖြတ် ရ တယ် ဆို ပါတယ်။

တွေ့ကြုံ ရသမျှတွေ ဟာ အစစ်အမှန် မဟုတ်ပဲ စိတ်ဖန်ရုပ်သွင် တွေ သာ ဖြစ်ကြောင်း လေ့လာ ဆာ်းပူး ဖို့ ပါပဲ။ နာမည်ကျော် Matrix Trilogy ရုပ်ရှင် နဲ့ တောင် တူ နေ သေးရဲ့။ ဒီလို နဲ့ နိုးလာ တဲ့ အခါ နေ့စဉ်ဘ၀ လော က ဟာလဲ အိပ်မက် လော က လို ပဲ မထူး လှ ဘူး ဆို တာ သိ လာ မယ်။ ဒါလဲ အခြာ ဘာဒို တစ်ခု ပဲ ဆို တာ မြင် လာ မယ်။

အိပ်မက်ယောဂ ကျင့်စဉ် ရဲ့ ပန်းတိုင် ကတော့ အရှိယောင် လောက ရဲ့ သုညတာ ကို မြင်ဖို့ ပါပဲ အစွဲတွေ ကင်းလာ ပါးလာ ဖို့ ပါပဲ။ အိပ်ခြင်း နဲ့ နိုးခြင်း ကို တစ်ဆက်တည်း လုပ် နိုင်ရင် သေခြင်း နဲ့ ရှင်ခြင်း ကို လဲတစ်ဆက်တည်း လုပ်နိုင်ပြီပေါ့။

အိပ်မက်ယောဂ ကျင့်စဉ် ကို အောင် မြင် သူ အတွက် ဘ၀ထိုထို ဟာ လောကကမ်းပါးမှ မြင်ရတဲ့ ပန်းစကြာ အရိပ်တွေ သဖွယ် သာ ပါပဲ။ သူ က ဘယ်တော့ မှ မအိပ်တော့ တဲ့ ထာဝရနိုးကြားစိတ် ကို ရောက်ရှိ သွား သူ ဖြစ် ပါတော့ တယ်။

အိပ်မက်ယောဂ ကျင့်စဉ် နဲ့ ပတ် သက် လို့ The Tibetan Yogas Of Dream And Sleep [Paperback] By Tenzin Wangyal Rinpoche (Author), Mark Dahlby (Editor) ကို ညွှန်းချင် ပါတယ်။

No comments: