Tuesday, October 23, 2012

gmail အကောင့်ဖွင့်နည်း နှင့် lock ကျသူများအတွက်




ကျွန်တော် ဒီတစ်ခါတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Gmail Account အသစ်တွေ ဖွင့်လို့ မရဘူးဆိုလို့ နည်းလမ်းလေးတွေ ကို ကျွန်တော် အချိန်နဲ့ အမျှကြိုးစားပြီး လိုက်ရှာကြည့်ပါတယ်။လေ့လာတဲ့ အတိုင်းလေးလဲ တွေ့ဖြစ်အောင်ကို တွေ့ခဲ့ရပါတယ်။အဲ့ဒီ အတွက် ကျွန်တော် အရမ်းပျော်မိပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်လဲ တစ်ခါတုန်းက သူငယ်ချင်းတွေလိုပဲ အခက်အခဲတွေ များစွာနဲ့ ကြုံတွေ ခဲ့ရပါတယ်။အဲ့ဒါ ကြောင့် ကိုယ်ချင်းလဲ စာမိပါတယ်ဗျာ။ကျွန်တော့ တုန်းကဆို ကျွန်တော်သုံးနေတဲ့Account လေးက Lock ကျသွားတာဘယ်လိုမှ လုပ်လို့ မရပါဘူး။အဲ့တော့ နိုင်ငံခြားက သူငယ်ချင်းတွေကို အကူအညီတောင်းရပါတယ်။သူငယ်ချင်းကလဲ ကျွန်တော့ ကိုကူညီပေးရှာပါတယ်။အဲ့ဒီ အတွက်လဲ ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောပါရစေဗျာ။ကျွန်တော် ပြောတဲ့ ဒီနည်းလေးကတော့ သူငယ်ချင်းတွေ အတွက်Gmail Account သစ်တွေလဲ ဖွင့်လို့ရတယ်။ပြီးတော့ Gmail Account Lock ကျသွားလို့ ဘယ်လိုမှ ပြန်လုပ်လို့ မရတဲ့ သူတွေ အတွက်ကော ကျွန်တော်ရှာထားတဲ့ ဒီနည်းလေးက အရမ်းအဆင်ပြေပါတယ်ဗျာ။အသုံးတည့်ကြလိမ့်မယ်လို့လဲ ကျွန်တော်မျှော်လင့်မိပါတယ်ဗျာ။ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ တကွ အဆင့်ဆင့် ပြပေးထားပါတယ်ဗျာ။ကျွန်တော်တို့Gmail Account ဖွင့်ပြီးသွားရင် နောက်ဆုံးမှာ ဖုန်းနံပါတ်နဲ့ Verify Code ကို တောင်းတောင်းနေကြလို့ သူငယ်ချင်းတွေ အားလုံးစိတ်ညစ်နေကြတယ် မဟုတ်လား။ပြီးတော့ အဲ့ဒီ ဖုန်းက နိုင်ငံခြားက ဖုန်းနံပါတ်ထည့်ပြီး သုံးမှ အဆင်ပြေကြတယ်လို့ ထင်ကြမှာပါ။အဲ့ဆို မှားသွားပါလိမ့်မယ်။ပြီးတော့ ကိုယ့်နိုင်ငံကို အထင်သေးရာ ကျသွားမှာပေါ့။ကျွန်တော်တို့ မြန်မာနိုင်ငံက ဖုန်းနံပါတ်လဲ အသုံးပြုလို့ရပါတယ်။မသုံးတက်လို့ မလေ့လာလို့သာ မသိပဲ ကိုယ့်နိုင်ငံက အသုံးမကျဘူးလို့ ထင်မိကျမှာပါဗျာ။ကျွန်တော် ကတော့ ပေရှည်နေမိပြီဗျာ။စိတ်မဆိုးပါနဲ့နော်.။ကျွန်တော်က သူငယ်ချင်းတွေ နားလည်အာင် ရှင်းပြပေးတဲ့ အနေနဲ့ပါ။ကဲ....စကြတာပေါ့ဗျာ။ကျွန်တော်တို့  Gmail Account သစ်ဖွင့်ပြီး နောက်ဆုံး အဆင့်ရောက်ရင် အောက်ကပုံလေး အတိုင်းတွေ့မြင်ရမှာ ဖြစ်ပါတယ်ဗျာ။အဲ့ဒီလို ပုံလေးကGmail Account Lock ကျလို့ ဘယ်လိုမှ လုပ်လို့မရတော့အခါဆိုရင်လဲ မြင်ရမှာဖြစ်ပါတယ်။ နိုင်ငံခြားက ဖုန်းနံပါတ်ကို ထည့်ပေးရမယ်လို့ ကျွန်တော်တို့တွေက ထင်နေကြပါလိမ့်မယ်။အဲ့လိုလဲ အဆင်ပြေပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံ အတွင်းက လူတွေဆိုရင်လဲ အထူးအဆင်ပြေပါတယ်။လုပ်နည်းလေးကတော့ လွယ်ပါတယ်ဗျာ။

မိမိတို့ရဲ့ GSM / CDMA ဖုန်းများရဲ့ နံပါတ်ကို Phone Number ဆိုတဲ့ နေရာမှာ ရိုက်ထည့်ရမှာပါ။မရိုက်ထည့်ခင် တစ်ခု သတိထားရမှာက Voice Call ဆိုတဲ့နေရာလေးမှာMark(အမှတ်) လေးအရင်ဦးဆုံးပေးလိုက်ပါ။ပြီး
ရင် ကျွန်တော်တို့ မြန်မာနိုင်ငံက ဖုန်းအများစုက ``09´´ နဲ့စတယ်ဆိုတာတော့ သူငယ်ချင်းတွေ အားလုံးသိကြမှာပါ။ဥပမာ - 09 1234567 ဆိုကျပါတော့ အရှေ့ဆုံးက ``0´´ ဆိုတဲ့နေရာမှာ ကျွန်တော်တို့က ``+´´ ဆိုပြီးပြောင်းလဲ ပေးရမှာ ဖြစ်ပါတယ်။ကျွန်တော် သူများဖုန်းနံပါတ်ကို ယူသုံးထားတဲ့ အတွက် ဖုန်းနံပါတ်များ တူညီမှုများရှိနေခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့ တောင်းဆိုပါရစေဗျာ။နောက်ကတော့ မိမိရဲ့ ဖုန်းနံပါတ် အပြည့်အစုံကို ရေးပေးရမှာ ဖြစ်ပါတယ်ဗျာ။ပြီးရင်တော့ ``Call my phone with verification code´´ ကို Click လိုက်ပါ။အောက်က ပုံလေး အတိုင်းဆက်လက်တွေ့ ရှိမှာ ဖြစ်ပါတယ်ဗျာ။

အပေါ်က အတိုင်းလုပ်လို့ ပြီးသွားပါက မိမိ ဖုန်းကို ဖွင့်ထားပါ။ခဏ စောင့်နေပေးပါ။ဒါဆိုရင် Google ကနေ မိမိ ဖုန်းကို Voice Call Massage တစ်ခု ၀င်လာမှာ ဖြစ်ပါတယ်။အဲ့ဒီ အခါကျရင် မိမိ ဖုန်းကို ကိုင်လိုက်ပါ။အင်္ဂလိပ်လို Massage တစ်ခု ၀င်လာမှာ ဖြစ်ပါတယ်။အဲ့ဒီ အခါ မိမိအနေနဲ့ သူပြောတာတွေကို သေချာ မှတ်သားရမှာ ဖြစ်ပါတယ်။လွယ်လွယ်လေးပါပဲ။အင်္ဂ
လိပ်လို ပြောနေတဲ့ ကြားက သချာင်္ဂဏန်း တွေ ပြောလာပါလိမ့်မယ်။အဲ့ဒီ အခါ အဲ့ဒီ သချာင်္ဂဏန်း နံပါတ်လေးတွေကို စာရွှက်လေးနဲ့ ဖြစ်ဖြစ် မှတ်ပြီး အပေါ်က ပုံလေးမှာ ပြထားတဲ့ အတိုင်း ``Verification Code´´ ဆိုတဲ့ နေရာမှာ ခုန ကျွန်တော်တို့တွေ မှတ်ထားတဲ့ Code လေးကို ရိုက်ထည့်ပြီးတာနဲ့ ``Verify´´ဆိုတာလေးကို Click လိုက်ပါ။ဒါဆို ရင် ကျွန်တော် တို့တွေ လုပ်ရမဲ့ အဆင့်တွေ အားလုံးပြီးဆုံးသွားလို့ အောင်မြင်တဲ့ ပန်းတိုင် ကို ရောက်သွားပါပြီဗျာ။အောက်က ပုံလေး အတိုင်း သူငယ်ချင်းတွေ ရဲ့ မျက်နှာလေးမှာ ပျော်ရွှင်မှုများစွာနဲ့ ပြည့်စုံနေတဲ့ မျက်နှာလေးကို ကျွန်တော် မြင်ယောင်နေမိပါတယ်ဗျာ။

ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။သူငယ်ချင်းေ
တွ အားလုံး အတွက် အကျိုးရှိခဲ့မယ်ဆိုရင် ကျွန်တော် အချိန်ကုန်ခံပြီး လေ့လာရကျိုး ပင်ပန်းခံရကျိုးနပ်ပါတယ်ဗျာ။သတင်းစာတွေ ထဲမှာလို့ Gmail Account သစ်တစ်ခုကို ပိုက်ဆံပေးပြီး ၀ယ်ယူစရာမလိုပဲ မိမိဘာသာ အသုံးပြုလို့ရမှာဖြစ်ပါတယ်ဗျာ။ကျွန်တော် Post လေးကို လွတ်လပ်စွာ ကူးယူ ဖော်ပြခွင့်ရှိပါတယ်ဗျာ။ဒါမဲ့ Post ပိုင်ရှင် နာမည်လေးတော့ ထည့်ပေးကြပါလို့ တော့ တောင်းဆိုပါရစေလားဗျာ။ အိုင်တီဘဏ်မှ ကူးယူဖော်ပြသည်။

1 comment:

Ngaluu said...

တကယ် အသုံးဝင်ပါတယ်...ကျွန်တော်စမ်းကြည့်ပြီးပါပြီ..။ဒါပေမဲ့ နှစ်ခုဆက်တိုက်ဖွင့်ပြီး...သုံးခုမြောက်မှာ...Sorry, we cannot serve your request for a new account at this moment. ဆိုတာပေါ်နေပါတယ်.....ကျေးဇူး..သယ်ရင်း...