ဒီမိုကရေစီနဲ့ ဗုဒ္ဓ၀ါဒီ
ဘိက္ခုဓမ္မပိယ (ယူအက်စ်အေ)၊ အောက်တိုဘာ ၁၄၊ ၂၀၁၁
ဒီရက်ပိုင်းအတွင်း မြန်မာလူမျိုးတွေရဲ့ကြားမှာ ရေးပန်းစားနေတဲ့
သတင်းတစ်ခု။ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေးနဲ့စပ်
ပါ။ ဟိုနေရာမှာလဲ ဒီသတင်း၊ ဒီနေရမှာလဲ ဒီသတင်း။ သတင်းကို
အနှစ်ချုပ်ပြောရရင်တော့ “ဒီမိုကရေစီနိုင်ငံတော်’’ သို့ အသွင်ကူးပြောင်း
ရေးနဲ့စပ်တဲ့သတင်းစကားတွေပါ။ လူပြောသူပြောများလာတဲ့သတင်းဆိုေ
(ဟိုအရင်အခါများက ဒီမိုကရေစီစကားပြောရင် ဆန့်ကျင်
ရေးစကားလို့အထင်ရောက်နေကြပြီး ကြောက်ရှောင် ရှောင်နေကြတဲ့)
အမျိုးသမီးတွေလဲ စိတ်ဝင်စားလာကြဟန်တူတယ်။ ဒီမိုကရေစီ စကား
စတင်ပြောကြားလာကြတယ်။ စိတ်ဝင်းစားစရာပါ။ လူအများစုဟာ
ဒီမိုကရေစီစကားပြောနေကြပေမဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရက ဘာလဲဆိုတာ မသိသူက
များနေသေးတယ်လို့ ထင်မိတယ်။ တချို့ကလဲ ဗုဒ္ဓဘာသာပီပီ ဒီမိုကရေစီကို
ဘုရားဟောခဲ့သလားလို့ မေးသူ များပင်ရှိလာတယ်။ ဒီတော့ “ဒီမိုကရေစီကို
ဘုရားဟောခဲ့သလား’’ ဆိုတာ အပြန်ပြန်အလှန်လှန် စဉ်စားကြည့်မိတယ်။
ဟုတ်ပါရဲ့။ ဘုရား ဟောစကားတော်တွေထဲမှာ “ဒီမိုကရေစီ’’ ဆိုတဲ့စကား
ပါ/မပါပေါ့။ စဉ်းစားနိုင်ဖို့ပါ။ ဒီမိုကရေစီဆိုတဲ့ အတွေးအခေါ်ကို ဂရိ
(Greek) နိုင်ငံ က စင်ကျူရီ ငါးရာစုနဲ့ လေးရာစုအလယ်ပိုင်းလောက်မှာ
နိုင်ငံရေးပေါ်လီစီတစ်ခုအနေနဲ့ စတင်ခဲ့တာလို့ ပေါ့ပေါ့ပါးပါးသိထားဖို့ပါ။
၁။ ပြည်သူတွေကပဲ ပြည်သူတွေအတွက် အုပ်ချုပ်သူအစိုးရအဖွဲ့ကို
လွတ်လပ်စွာရွေးချယ်တင်မြောက်ပေး
ပြည်သားတွေက တင်မြောက်ထားတဲ့ အစိုးရဖြစ်လို့
နိုင်ငံတွင်းမှာနေကြတဲ့ပြည်သူ၊ ပြည်သားတွေဟာ
လွပ်လပ်စွာပြောထုတ်ဖော်ဆိုခွင့်
ထုတ်ဖေါ်ရေးသားခွင့်တို့ကိုရရြှိ
ပြည်သားတွေကရွေးကောက်တင်မြောက်
ပြည်ထောင်စုဝန်ကြီးတို့၊ ပြည်သူ့လွှတ်တော်အမတ်တို့က နိုင်ငံတော်နှင့်
ပြည်သူ၊ ပြည်သားများအတွက် လူနေမှုစနစ်များ၊ စီးပွားရေးစနစ်များ၊
ပညာရေးစနစ်များ၊ ကျန်းမာရေးစတဲ့စံနစ်များ မြှင့်မားတိုးတက်နိုင်စေရန်
သင့်တော်လျှောက်ပတ်တဲ့ဥပဒေများ
အတိုချုပ်ပြောတော့ ဒီမိုကရေစီအစိုးရဆိုတာ ပြည်သူတွေကို
မျှမျှတတအုပ်ချုပ်နိုင်ရေးအတွ
အစိုးရမျိုးကိုခေါ်တာ။
၂။ ဒီမိုကရေစီဆိုတာ နိုင်ငံရေးစနစ်တစ်ခုဖြစ်ပြီး၊
ပြည်သူနဲ့အစိုးရကြားမှာ နိုင်ငံရေးပါဝါကို အညီအမျှ မျှဝေပြီး
နိုင်ငံတော်ကိုအုပ်ချုပ်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုပါ။
၃။ ဒီမိုကရေးစီးစံနစ်မှာ လူအများပြောဆိုလေ့ ပြောဆိုထရှိတဲ့ စကားသုံးလုံးမှာ …
(၁) လွတ်လပ်စွာပြောဆိုခွင့် (Freedom to speech)
(၂) လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့် (Freedom of press)နဲ့
(၃) လွတ်လပ်စွာ ကိုးကွယ်ခွင့် (င်္Freedom of religion)
ဒီလိုအခွင့်အရေးများကို လူတိုင်းရရှိနိုင်အောင် အစိုးရက
ခွင့်ပြုပေးရတဲ့စနစ်မျိုးလို့ ဆိုရမှာပါ။
ဒီမိုကရေစီဆိုတဲ့စကားဟာ မြန်မာစကားမဟုတ်ပါ။ ဂရိဘာသာစကားမှဆင်းသက်လာတဲ့
ဆင့်ပွားမျိုးဖြစ်တဲ့ ဘာသာစကားပါ။ ရှေးအလွန် ကျတဲ့ ဂရိနိုင်ငံရဲ့
အုပ်ချုပ်ရေးစနစ်မှာ အစအဦးပိုင်းတွင် နေရာခပ်များမှာ မိုနာခီစ်
(Monarchies) ဘုရင်ဧကရာဇ် အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့တယ်။
ထိုမှတဆင့် အိုလီဂါခီစ် (Oligarchies) လူအနည်းစု အုပ်ချုပ်ရေးစနစ်၊
ထိုနောက် တိုင်ရန်နီစ် (Tyrannies) အာဏာရှင် (သို့မဟုတ်) အာဏာရှင်များ
အုပ်ချုပ်ရေးစနစ်၊ ထိုနောက် ဒီမိုကရေစီ (Democracy) ပြည်သူကလွတ်လပ်စွာ
ရွေးချယ်တင်မြောက်ထားတဲ့ ဗဟိုအစိုးရအဖွဲ့က အုပ်ချုပ်တဲ့
အုပ်ချုပ်စနစ်ဆီသို့ အဆင့်ဆင့်ကူးပြောင်းလာတဲ့
နိုင်ငံတစ်နိုင်ငံဖြစ်တယ်။
၎။ ဒီလို ဂရိနိုင်ငံရဲ့အုပ်ချုပ်ရေးစနစ်
ဝေဖန်ထောက်ပြသွားသူကတော့ ပလေတို (Plato) ရဲ့ တပည့်ကြီး များ ထဲမှ
ထင်ရှားလှတဲ့ အရစ်စတိုတယ်လ် (Aristotle) ဖြစ်တယ်။
၅။ ဂရိလူမျိုး ဖီလိုဆိုဖာကြီး ဆိုကရတီးစ် (Socrates) က သူ့ခေတ်၊
သူ့အခါမှာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ဗြောင်ကျကျဝေဖန်ခဲ့ပြီး၊
ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက်၊ အားသာချက်များကိုလဲ
ထုတ်ဖော်ဝေဖန်သွားခဲ့တယ်။ Polotics စာအုပ်ကြီးကို ရေးသွားတဲ့ ဆိုကရ
တီးစ်ရဲ့ထင်ရှားတဲ့ တပည့်ကြီးလဲဖြစ်၊ အကယ်ဒမီ (Academy) လို့ခေါ်တဲ့
တက္ကသိုလ် (University) ကျောင်းတော်ကြီးတစ်ခုကို တည်ထောင်သွားခဲ့တဲ့
ပလေတို (Plato) ကတော့ သူ့ဆရာကြီး ဆိုကရတီးစ်ရဲ့
နိုင်ငံရေးအယူအဆများအတိုင်းသာ ဆက်လက်ကျင့်သုံး ပြောဆိုသွားခဲ့တယ်။
၆။ ဘယ်အုပ်ချုပ်ရေးစနစ်မျိုးမဆို အားနည်းချက်၊ အားသာချက်
မျိုးဆိုတာရှိတတ်စမြဲမို့ “ဒီမိုကရေစီမှ ဒီမိုကရေစီဖြစ်နေတဲ့သူများ’’ သတိ
များလဲ ထားနိုင်ကြဖို့ပါ။ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့
နိုင်ငံရေးစကား များများမပြောတတ်သူမို့ စိတ်ထဲမှာ မှတ်မိနေတဲ့
ဒီမိုကရေစီနဲ့ စပ်တဲ့ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် ဂျဝဟလာ နေးရူး
(Jawaharlal Nehru) ပြောသွားတဲ့ စကားတစ်ခွန်းကိုပဲ လက်ဆင့်ကမ်းပြောပါရစေ။
ဝန်ကြီးချုပ်နေရူးက “ကျွန်ုပ်ကတော့ အုပ်ချုပ်ရေးစံနစ်တွေထဲမှာ
ဒီမိုကရေစီအုပ်ချုပ်ရေးကို အကြိုက်ဆုံးပဲ။ ဘာကြောင့်လဲဆိုရင် အ
ကောင်းများလို့ပါ’’တဲ့။ အုပ်ချုပ်ရေးစနစ်များနဲ့ပတ်သက်၍ ဆင်ခြင်ဖို့နဲ့
စဉ်းစားနိုင်ကြဖို့ပါ။
ဘုရားဟောတရားတော်တွေထဲမှာ “ဒီမိုကရေစီ’’ ဆိုတဲ့စကား ပါ/ မပါဆိုတဲ့စကား
စဉ်းစားပြီးလောက်ရော့ပေါ့။ ဒီမိုကရေစီဆိုတဲ့စကားဟာ မြန်မာစကားမဟုတ်သလို
ပါဠိစကားလဲမဟုတ်ပါ။ ဂရိဘာသာစကားမှ ဆင်းသက်လာတဲ့စကား။ ဒီမိုကရေစီဆိုတဲ့
နိုင်ငံရေးဝေါဟာရ စကားအသုံးအနှုန်းဖြစ်ပေမဲ့၊ အဲဒီစကားရဲ့အနှစ်သာရက
နိုင်ငံကိုအုပ်ချုပ်သူများနှင့
လူဘောင်ကိုတည်ဆောက်နိုင်ရန် ကိုယ်ကျင့်သိက္ခာ (Ethics) မြင့်မားရေးနဲ့
လူသားတစ်ယောက်၌ရှိသင့်တဲ့ စာနာစိတ်နဲ့ ကိုယ်ချင်းစာ စိတ်များ
(Humanitarian attitudes) ဖွင့်ဖြိုးရေးတို့ကို စုပေါင်းဆောင်ရွက်တဲ့
အုပ်ချုပ်ရေးစနစ်တခုလို့ဆိုရမှာ
နိုင်ငံတော်အစိုးရက ဥပဒေများကိုရေးဆွဲပြီး ပြည်သူများကို
ကာကွယ်ပေးတဲ့အုပ်ချုပ်ရေးစနစ်
ပါဝင်တဲ့စံနှုန်းတွေက “လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ
ပုံနှိပ်ထုတ်ဝေခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်” များအပြင် လွတ် လပ်စွာ
ရွေးချယ်တင်မြှောက်နိုင်ခွင့်
အုပ်ချုပ်နိုင်ရေး၊ အကြမ်းမဖက်ရေး၊ လူအချင်းချင်း ခွဲခြားဆက်ဆံမှုမျိုး
ကိုတာဆီးရေး၊ လူ့အခွင့်အရေးများ၊ နိုင်ငံတော်ရဲ့အခွင့်အရေးများ
တန်းတူရည်တူရရှိနိုင်ရေး၊ လုံခြုံတဲ့ဘ၀မျိုးနဲ့နေနိုင်ေ
တွေ ပါဝင်တယ်။
မြန်မာလူမျိုးများ ဒီလိုအခွင့်အရေးတွေကို အသက်အသွေးတွေပေးပြီး
တောင်းဆိုနေရခြင်းဟာ (သို့မဟုတ်) တောင်းဆိုရတဲ့အလုပ်တွေကို
လုပ်နေရခြင်းဟာ အုပ်ချုပ်သူလူတန်းစားများနဲ့
အုပ်ချုပ်ခံလူတန်းစားတို့ရဲ့သဏ္ဍာ
ဗြဟ္မစိုရ်တရားတွေ ဆိတ်သုဉ်းသွားခဲ့ကြတဲ့အတွက်ကြော
ကျင့်ရမယ့် မင်းကျင့်တရား (၁၀) ပါးကို မကျင့်ခဲ့ကြလို့ဖြစ်ရတာပါ။
နိုင်ငံတော်ရဲ့လမ်းစဉ်ကို ကျင့်သုံးရာ၌ ဒီမိုကရေစီပဲပြောပြော၊
ဆိုရှယ်လစ်ပဲပြောပြော၊ ကွန်မြူနစ်ပဲပြော၊ ဘယ်လမ်းစဉ်ပဲလိုက်လိုက်
လမ်းစဉ်က အဓိကမဟုတ်ပါ။ အမည်နာမကအဓိကမဟုတ်ပါ။ ခေါင်းစဉ်က အဓိကမဟုတ်ပါ။
စစ်မှန်တဲ့ ကိုယ်ကျင့်သိက္ခာနဲ့ ဖြူစင်တဲ့ ဗြဟ္မစိုရ်တရားများကို
ကျင့်သုံးပြခြင်း ကသာ အဓိကပါ။ ဒီမိုကရေစီရဲ့ကျင့်ထုံးဟာ
လူတစ်ယောက်ရဲ့ရပိုင်ခွင့်ကို ပြောတတ်ဖို့လိုသလို၊ ရိုးသားစွာနဲ့
လိုက်နာကျင့်သုံးနိုင်မှ ပြည်သူ တွေလိုလားတဲ့ လူ့အခွင့်ရေးတွေကို
ရရှိနိုင်ကြမှာပါ။ ဒီမိုကရေစီးနိုင်ငံတော်က ချမှတ်ထားတဲ့ဥပဒေများကို
ပြည်သူများက မလိုက်နာခဲ့ရင် ဘာခေါင်းစဉ်ပဲတပ်တပ်။ ဘယ်လိုပဲ
ဒီမိုကရေနိုင်ငံလို့ပြောပြော၊ အပြောနဲ့တော့ ဘာမှထူးခြားလာမည်မဟုတ်ပါ။
မြတ်စွာဘုရားရဲ့တရားတော်တွေမှာ ဒီမိုကရေစီကျင့်ထုံးတွေအများကြီ
ပါဝင်နေတာကို တွေ့ရတယ်။ ဒီမိုကရေစီ ကျင့်ထုံးတွေပါဝင်နေ တယ်ဆိုလို့
မြတ်စွာဘုရားဟာ ဒီမိုကရေစီကျင့်ထုံးတွေက ယူပြီးဟောထားတယ်လို့တော့ မထင်စေ
လိုပါ။ ဒီမိုကရေစီကျင့်ထုံးတွေဟာ ရာစုနှစ်တရာနီးနီး
နောက်ကျပြီးမှပေါ်ပေါက်လာတဲ့ နိုင်ငံရေးပေါ်လစီတစ်ခုပါ။
ထိုနိုင်ငံရေးပေါ်လစီဖြင့် သတ်မှတ်ပြဋ္ဌာန်းပေးထားတဲ့
တရားမျှတစွာနေနိုင်ရေး၊ အကြမ်းမဖက်ရေး၊ လူသားအချင်းချင်း
ကာကွယ်စောင့်ရှောက်နိုင်ရေး၊ လူ့အခွင့်ရေးကို အပြန်အလှန် လေးစား
လိုက်နိုင်နာရေးစတဲ့ ကျင့်စဉ်တွေဟာ သီလသိက္ခာဖြင့်မြှင့်တင်ပေးထားတဲ
လူသားတွေကျင့်သုံးရမဲ့ ကိုယ်ကျင့်သိက္ခာတွေဆိုတာ နားလည် နိုင်ကြဖို့ပါ။
သီလသိက္ခာရဲ့အားသာချက်က ဒီမိုကရေစီကျင့်ထုံးမှာ အများလက်ခံရင်
အမှန်တရားသည်ပင် အမှားဖြစ်သွားနိုင်သလို၊ မှား ယွင်း
တဲ့ကိုယ်ကျင့်သိက္ခာများကို မှန်ကန်တဲ့ကိုယ်ကျင့်သိက္ခာလို့
အထင်ရောက်သွားနိုင်တာမျိုးတွေ
ကိုယ်ကျင့်သိက္ခာလျော့ပါးလာမှုေ
လင်မယားကွာရှင်းမှုတွေ၊ ဒီလိုအဖြစ်မျိုးတွေဟာ မိသားစုများအတွက်၊
အထူးသဖြင့် ငယ် ရွယ်တဲ့သားငယ်၊ သမီးငယ်လေးများအတွက် ကလေးငယ်တွေ
ရသင့်ရထိုက်တဲ့ လူ့အခွင့်ရေးကို ဒီမိုကရေစီကျင့်ထုံးတွေက အကာ
အကွယ်မပေးနိုင်ဘူးဆိုတာ သိသာထင်ရှားနေပါတယ်။
ကာကွယ်စောင့်ရှောက်နိုင်ရေးဆို
ဒီမိုကရေစီရှု့ဒေါင့်နှစ်ခုအကြား အမြင်တူတာတွေလဲရှိတယ်။
အမြင်မတူတာတွေလဲရှိတယ်။ ဥပမာ – တန်းတူအခွင့်ရေးတို့၊ ငြိမ်းချမ်းစွာ
အတူနေထိုင်နိုင်ရေးတို့၊ လူသားအချင်းချင်း ကိုယ်ကျင်သိက္ခာဖြင့်
ကာကွယ်စောင့်ရှောက်ရေး စတဲ့အရေးများပါ။ ဒီအရေးတွေးက ဗုဒ္ဓဘာသာမှာလဲရှိတယ်။
ဒီမိုကရေစီမှာလဲရှိတယ်။ မတူတဲ့အချက်တွေ ကတော့ မိဘနှစ်ပါးစွန့်ပြစ်ခံရတဲ့
ကလေးငယ်တစ်ယောက်ကို စာဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အထောက်အပံ့တွေနဲ့
နိုင်ငံတော် က ကာကွယ်စောင့်ရှောက်ပေးထားရုံနဲ့ လုံလောက်ပြီလို့
မသတ်မှတ်နိုင်တဲ့အချက်မျိုးတွေ
လိုအပ်တဲ့အရာက မိဘရဲ့ နွေးထွေးတဲ့မေတ္တာတရားပါ။ ကြင်နာစွာဖြင့်
နွေးထွေးလုံခြုံမှုကိုပေးနိုင်တဲ
နွေးထွေးစွာစောင့်ရှောက်ထားမှြုေ
အပြစ်ကင်းစင်စွာရယ်မောနေတဲ့ မုဒိ တာ သံစဉ်လှိုင်းတွေ၊ သားငယ်၊
သမီးငယ်လေးတွေငိုရင် သံခေါင်းယံမှာပဲဖြစ်စေ၊ အာရုံဦးမှာပဲဖြစ်စေ၊
ဘယ်အချိန်အခါမဆို စိတ်မတိုနိုင်တဲ့ မိဘများရဲ့
ဥပေက္ခာနှလုံးသားမျိုးတွေဆိုတာ ဘယ်နေရာမျိုးမှာမှ မရနိုင်ကြလို့ပါ။
နိုင်ငံတော်ငွေကြေးဓနနဲ့ထောက်
ဗြဟ္မစိုရ်တရားတွေနဲ့ စောင့်ရှောက်ထားတာက ကလေးငယ်များရဲ့စိတ်ဓာတ်တွေကို
ပိုပြီးရွှင်လန်းစေတယ်။ စိတ်ကျန်းမာရေးတွေ၊ ကိုယ်ကျန်းမာရေးတွေကိုလဲ
ပိုပြီးရစေနိုင်တယ်။ ဒါက ကလေးငယ်များမျှော်လင့်တဲ့ လူ့အခွင့်ရေးပါ။
ဒီမိုကရေစီ ကျင့်ထုံးက ဒီရိုက်တ်မျိုးကို ပေးနိုင်မည်လား။
နောက်တစ်ခုက ဒီမိုကရေစီကျင့်ထုံးဆိုတာ ဒီမိုကရေစီနိုင်ငံတွင်းမှာနေတဲ
နိုင်ငံသူ၊ နိုင်ငံသားများရဲ့ လူ့အခွင့်အရေးများကိုသာ ကာကွယ်
ပေးနိုင်ပြီး၊ အခြားနိုင်ငံများမှာနေတဲ့လူသား
လူ့အခွင့်များကို ရရှိနိုင်အောင်၊ ရှင်သန်ခွင့်များရနိုင်အောင်
ဆောင်ရွက်ပေးရာ၌ အားနည်းနေတာကို တွေ့ကြရမှာ။ ကိုယ့်နိုင်ငံသားက
သဘောမတူရင် လုပ်လို့မရနိုင်တဲ့ ကျင့်ထုံးမျိုးပါ။ သို့သော် ဗုဒ္ဓ၀ါဒကတော့
ကိုယ်ကျင့် သိက္ခာနဲ့ ဗြဟ္မစိုရ်ကျင့်စဉ်တွေကိုကျင့်သံ
လူမျိုးကန့်သတ်မှု၊ နိုင်ငံကန့်သတ်မှုမရှိပဲ လူမျိုးအားလုံး၊
သတ္တ၀ါအားလုံးရဲ့ အကျိုးစီးပွား တွေကို ဆောင်ရွက်ပေးတဲ့ကျင့်စဉ်။
သတ္တ၀ါများအပေါ်မှာ မေတ္တာတရားများ၊ ကရုဏာတရားများကို တပြေညီထားနိုင်တဲ့
ကျင့်စဉ်မျိုးပါ။ ဒါကို ဗြဟ္မစိုရ်ကျင့်စဉ်လို့ခေါ်တာ။ ဒါကြောင့်
မြတ်ဗုဒ္ဓရဲ့တရားတော်များဟာ ဒီမိုကရေစီနိုင်ငံမှာပဲဖြစ်ဖြစ်
ဆိုရှယ်လစ်နိုင်ငံမှာဖြစ်ဖြစ်၊ ကွန် မြူနစ်နိုင်ငံမှာပဲဖြစ်ဖြစ်၊
အာဏာရှင်နိုင်ငံမှာပဲဖြစ်ဖြစ် ကျင့်သုံးလို့ရနိုင်တယ်ဆိုတာ
မှတ်သားနိုင်ဖို့ပါ။
အုပ်ချုပ်သူများဟာ ရာဇဓမ္မလို့ မင်းကျင့်တရားဆယ်ပါးကို လျစ်လျူရှုထားပြီး
ကိုယ့်နည်း၊ ကိုယ့်ဟန်နဲ့အားထုတ်ကြလို့ တိုင်းပြည်မှာ ပြဿနာတွေ
မကြီးထွားသင့်ပဲ၊ ကြီးထွားနေရတာ။ အမုန်းတရားတွေ မပွားသင့်ပဲ ပွားနေကြတာ။
မဆင်းရဲသင့်ပဲ ဆင်းရဲဒုက္ခတွေရောက် နေကြရတာ။ ဘုရားရဲ့ အဆုံးအမကတော့
ရှင်းတယ်။ အသိဉာဏ်ဟာ အကျင့်မဟုတ်ဘူးဆိုတာ။ သိထားတဲ့အတိုင်းကျင့်မှ
အကျိုးတရားဆို တာ ဖြစ်ပေါ်လာတာ။ ရာဇဓမ္မတရား ဆယ်ပါးဆိုတာ …
(၁) ရဟန်းသံဃာတော်များ၊ ဆင်းရဲသူများအား အလှူပေးခြင်း (ဒါန)
(၂) ကိုယ်ကျင့်သိက္ခာဖြစ်တဲ့ ငါးပါးသီလကို လုံခြုံအောင်စောင့်ထိန်းခြင်း (သီလ)၊
(၃) အမှုထမ်းတို့အား စားနပ်ရိက္ခာများ လုံလောက်အောင်ပေးခြင်း (ပရိစ္စာဂ)
(၄) ရိုးသားဖြောင့်မတ်ခြင်း (အဇ္ဇ၀)
(၅) သာယာနူးညံ့စွာ ပြောဆိုကျင့်ကြံခြင်း (မဒ္ဒ၀)
(၆) အကျင့်သီလတို့ကို ခြိုးခြံစွာစောင့်သုံးခြင်း (တပ)
(၇) အမျက်မထွက်ခြင်း (အက္ကောဓန)
(ဂ) ပြည်သူလူထုတို့ကို အခွန်အတုတ်အမျိုးမျိုးတို့ဖြင့် မညှင်းဆဲခြင်း၊
မနှိပ်စက်ခြင်း (အ၀ိဟိံသ)
(၉) သည်းခံရခြင်း (ခန္တီ)
(၁၀) ရဟန်းရှင်လူ ပြည်သူတို့သဘောနှင့် မဆန့်ကျင်ခြင်း (အ၀ိရောဓန)
တို့ဖြစ်တယ်။ ဉာဏ်နှင့် ဆင်ခြင်စဉ်းစားနိုင်ကြဖို့ပါ။
အုပ်ချုပ်သူများဟာ ဒီကျင့်ထုံးများကို စွမ်းနိုင်သမျှလိုက်နာမယ်ဆို
ပြည်သူတွေရဲ့ဘ၀တွေ လုခြုံစိတ်ချရခြင်း၊ ဆင်းရဲ၊ ချမ်းသာ ကွာဟမှု
နည်းပါးခြင်း၊ ပြည်သူတို့ရဲ့ဆန္ဒကို နားထောင်ပေးခြင်းဖြင့်
ပြည်သူတွေရဲ့လိုအပ်ချက်ကို တိုင်းပြည်မှ ဖြည့်ဆည်းပေးနိုင်ခြင်း၊
ခေါင်ဆောင်များ ရဲ့ ရိုးသားဖြောင့်မတ်ခြင်း၊
ကိုယ်ကျင်သိက္ခာများကောင်းမွန်ြ
ပိုမိုရနိုင်ခြင်း၊ ပြည်သူများနှင့် စကားပြော ဆိုရာ၌ သာယာနူးညံ့ပြီး
ကိုယ်အမူအရာ၊ နှုတ်အမူအရာများ သိမ့်မွေ့၍ တိုင်းပြည်ခေါင်းဆောင်များအပေါ်
ကြည်ညိုလေးစားစိတ်များ ပို၍ပို၍ ဖြစ်ပေါ်နိုင်ခြင်း၊ အစိုးရကိုယ်တိုင်က
တိုင်းပြည်ဘဏ္ဍာများကို ချိုးခြံစွာကျင့်နေတဲ့အတွက်ကြော
လာဘ်ပေး၊ လာဘ်ယူကင်းတဲ့အစိုးရအပေါ် ယုံကြည်စိတ်များ
များပြားလာနိုင်ခြင်း၊ အခွန်အတုတ်များကို ကောက်ခံရာ၌ မျှတခြင်း၊
အလုပ်လုပ်လျှက် သားသမီးများပြားခြင်းခြင်းကြော
ဆင်ရဲသားမိသားစုများအား ပညာပေးခြင်း၊ အခွန်အတုတ်များ လျှော့ပေါ့ကောက်
ခံခြင်း၊ လိုအပ်လာခဲ့ရင် မိသားစုများရဲ့ဝင်ငွေကို ထပ်ဆောင်းပေးခြင်း
စတဲ့ကောင်းကျိုးတရားတွေကို မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားများ၌
အတိအလင်းဟောပြထားတယ်။ ဒီတရားတော်ရဲ့ အနှစ်သာရတွေကို လျှစ်လျူရှုထားခြင်း၊
နားမလည်းခြင်း၊ နားလည်ထားသော်လဲ မကျင့် သုံးခြင်းကြောင့် လူအခွင့်အရေးတွေ
ဆုံးရှုံးနေရတာပါ။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံတော်များရဲ့
ကျင့်ထုံးဥပဒေများကို မျှော်မှန်းရော်ရမ်းပြီး We want Democracy ဆိုပြီး
ဒီမိုကရေစီအခွင့်အရေးတွေကို တောင်းဆိုနေကြတာပါ။
ဒီမိုကရေစီအခွင့်အရေးတွေကို ရနိုင်ဖို့ တောင်းလဲ တောင်း၊
ကျင့်လဲကျင့်ရမှာပါ။ ကိုယ်ကျင့်သိက္ခာနဲ့ ဗြဟ္မစိုရ်ကျင့်စဉ်တွေဆိုတာ
ဒီမိုကရေစီရဲ့ အနှစ်သာရအားလုံးကို လွှမ်းခြုံထားတဲ့ မြတ်ဗုဒ္ဓ ရဲ့
ဒီမိုကရေစီကျင့်စဉ်တရားတွေပါ။ စီစစ်နိုင်ဖို့ပါ။
စစ်မှန်တဲ့ဒီမိုကရေစီကို ကျင့်ထုံးမပါပဲနဲ့ တောင်းယူရုံနဲ့မရနိုင်ပါ။
ကိုယ်တိုင်က၊ ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ထောင်လိုသူတိုင်းက ဒီမို
ကရေစီကျင့်ထုံးတွေကို လေးလေးစားစားလိုက်နာနိုင်ကြရမှ
လူ့အခွင့်အရေးတွေကို ရချင်တယ်ဆိုရင် သူများရဲ့လူ့အခွင့် ရေးများကို
လေးစားလိုက်နာရမှာ။ စစ်မှန်တဲ့ဒီမိုကရေစီကျင့်ထုံး
ကိုယ်ရချင်တာတွေချည်း တောင်းဆိုရတာမျိုးမဟုတ်ပဲ၊ ကိုယ်ဘက် က
ပေးဆပ်ရမှာတွေလဲ အများကြီးရှိနေတယ်ဆိုတာကိုလဲ မေ့မထားဖို့ပါ။ ဥပမာ-
မိမိရဲ့ဆူညံမှုဟာ ပတ်ဝန်းကျင်ကို အနှောက်အယှက် ဖြစ်နေရင်
မိမိကိုယ်တိုင်နားလည်ပေးပြီး တိတ်ဆိတ်အောင်နေရမှာ။ ပတ်ဝန်းကျင်ကို
ဆူညံစေတဲ့ အခမ်းအနားပွဲတွေ၊ မြန်မာပြည်မှာ ကျင့်သုံးနေတဲ့
အသံမစဲပဋ္ဌာန်းပွဲတွေ (ကျောင်းတိုက်တွင်းကြားရုံလောက်
ပဋ္ဌာန်းပွဲမျိုးကိုတော့ လက်ခံကြရမှာပါ)၊ လောက်ဒီစပီကာကြီးဖွင့်ပြီး
ကျင်းပတဲ့ပွဲလမ်းသဘင်တွေ၊ ဒါတွေဟာ ဒီမိုကရေစီ ကျင်ထုံးနဲ့ကြည့်ရင်
ပြုပြင်ရမဲ့အရာတွေဆိုတာ သိနိုင်ကြဖို့ ပါ။ ပတ်ဝန်းကျင်ကို ညစ်နွမ်းစေတဲ့
တွေ့ကရာမှာ တံတွေး ထွေးခြင်း၊ ကွမ်းတံတွေးထွေးခြင်း၊
ဆေးလိပ်တိုပြစ်ခြင်း၊ အမှိုက်သရိုက်ပစ်ခြင်း၊ သားသမီးနဲ့ ဇနီးမယားများကို
ရိုက်နှက်ဆုံးမခြင်း၊ လမ်းသွားလမ်းလာများအား ကာယိနြေ္ဒပျက်အောင်
ပြောင်လှောင်ခြင်း၊ နှောက်ယှက်ခြင်း၊ သူများရဲ့ ကိုယ့်ရေးကိုယ်တာ
(Privacy) လူ့အခွင့်ရေးကို နှောက်ယှက်ခြင်း၊ လူအသိုင်းအ၀ိုင်း(Publicity)
၌ ဂုဏ်သိက္ခာများ ပျက်ပြားအောင် အားထုတ်ခြင်း၊ အထင်သေး၊ အမြင်သေးဖြစ်အောင်
လုံးလပြုခြင်း စတဲ့အပြုအမူတွေဟာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမများလဲမဟုတ်။
ဒီမိုကရေစီ ကျင့်ထုံးလဲမဟုတ်တဲ့ ဒီအပြုအမူတွေကို ရှောင်ကြဉ်ကြရမှာ။
ဒါကျင့်ထုံး တွေဟာ ဒီမိုကရေစီနိုင်ငံတော်သစ်ကို
တည်ထောင်လိုတဲ့ပုဂ္ဂိုလ်တွေ ပေးဆပ်ရမယ့် ကျင့်ထုံးတွေပါ။
ဒီမိုကရေစီကျင့်ထုံးအရ ကိုယ်ရဲ့ ရိုက်တ် (Right) ကို
ကာကွယ်နိုင်ဖို့လိုအပ်သလို၊ သူများရဲ့ရိုက်တ် (Right) ကို
ကိုယ်ကိုတိုင်က ကာ ကွယ်စောင့်ရှောက်ပေးရမှာ။ ဟယူးမင်းရိုက်တ် (Human
Right) ဆိုတာ တချို့နေရာများ၌ ကိုယ့်ဘက်ကကြည့်ရင် မှန်နေပေမဲ့၊ ဒီမိုကရေ
စီကျင့်ထုံးအရလဲ မှန်တယ်လို့လဲထင်ရပေမဲ့၊ သူများဘက်ကနေပြန်ကြည့်ရင်
မှန်ချင်မှမှန်တာ။ ဥပမာ – သူများရဲ့သားမယားကို ချဉ်းကပ် တာမျိုး၊
သူများရဲ့ သားပျို၊ သမီးပျိုကို ဖျက်ဆီးတာမျိုးဆိုတာ ဆိုရှယ်သဘောအရ
ရိုက်တ် ဖြစ်ချင်ဖြစ်မယ်။ ဗုဒ္ဓစ်စ် အက်က်သစ် (Buddhist Ethics ) အရ
လက်ခံနိုင်ဖို့ ခက်တယ်။ သီလက္ခာကျင့်စဉ်၊ ဗြဟ္မစိုရ်ကျင့်စဉ်များအရ
ဒါတွေဟာ သူများရဲ့ရိုက်တ်ကို ကျူးကျော် ဖောက်ဖျက်ခြင်းပါ။ ဒါတွေကို
ဒီမိုကရေစီကျင့်ထုံးမှာ သဲသဲကွဲကွဲ ဖော်ပြမထားပေမဲ့ မြတ်ဗုဒ္ဓရဲ့တရားတော်
များမှာ သဲကွဲစွာဖော်ပြထားတယ်။
ကိုယ်ကျင့်သိက္ခာဆိုင်ရာကျင့်စဉ်
ဒီမိုကရေစီရရင် ကိုယ်လုပ်ချင်ရာကို လုပ်လို့ရပြီးလို့ ထင်နေကြတာ။
စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီဆို
တိုင်းပြည်အုပ်ချုပ်သူတွေကိုလဲ ထင်ရာ လုပ်ခွင့်မပေးပါဘူး။
ဥပဒေဘောင်တွင်းမှာနေပြီး၊ ဥပဒေက ခွင့်ပြုထားတာမျိုးကိုသာ လုပ်ခွင့်ရှိတာ။
ဒီမိုကရေစီကျင့်ထုံးမှာလဲ ဥပဒေကို လက်တစ်လုံးခြားလုပ်လို့မရဘူးလို
ထင်မိပါရဲ့။ ဒီမိုကရေစီနိုင်ငံကြီးဖြစ်လာ
(သို့မဟုတ်) တစ်ဦးတစ် ယောက်က ခိုင်းစေလို့ဖြစ်စေ သူများကို
ထရိုက်ဖို့မပြောနဲ့ ကိုယ့်သားမယားကိုပင် ထရိုက်လို့ မရနိုင်တော့ပါ။
ကိုယ့်သားမယားကို ကိုယ် ရိုက်တာ ဘာဖြစ်လဲလို့ ဆင်ခြေ၊ ဆင်လက် (Excuses)
တွေတော့ ပေးမပေးနဲ့ ရိုက်ခဲ့၊ ပုတ်ခဲ့ရင်တော့ ၉၁၁ စာ မိသွားမှာပေါ့။
(သို့မဟုတ်) ၁၁၉ (မြန်မာပြည်အရေးပေါ်ဖုံး- May beန) စာမိသွားမှာပေါ့။ ကဲလေ
ဒီလောက်ပြောရင် ကိုယ့်ရဲ့ရပိုင်ခွင့်တွေကိုရော၊ ကိုယ်ဘက်က ပေး
ဆပ်ရမဲ့သူများရဲ့ ရပိုင်ခွင့်တွေကိုပါ နားလည်သဘောပေါက်ရော့ပေါ့။
ဟုတ်ပြီလေ။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဆီ ခရီးဆက်ဖို့
စဉ်းစားချိန်ပေးဖို့များ လိုနေသေးလားလို့ သိပါရစေ။
စည်းကမ်းမရှိတဲ့ မြန်မာလူမျိုးတွေ (သို့မဟုတ်) စည်းကမ်းမဲ့တဲ့
မြန်မာလူမျိုးတွေ (အများစု-မိမိအပါအ၀င်) နဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုက
ရေစီကျင့်ထုံးတွေကို လိုက်နာနိုင်အောင် အတော်ကြိုးစားရမယ်ထင်တယ်။
စည်းကမ်းပိုင်းနဲ့ပတ်သက်လာရင် လျှော့လျဲလျဲ၊ ခပ်ပေါ့ပေါ့ပဲ နေတတ်တဲ့
မြန်မာလူမျိုးတွေဟာ ထင်ရာမလုပ်ရလို့ ဒီမိုကရေစီဆိုတာကြီးကို
ပြန်ပေးချင်စိတ်တွေဝင်သွားမှာကိ
အခွင့်အလမ်းကြီးပါ။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီးနိုင်ငံတော်ကြီးဆီ
အရောက်လမ်းနိုင်ရန် ပြည်သူ၊ ပြည်သားတွေ စည်းကမ်းရှိကြဖို့ပါ။
ကိုယ့်အခွင့်အရေးများကိုလဲ ရနိုင်ဖို့၊ သူများအခွင့်အရေးများကိုလဲ
မဆုံးရှုံးနိုင်စေဖို့ မြတ်ဗုဒ္ဓရဲ့ သီလသိက္ခာနဲ့ ဗြဟ္မစိုရ်
ကျင့်စဉ်များကိုပါ ထည့်ပေါင်းပြီး လူတိုင်းလူတိုင်း ဒီမိုကရေစီရဲ့
အသီးအပွင့်တွေ ခံစားနိုင်ဖို့ဆိုတာ ကိုယ့်အခွင့်အရေးကို ရှေ့တန်းမတင်ပဲ
သူများအခွင့်အရေးများကို လေးစားလိုက်နာနိုင်အောင် ကြိုးစားကြရမှာ။
တကယ်တော့ သူ့အခွင့်အရေးဆိုတာ ကိုယ့်အခွင့်ရေးပဲလို့သ ဘောထားနိုင်ဖို့ပါ။
ဒီမိုကရေစီဆိုတာ ပြည်သူတွေမက်နေတဲ့ အိမ်မက်ပဲမဟုတ်လား။ ချမ်းသာစွာ
အိပ်စက်နိုင်ပါစေ။
No comments:
Post a Comment