လူငယ်တွေအဖို့ အောင်မြင်ပျော်ရွှင်တဲ့ ဘ၀ကိုတည်ဆောက်ရာမှာ အဓိကရင်ဆိုင်ဖြေရှင်းရမယ့်စိန်
ကိုယ်ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို ပြင်ပလွမ်းမိုးမှုတွေကြားမှာ အလွယ်တစ်ကူစတေးလိုက်တတ်ကြတယ်။ ကိုယ့်ရဲ့ ဘ၀အနာဂါတ်လမ်းကြီးတစ်ခုလုံးကိ
ကိုယ်လိုချင်တဲ့ဘ၀ကို ကိုယ်တည်ဆောက်နိုင်ဖို့၊ ကိုယ့်ဆန္ဒတွေအကောင်ထည်ဖေါ်နိုင
ကိုယ့်ဘ၀ကိုဘယ်လိုတည်ဆောက်ချ
PDP ဆိုတာ ကိုယ့်ရဲ့ လိုအပ်ချက်တွေပြည့်စုံပြီး၊ ကိုယ်အလိုချင်ဆုံးပုံစံနဲ့ ကိုယ်ဘ၀ကိုရရှိအောင် ပန်းတိုင်တွေတည်ဆောက်ပြီး စနစ်တကျရယူတာကိုပြောတာပဲဖြစ်တယ
ကိုယ့်ကိုယ်ကိုသိနားလည်ဖို့
Personal Development Planning(2)*****
~ Personal SWOT ~
စီးပွားရေးလုပ်ငန်းတွေမှာတော့ SWOT သရုပ်ခွဲခြင်းဟာ အဖွဲ့အစည်းတစ်ခုရဲ့ အားသာချက်(Strengths)၊ အားနည်းချက်(Weaknesses)နဲ့ ဒီအဖွဲ့အစည်းရရှိနိုင်တဲ့ အခွင့်အလမ်းတွေ(Opportunities)၊ ရင်ဆိုင်ရမယ့် ခြိမ်းခြောက်မှု အန္တရာယ်တွေ(Threats) ကို ခွဲခြမ်းစိတ်ဖျာ ဖေါ်ထုတ်တဲ့နေရာမှာ သုံးတဲ့အသုံးအ၀င်ဆုံး သရုပ်ခွဲစနစ်ဖြစ်တယ်။ SWOT ဟာအဖွဲ့အစည်းတွေအတွက် အသုံးဝင်ရုံမက ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးအခြေအနေနဲ့ ပါတ်ဝန်းကျင်ဆိုင်ရာလွမ်းမိုးမှုအခြေအနေကို သရုပ်ခွဲရာမှာလည်း ထိရောက်အသုံးဝင်တယ်။ SWOT နဲ့ သရုပ်ခွဲပြီး သိလာနိုင်တဲ့ကိုယ့်ရဲ့ အားသာချက်တွေကို ပိုပြီးအားကောင်း အားထုတ်လို့ရနိုင်တယ်၊ အားနည်းချက်တွေကိုလည်းနားလည် သဘောပေါက်ပြီး ဘယ်လိုရှောင်ကျဉ်မလည်း၊ ဘယ်လိုကောင်းအောင် ပြုပြင်အားထုတ်မလည်း၊ ဘယ်လိုသင်ယူမှုတွေပြုလုပ်ရမလည်းဆိုတာတွေ သိမြင်လာနိုင်တယ်။ အားသာချက် (Strengths) နဲ့ အခွင့်အလမ်းတွေ (Opportunities) တွေသိလာရရင် ကိုယ့်ဘ၀ကို ရေရှည်အောင်မြင်ဖို့ရာအတွက် ပန်းတိုင်တွေတည်ဆောက်လို့ရနိုင်ပြီး၊ အားနည်းချက် (Weaknesses) နဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေ (Threats) သိလာရင် ဒါတွေကို ကိုယ့်ဘ၀ရဲ့ အောင်မြင်မှုကို သက်ရောက်မှုလုံးဝ မရှိအောင်၊ ဒါမှမဟုတ် သက်ရောက်မှုတွေကို ခံသာအောင် ဘယ်လိုထိမ်းချုပ်ကိုင်တွယ်ရမလည်း ဆိုတာသိနားလည်လာမယ်။

ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ SWOT သရုပ်ခွဲဖို့မေးခွန်းစဉ်တွေကိုဖြေပြီး ရလာတဲ့အဖြေနဲ့၊ စဉ်းစားမိတဲ့ အတွေးတွေကို SWOT ဇယားလေးကွက်ထဲမှာ ဖြည့်ယူရတယ်။
~PERSONAL STRNGTHS (ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အားသာချက်များ)~
ကိုယ်ရည်ကိုယ်သွေးဆိုင်ရာအားသာချက် သရုပ်ခွဲမှုမှာ အဓိကရည်ရွယ်ချက်ကတော့ မိမိကိုယ်တိုင်နဲ့ အခြားသူတွေကွဲပြားခြားနားစေတဲ့ အချက်တွေကိုဖေါ်ထုတ်ဖို့ပဲဖြစ်တယ်။ ကိုယ့်ကိုယ်သူများတွေအမြင်နဲ့ ကိုယ်ကိုယ်တိုင်မြင်တဲ့ အမြင်ထဲမှာ အခြားသူတွေထက် ကွဲပြားစေတဲ့ ကိုယ့်ရဲ့ ကောင်းတဲ့အချက်တွေ၊ အရည်အချင်းတွေ၊ အားသာချက်တွေကို သိအောင်သရုပ်ခွဲဖေါ်ထုတ်ဖို့ပဲ။
ကိုယ့်ရဲ့ အရည်အချင်းဆိုင်ရာအားသာချက်တွေတွေးတဲ့အခါမှာ အလုပ်အကိုင်နဲ့ပါတ်သက်တဲ့ အရည်အချင်းတွေအပြင် အခြားအရေးကြီးတဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာအားသာချက်တွေ၊ အတွေ့အကြုံတွေ၊ ဖွံ့ ဖြိုးတိုးတက်အောင်လုပ်လို့ရတဲ့ အရည်အချင်းတွေနဲ့ အခွင့်အလမ်းတွေ၊ ပညာရေးဆိုင်ရာအားသာချက်တွေ၊ ကိုယ့်ရဲ့ ပင်ကိုယ်စွမ်းရည်တွေ၊ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အချက်အလက်တွေ၊ ကိုယ့်ရဲ့ ၀ါသနာနဲ့ စိတ်ဝင်စားမှု စတာတွေကိုလည်း ထည့်တွက်စဉ်းစားရမယ်။ အောက်မှာပေးထားတဲ့ မေးခွန်းလေးတွေကို သေသေချာချာ ဖြန့်ကျက်တွေးကြည့်ရင် ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အားသာချက်တွေကို ဖေါ်ထုတ်ရတာ လွယ်တယ်။
ကိုယ်ဟာဘယ်နေရာတွေမှာ တော်လည်း။
ကိုယ်ဘာတွေဆိုရင် အလွယ်တကူသင်ယူတတ်မြောက်နိုင်လည်း။
တခြားသူတွေအသိမှတ်ပြုကြတဲ့ ငါ့အရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေကဘာလည်း။
ကိုယ့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေထက် ပိုသာအောင်လုပ်နိုင်တဲ့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေက ဘာလည်း။
ကိုယ့်ကိုယ် ဘယ်လိုအရည်အချင်းတွေနဲ့တွဲပြီး အသိမှတ်ပြုကြသလည်း။ ဘယ်လိုကိစ္စမျိုးတွေအတွက် ကိုယ်ဟာချီးကျူးဂုဏ်မြောက်ခြင်းခံရသလည်း။
ကိုယ့်ကိုယ်ကို ဘယ်လိုကိစ္စတွေနဲ့ပါတ်သက်ပြီး ဂုဏ်ယူလည်း၊ ကျေနပ်လည်း။
သူများတွေမှာမရှိတဲ့ ကိုယ်ပိုင်ဆိုင်ရယူနိုင်တာတွေကဘာတွေလည်း။
ဒီမေးခွန်းတွေအပြင် အခြားကိုယ်စဉ်းစားမိတဲ့ မေးခွန်းတွေလည်း ထပ်ဖြည့်လို့ရနိုင်သေးတယ်။ ကိုယ့်ရဲ့ မိဘ၊ အပေါင်းသင်း၊ မိတ်ဆွေတွေကိုလည်း ကိုယ့်နဲ့ပါတ်သက်တဲ့ အားသာချက်တွေကို မေးသင့်တယ်။ ကိုယ့်ရဲ့ အားသာချက်တွေကို ဖေါ်ထုတ်တဲ့နေရာမှာ စိတ်ပညာအရ လူတွေဟာကိုယ့်ရဲ့ အရည်အချင်းတွေကို ကိုယ်ကိုယ်တိုင် မှေးမိန်ပျောက်ကွယ်စေတတ်ကြပြီး၊ လျော့ပေါ့တွေးတတ်ကြတယ်ဆိုတဲ့ အချက်ကို သတိထားပြီး ကိုယ့်ကိုယ်ကိုမှန်မှန် ကန်ကန်ဝေဖန်နိုင်ဖို့လိုတယ်။ ကိုယ့်ရဲ့ အရည်အချင်းတွေနဲ့ပါတ်သက်ပြီး အခြားသူတွေဘယ်လိုထင်မြင်ယူဆတယ်ဆိုတာ သိရခြင်းကလည်း ကိုယ်ကိုယ်ကို လေးစားအသိမှတ်ပြုမှု (Self-esteem) ကို ကောင်းမွန်မြင့်မားစေတယ်။
Personal Development Planning (3)*****
ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အားနည်းချက်များ (Weaknesses)
ကိုယ့်မှာရှိတဲ့ အားနည်းချက်တွေ၊ ကိုယ်မကျွမ်းကျင်မပိုင်နိုင်တဲ့ကိစ္စတွေသိဖို့ဆိုရင်တော့ ကိုယ့်ကိုယ်ကို သတ္တိရှိရှိဝေဖန်ဆန်းစစ်ရဲဖို့တော့လိုအပ်တယ်။ ကိုယ့်ရဲ့ အားနည်းချက်တွေကို သိမှပဲ လက်ရှိကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို ပိုကောင်းသထက်ကောင်းအောင် အားထုတ်နိုင်မှာဖြစ်တယ်။ ကိုယ့်ရဲ့ အားနည်းချက်တွေကို သိနားလည်ရင် ဒါတွေကို ဘယ်လိုထိမ်းချုပ်ကိုင်တွယ်ရမလည်း၊ အားနည်းချက်တွေကို ဘယ်လိုလျော့နည်းသွားအောင် လုပ်ရမလည်းဆိုတဲ့ နည်းလမ်းတွေရှာလာနိုင်မှာပဲဖြစ်တယ်။ ကိုယ်အားနည်းချက်တွေကိုယ် မသိရင်ကိုယ့်ဘ၀ရဲ့ အောင်မြင်မှု၊ပျော်ရွှင်မှုတွေမှာ အဟန့်အတားဖြစ်လာတတ်တယ်။
လူ့သဘာဝအရ အားနည်းချက်ဆိုတာ အနည်းနဲ့ အများတော့အားနည်းချက်တော့ ရှိကြတာပါပဲ။ ကိုယ်ရည်ကိုသွေးဆိုင်ရာ အားနည်းချက်တွေ သရုပ်ခွဲဖေါ်ထုတ်တဲ့ အခါ ဒါကိုသတိထားပြီး ကိုယ့်ကိုယ်ကို မညာမတာအလွန်အကျူး မလုပ်ဖို့လိုတယ်။ အဓိကကတော့ ကိုယ်အားနည်းချက်ကိုသိဖို့နဲ့ ကိုင်တွယ်ထိမ်းချုပ်ဖို့ ဆိုတဲ့ အသိအခံနဲ့ ကိုယ့်ကိုယ်ကို အပြုသဘောဆောင်တဲ့ဝေဖန်မှုလုပ်သင့်တယ်။ ကိုယ့်ကိုယ်ကို အလွန်အကျူးရှုံ့ ချအပြစ်တင်တာဟာ အပျက်သဘောဆောင်ပြီး ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တတ်တယ်။ အခြားသူတွေရဲ့ အားနည်းချက်နဲ့ ကိုယ့်ရဲ့ အားနည်းချက်တွေဝေဖန်ရာမှာ အမှန်တရားကိုတန်ဖိုးထားယုံနဲ့မပြီးဘဲ အမှားကိုလည်းခွင့်လွတ်တတ်တဲ့ စိတ်ရှိဖို့အရေးကြီးတယ်။
ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာအားနည်းချက်တွေကို ဖေါ်ထုတ်ဖို့ အောက်မှာပေးထားတဲ့ မေးခွန်းတွေကို ဖြေကြည့်ပြီး တွေ့ရတဲ့အားနည်းချက်တွေကို ဇယားထဲမှာချရေးကြည့်ရမယ်။
- အတွေ့အကြုံ၊ ပညာရေး၊ အရစ်းအမြစ်တွေနဲ့ပါတ်သက်ပြီး သူများမှာရှိပြီး ကိုယ့်မှာမရှိတာတွေကဘာတွေလည်း။
- ကိုယ့်ရဲ့ ဘယ်လိုအပြုအမှု၊ အပြောအဆို၊ အတွေးအခေါ်တွေက ကိုယ့်ကိုအပျက်သဘောဆောင်စေသလည်း။
- ကိုယ့်ရဲ့ အားနည်းချက်၊ ပျော့ကွက်တွေကဘာလည်း။
- အခြားသူတွေက ကိုယ့်ရဲ့အားနည်းချက်အဖြစ် ဘာတွေမြင်တတ်ကြသလည်း။
- ကိုယ့်ကိုယ်မတိုးတက်စေတဲ့၊ ပိတ်ဆို့နေတတ်တဲ့ ကိုယ့်ရဲ့ အပြုမှုစရိုက်တွေကဘာတွေလည်း။
- ကိုယ့်ဘ၀အောင်မြင်ရေးအတွက် စိတ်မပါပေမယ့်လုပ်နေရတာတွေက ဘာတွေလည်း။
- ကိုယ့်မှာလိုအပ်တဲ့အရည်အချင်းတွေ၊ ကျွမ်းကျင်မှုတွေကို ကျွမ်းကျင်ပိုင်နိုင်မှုရှိလာအောင် မလုပ်နိုင်တဲ့အခါ ဘာလုပ်သလည်း။
ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အားသာချက်တွေနဲ့မတူတာက၊ ကိုယ့်ရဲ့ အားနည်ချက်တွေကို အသေးဖွဲမှအစ အကုန်ချရေးဖို့မလိုဘူး။ ကိုယ့်ရဲ့ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုကိုထိခိုက်စေနိုင်တဲ့ အားနည်းချက်တွေကိုပဲ ဗဟိုပြုစဉ်းစားရမယ်။

Personal Development Planning (4)*****
အခွင့်လမ်းများ (Opportunities)
အားသာချက် (Strength) နဲ့ အားနည်းချက် (Weakness) တွေက ကိုယ့်ရဲ့ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုကိုလွမ်းမိုးတဲ့ အတွင်းပိုင်းအကြောင်းအရာတွေဖြစ်ပြီး၊
အခွင့်အလမ်း (Opportunities) နဲ့ ခြိမ်းခြောက်မှု အန္တရာယ် (threats) ကတော့
ပြင်ပကနေ ကိုယ့်ရဲ့ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုကိုလွမ်းမိုးတဲ့
အကြောင်းရာတွေဖြစ်တယ်။ ကိုယ့်ရဲ့ အတွင်းပိုင်းဆိုင်ရာ
အားသာချက်နဲ့ အားနည်းချက်တွေကို ဖေါ်ထုတ်ပြီးရင် ပြင်ပကလွမ်းမိုးနေတဲ့
အကြောင်းအရာတွေကို ဆက်ပြီး သရုပ်ခွဲဖေါ်ရမှာဖြစ်တယ်။
ဒီပြင်ပအကြောင်းအရာတွေကနေ ကိုယ့်ရဲ့ အောင်မြင်မှုနဲ့
ပျော်ရွှင်မှုကိုဘယ်လိုအကောင်းဆုံး တည်ဆောက်မလည်းဆိုတာ သိနားလည်အောင်ပြုလုပ်တာပဲဖြစ်တ ယ်။ အခွင့်အလမ်းကိုစဉ်းစားတဲ့အခါမှာ အချိန်ယူပြီး ထဲထဲဝင်ဝင်ကျယ်ကျယ်ပြန့်ပြန့်စဥ်းစားခြင်းအားဖြင့် အသစ်အဆန်းအယူအဆတွေ၊ အခွင့်အလမ်းတွေကို သရုပ်ခွဲဖေါ်ထုတ်လို့ရတယ်။
အခွင့်လမ်းတွေဖေါ်ထုတ်ဖို့ ကိုလည်းမေးခွန်းလေးတွေပေးထားတယ်။ ကိုယ်စဉ်းစားမိတဲ့မေးခွန်းလေးေ တွလည်း ထပ်ဖြည့်ပြီး အတွေးချဲ့ ရင်တော့ ကိုယ့်ရဲ့အောင်မြင်ရေးနဲ့ ပျော်ရွှင်မှုအတွက် အခွင့်အလမ်းတွေကို သေသေချာချာမြင်လာရမှာပဲ။
- ကိုယ့်ရဲ့ အားသာချက်တွေကို powerful အဖြစ်ဆုံးအခြေအနေရောက်အောင်လု ပ်ဖို့ ဘယ်လိုနည်းလမ်းတွေကိုယ့်မှာရှိလည်း။
- ကိုယ့်ရည်အချင်းအပေါ်မှုတည်ပြီး ကိုယ့်ပါတ်ဝန်းကျင်မှာ ဘယ်လိုအခွင့်လမ်းတွေ ပွင့်နေလည်း။
- ကိုယ်ကျွမ်းကျင်တဲ့အထဲက ဘယ်အလုပ်မျိုးကို လုပ်လိုတဲ့စိတ်ဆန္ဒရှိလည်း။
- ကိုယ့်ရဲ့ အားနည်းချက်တွေကို အသေးငယ်ဆုံးအခြေအနေထိ၊ ဒါမှမဟုတ်လုံးဝပျောက်သွားတဲ့အ ထိ လုပ်လို့ရတဲ့နည်းလမ်းတွေ ဘာရှိလည်း။
- ကိုယ့်ကိုနောက်ပြန်ဆွဲနေတဲ့ကိုယ့်ရဲ့ အားနည်းချက်တွေမရှိတော့ရင် ကိုယ်ဘာတွေကိုလုပ်နိုင်သလည်း။
- ဘယ်လိုနယ်ပယ်၊ဘယ်လိုအလုပ်တွေ မှာ ကိုယ့်ရဲ့ အနာဂါတ်လမ်းဟာ ပိုပြီးပွင့်လာနိုင်သလည်း။
- လက်ရှိခေတ်ရေစီးတွေထဲမှာ ကိုယ့်အနာဂါတ်ပိုကောင်းလာစေနိုင်လောက်တဲ့ အကြောင်းအရာတွေဘာရှိလည်း။
ခြိမ်းခြောက်မှု အန္တရာယ်များ (Threats)
ခြိမ်းခြောက်မှု အန္တရာယ်မှာတော့ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေနဲ့ အောင်မြင်မှုလမ်းကြောင်းတွေကနေ ကိုယ့်ကိုယ်လမ်းလျှော်သွားစေနိုင်တဲ့
အချက်လက်တွေကို သရုပ်ခွဲဖေါ်ထုတ်ရမှာဖြစ်တယ်။ ခြိမ်းခြောက်မှုအန
္တရာယ်တွေက ပြင်ပကလာတာဖြစ်တဲ့အတွက် ကိုယ့်စိတ်တိုင်းကျ
တိုက်ရိုက်ထိမ်းသိမ်းကိုင်တွ ယ်လို့မရဘူး။
ဒါကြောင့်တတ်နိုင်သမျှ ကိုယ်ကြုံနိုင်တဲ့ Threats တွေကို
သရုပ်ခွဲဖေါ်ထုတ်ထားတာဟာ အရေးကြီးတယ်ပြောရမယ်။ ကိုယ့်ရဲ့ Threats
တွေကိုသိနေရင် ကိုယ်မမျှော်လင့်တာတွေဖြစ်လာတဲ့ အခါ
စမ်းတ၀ါးဝါးဖြစ်တာတွေ၊ စိုးရိမ်ထိတ်လန့်ပြီး ကမှုးကရှုးလုပ်တတ်တာတွေ
စတဲ့အပျက်သဘောဆောင်တဲ့ တုံ့ပြန်ချက်တွေကို ရှောင်ပြီး ပြဿနာကို
တည်တည်ငြိမ်ငြိမ်ဖြေရှင်းနိုင် မယ်။
မဖြစ်သေးတဲ့ အကြောင်းအရာတွေကို ကြိုစဉ်းစားနေတာ မလိုအပ်တဲ့ သောကနဲ စိတ်ပူပန်မှုကိုဖြစ်စေတာမှန်ပေမ ယ့် ကိုယ့်ကိုအပျက်သဘောဆောင်တဲ့အေ ကြာင်းအရာတွေ သိပြီး ကြိုတင်ကာကွယ်ပြင်ဆင်ထားနိုင်ရ င် စိတ်ပူပန်မှုတွေပျောက်သွားမှာပဲ။ ကိုယ့်ရဲ့ အနာဂါတ်ကို ခြိမ်းခြောက်လာနိုင်တဲ့ အကြောင်းရာတွေကြိုတင်မစဉ်းစားထားဘဲ ဒီပြဿနာတွေကိုမမျှော်လင့်ထားတဲ့ အခြေနေမှာ အသေးအဖွဲပုံစံနဲ့ရင်ဆိုင်ရာသည်ဖြစ်စေ၊ ကြီးကြီးမားမားရင်ဆိုင်ရသည်ဖြစ်စေ အရှုံးနဲ့တွေ့ဖို့ပိုများသလို ၊ စိတ်ပူပန်မှုတွေ သောကတွေကပိုဆိုးမှာပဲ။
ကိုယ့်ရဲ့ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုတွေအတွက် အန္တရာယ်ဖြစ်စေပြီး ခြိမ်းခြောက်နေတဲ့ အကြောင်းအရာတွေကို ကြိုတင်ပြင်ဆင်တွက်ဆပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်ဆိုတာ ကြိုစဉ်းစားထားရင် Threats တွေရဲ့ အပျက်သဘောသက်ရောက်မှုတွေဟာ မဆိုစလောက်အသေးအဖွဲဖြစ်သွားတယ် ။
ကိုယ့်ရဲ့ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေကို အန္တရာယ်ဖြစ်စေပြီး ခြိမ်းခြောက်နေတဲ့အကြောင်းတရားေ တွကို ဖေါ်ထုတ်ဖို့ ကိုယ့်ရဲ့ လက်ရှိအခြေအနေကို မေးခွန်းတွေထုတ်ပြီး သရုပ်ခွဲဖေါ်ထုတ်ရတယ်။
- ဘ၀ကိုရှေ့ ရောက်အောင်အားထုတ်မရွှေ့ ခင် ကိုယ့်မှာပြုပြင်စရာအားနည်းချက်တွေရှိလား။
- ကိုယ့်ရဲ့ အားနည်းချက်တွေကို သုံးသပ်ပြုပြင်မှုတွေမရှိရင် ကိုယ့်ကိုဘယ်လို ဆိုးကျိုးတွေ ရှိလာနိုင်လည်း။
- ကိုယ်မသိဘဲဖြစ်တည်နေတဲ့ကိုယ့် ရဲ့ ပြဿနာတွေရှိနိုင်လား။
- ကိုယ့်လိုချင်တဲ့အောင်မြင်မှုေ တွ ပျော်ရွှင်မှုတွေရဖို့ အခြားသူတွေဘယ်လိုအခက်အခဲတွေကို ရုန်းကန်ဖြေရှင်းခဲ့ရလည်း၊ ဘယ်လိုကျော်လွှားခဲ့လည်း။
အပေါ်ကမေးခွန်းတွေအပြင် တခြားကိုယ်စဉ်းစားမိတဲ့မေးခွန်းတွေနဲ့လည်း အတွေးချဲ့ စဉ်းစားပြီး ကိုယ့်ရဲ့ Threats တွေကိုသရုပ်ခွဲဖေါ်ထုတ်နိုင် ရင် ကိုယ့်ရဲ့ အနာဂါတ်ကို Smart ကျကျရင်ဆိုင်ဖြေရှင်းပြီး အကောင်းဆုံးတည်ဆောက်နိုင်မှာပဲ။
အခွင့်လမ်းများ (Opportunities)
အားသာချက် (Strength) နဲ့ အားနည်းချက် (Weakness) တွေက ကိုယ့်ရဲ့ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုကိုလွမ်းမိုးတဲ့ အတွင်းပိုင်းအကြောင်းအရာတွေဖြစ
အခွင့်လမ်းတွေဖေါ်ထုတ်ဖို့ ကိုလည်းမေးခွန်းလေးတွေပေးထားတယ
- ကိုယ့်ရဲ့ အားသာချက်တွေကို powerful အဖြစ်ဆုံးအခြေအနေရောက်အောင်လု
- ကိုယ့်ရည်အချင်းအပေါ်မှုတည်ပြီး ကိုယ့်ပါတ်ဝန်းကျင်မှာ ဘယ်လိုအခွင့်လမ်းတွေ ပွင့်နေလည်း။
- ကိုယ်ကျွမ်းကျင်တဲ့အထဲက ဘယ်အလုပ်မျိုးကို လုပ်လိုတဲ့စိတ်ဆန္ဒရှိလည်း။
- ကိုယ့်ရဲ့ အားနည်းချက်တွေကို အသေးငယ်ဆုံးအခြေအနေထိ၊ ဒါမှမဟုတ်လုံးဝပျောက်သွားတဲ့အ
- ကိုယ့်ကိုနောက်ပြန်ဆွဲနေတဲ့ကိ
- ဘယ်လိုနယ်ပယ်၊ဘယ်လိုအလုပ်တွေ
- လက်ရှိခေတ်ရေစီးတွေထဲမှာ ကိုယ့်အနာဂါတ်ပိုကောင်းလာစေနိ
ခြိမ်းခြောက်မှု အန္တရာယ်များ (Threats)
ခြိမ်းခြောက်မှု အန္တရာယ်မှာတော့ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေနဲ့ အောင်မြင်မှုလမ်းကြောင်းတွေကနေ ကိုယ့်ကိုယ်လမ်းလျှော်သွားစေန
မဖြစ်သေးတဲ့ အကြောင်းအရာတွေကို ကြိုစဉ်းစားနေတာ မလိုအပ်တဲ့ သောကနဲ စိတ်ပူပန်မှုကိုဖြစ်စေတာမှန်ပေမ
ကိုယ့်ရဲ့ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုတွေအတွက် အန္တရာယ်ဖြစ်စေပြီး ခြိမ်းခြောက်နေတဲ့ အကြောင်းအရာတွေကို ကြိုတင်ပြင်ဆင်တွက်ဆပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်ဆိ
ကိုယ့်ရဲ့ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေကို အန္တရာယ်ဖြစ်စေပြီး ခြိမ်းခြောက်နေတဲ့အကြောင်းတရားေ
- ဘ၀ကိုရှေ့ ရောက်အောင်အားထုတ်မရွှေ့ ခင် ကိုယ့်မှာပြုပြင်စရာအားနည်းချက
- ကိုယ့်ရဲ့ အားနည်းချက်တွေကို သုံးသပ်ပြုပြင်မှုတွေမရှိရင် ကိုယ့်ကိုဘယ်လို ဆိုးကျိုးတွေ ရှိလာနိုင်လည်း။
- ကိုယ်မသိဘဲဖြစ်တည်နေတဲ့ကိုယ့်
- ကိုယ့်လိုချင်တဲ့အောင်မြင်မှုေ
အပေါ်ကမေးခွန်းတွေအပြင် တခြားကိုယ်စဉ်းစားမိတဲ့မေးခွန်
Ref: Mind Tools
Thanks to Aik Sai for resource.
GREENHILL
No comments:
Post a Comment