scholarship လို့ ဆိုလိုက်ရင် များသောအားဖြင့်နားလည်လိုက်ကြတာက ပညာသင်ဆု ဆိုတဲ့ အဓိပ္ပါယ်ပေါ့...။.ကိုယ်လို ဘုန်းကြီးကျောင်းသားတစ်ယောက်အတွက်
နိုင်ငံခြားပညာတော်သင်ဆု ဆိုတာမျိုးက နိုဘယ်ဆုရသလိုမို့ ...
စကောလားရှစ်အခွင့်အရေးတွေကို နီးစပ်ရာ နောက်လူတွေကို ပြောပြ
အကြံပေးဖြစ်လေ့ရှိစမြဲ…။ ခက်တာက..မြန်မာလူငယ်တွေတော်တော်များများဟာ ….ပညာသင်ဆု လျှောက်ဖို့ ကိစ္စနဲ့ ပတ်သက်လာရင် “ဖြစ်မှာမဟုတ်ပါဘူး..ရ
မှာမဟုတ်ပါဘူး”
ဆိုတဲ့ သိမ်ငယ်စိတ် (inferiority complex) ကအရင်လာကြလေ့ရှိတယ်…။ ၂
နှစ်လောက် ပြင်းပြင်းထန်ထန်လုပ်ရင် ရနိုင်တဲ့ အင်္ဂလိပ်စာ ဆိုတဲ့ ဘာသာစကား
တောင်ကြီးကို မကျော်လွားနိုင်တာ၊ ဇွဲမရှိတာနဲ့ ပဲ လက်လန်ကုန်ကြတာ
များတယ်..။ ဒီအထဲမှာ တက္ကသိုလ်ဆရာ၊ ဆရာမတွေပါ ပါနေတာ…။
ဒါပေမယ့်…ညံ့ဖျင်းတဲ့ ပညာရေးစံနစ်ရယ်…ဘွဲ့ ဝတ်စုံတွေနဲ့ ဆန္ဒပြကြတဲ့
ကျောင်းသားတွေရယ်နဲ့ ပတ်သက်ပြီး ပြောကြဆိုကြ တောတွေ ဖတ်မိတော့ scholarship
ရဲ့  နောက်အဓိပ္ပါယ်တစ်ခုကို မနေနိုင်မထိုင်နိုင်
ပြောချင်ဆိုချင်လာပြန်ရော။ scholarship ဆိုတာ “ လေ့လာသင်ယူခြင်းဖြင့်
ရရှိရမယ့် အသိပညာ” ဆိုတဲ့ အဓိပ္ပါယ်လည်းရတာကိုး..….။
ပုဂ္ဂိုလ်ရေးအမြင်အရ..ဘွဲ့ ဝတ်စုံတွေနဲ့ ဆန္ဒပြတဲ့ ကျောင်းသားတွေရဲ
့လုပ်ရပ်ကို အားပေးတယ်…။ ရန်ကုန်ရောက်ရင် ရွှေတိဂုံ သာမတက်ဘဲ နေချင်နေမယ်..
မိန်းထဲရောက်အောင်မသွားရမနေနိုင်၊
လှည်းတန်းအ၀ိုင်းက ဘ၀ရဲ့ အစိတ်အပိုင်း ဖြစ်နေတဲ့ သူမို
့မြန်မာပြည်မှာသာရှိနေခဲ့ရင် ကိုယ်ကိုယ်တိုင်တောင် ၀င်ပြီး
ဆန္ဒပြမိဦးမှာအမှန်ပဲ…..။ ကျောင်းသားဟာ ကိုယ့်ဆန္ဒ၊ ကိုယ့်အမြင်ကို
ထုတ်ဖေါ်ပြသတာဟာ ပညာရေးရဲ့ လိုအပ်ချက်တစ်ခုပဲ…။ RIGHT TO PARTICIPATION…ပဲ။
သင်ယူခြင်း သင်ကြားခြင်း ရဲ့ အစိတ်အပိုင်းတစ်ခုပဲ လို့ မြင်တယ်..။
စံနစ်လို့ ပြောလိုက်တာနဲ့ လူ့ အဖွဲ့ အစည်းနဲ့ ချီတဲ့ ….မူဝါဒ နဲ့ ဆိုင်သွားပြီ။ ဒီတော့ …ပညာရေးစံနစ်တစ်ခုကိုဖျက်ဆီးသူဟာ
အစိုးရမှအပ အခြားမရှိပါဘူး..။ ပညာရေးစံနစ် ညံ့ဖျင်းပျက်စီးရခြင်းမှာ
ပေါ်လစီချမှတ်သူ၊ အကောင်အထည်ဖေါ်သူ နိုင်ငံတော်အဆင့်မှာ
လုံးလုံးတာဝန်ရှိနေတာပဲ..။ အထူးသဖြင့် အရှေ့ တောင်အာရှရဲ့ အောက်စဖို့ လို
့တောင်ပညတ်ရတဲ့ မြန်မာ့ပညာရေးကို ဖျက်ဆီးသွားတဲ့…အဆက်ဆက်သော ဘောင်းဘီဝတ်
ဘောင်းဘီချွတ်အစိုးရတွေကို ဆန္ဒပြရုံတင်မက အပစ်ပေးသင့်သေးတာ....။
ပညာရေးဗရုတ်ဗရက်ခေတ်မှာ ကုတ်ကပ်တွယ်တက်ခဲ့ရသူမို့ လို့ …ဒီ စစ်အစိုးရ
အဆက်ဆက်ကို ရာဇ၀တ်သား ကားစင်တင်သလို..ဂီလိုတင်ဓါးစက်နဲ့ အပစ်ပေးသလို လုပ်ချင်မိလောက်အောင် ပေါက်ကွဲမိတာတော့ အမှန်ပဲ..။
ဒါပေမယ့်….ဆန္ဒပြကျောင်းသားတွေအနေနဲ
့လွဲမှားသွားတာက ပါဖောမင့်ပြကွက်က ပေးချင်တဲ့ သတင်းစကားပဲ။ ဒါဟာလည်းကနေ
့ခေတ် မြန်မာတို့ ရဲ့ လွဲမှားနေတဲ့ ပညာရေးအပေါ် သိမြင်တဲ့အမြင်
(PERCEPTION) ကြောင့်လို့ ထင်မိတယ်....။ ပညာရေးစံနစ်ဟာ ပျက်ဆီးချို
့ယွင်းနေတာမှန်တယ်..။ ဒါပေမယ့် ပဲပြုတ်ရောင်းတာ၊ ဂျာနယ်ရောင်းတာဟာ
အောက်ကျနောက်ကျ အလုပ်လို့ မြင်တဲ့သဘော ဖြစ်နေတယ်..။ အင်္ဂလန်လို နိုင်ငံမှာ
တက္ကစီမောင်းသမားတစ်ယောက်ဟာ သာမန်ဆရာဝန်လောက် ၀င်ငွေရှိတယ်…။ အမှန်တကယ်သာ
ကျွမ်းကျင်ပါစေ…လက်သမား..ပန်းရံ စသဖြင့် မြန်မာတွေ အထင်မြင်သေးတတ်ကြတဲ့ အလုပ်တွေဟာ လည်းပဲ သူ့ ဂုဏ်နဲ့ သူတင့်တယ် မှုရှိတယ်ဆိုတာကို မမြင်နိုင်သေးတဲ့သဘော..။
တဖက်ကကြည့်ရင်လည်း အမှန်ပညာလိုလားသူ (Scholar) တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်
ပဲပြုတ်တောင်းထဲမှာ သင်ယူစရာ အသိပညာတွေ scholarship တွေတပုံတပင်ပါ..။
ဂျာနယ်လက်ပွေ့ ရောင်းတဲ့ လုပ်ငန်းမှာ သင်ယူရရှိစရာ scholarship
တွေအများကြီးပါ..…။ ဒါကို လည်းနားလည်ရမယ်..။
အသက်မွေးဝမ်းကြောင်းပညာ (vocation) နဲ့ တက္ကသိုလ်ပညာရေး (academic) ကို
ခွဲမြင်တတ်ဖို့ ...။ မြန်မာ့ယဉ်ကျေးမှုမှာ vocational education ကို
အထင်မြင်သေးချင်တဲ့ သဘောရှိတယ်လို့ မြင်မိတယ်..။ တလောက
ဆြာတစ်ယောက်ရေးသလိုပေါ့…တရုပ်ကုလား လူမျိုးခြားတွေက အတန်းပညာကို သေစာရှင်စာလောက်ပဲသင် အသက်မွေးဝမ်းကြောင်းပညာတစ်ခုခုနဲ့ ငွေရှာစီးပွားလုပ်နေကြချိန်မှာ မြန်မာအများစုက သုံးစားမရတဲ့ ပညာရေးစံနစ်ကပေးတဲ့ ဘွဲ့ လက်မှတ်အတွက် အချိန်ဖြုန်းသလိုဖြစ်နေကြတယ်..။
ဒီနေရာမှာ တက္ကသိုလ်ပညာဆိုတာ အတွေးအခေါ်ကို (WAY OF THINKING) လေ့ကျင့်ပေးတာ
ဆိုတဲ့ သဘောကို ပြောကြတာပေါ့လေ..။ “တက္က = ကြံစည်ခြင်း၊ သီလ =အလေ့အကျင့်”
ဆိုတဲ့ ၀န်ဆောင်မှုလုပ်ငန်းကို မြန်မာ့ တက္ကသိုလ် တွေဟာ အမှန်တကယ်
လေ့ကျင့်ပေးနိုင်ရဲ့ လား ..။ အချက်အလက်တွေကို “၏ ၊သည် မရွေး” မလွဲအောင်
ပြန်အန်ထုတ်နိုင်မှ အမှတ်များများပေးတဲ့ assessment စံနစ်အားကောင်းတဲ့
ပညာရေးစံနစ်မှာ ဝေဖန်သုံးသပ်နိုင်စွမ်း (critical thinking) ကို
ကျောင်းသားတစ်ယောက်က ဘယ်လိုဖွံ့ ဖြိုးအောင်လုပ်နိုင်မှာလဲ…။ ဒါနဲ
့ပတ်သက်လို့  မကြာသေးခင်က.. “ဘာသာရေးက မြန်မာ့ပညာရေးစံနစ်ကို ဖျက်ဆီးတယ်”
ဆိုတဲ့သဘောမျိုး ဂျာနယ်တစ်ခုက ဖွတာကို သွားအမှတ်ရမိတယ်..။....
ပြောတဲ့သူကလွဲမှားတဲ့ မြန်မာ့ပညာရေးဓလေ့နဲ့ အမြင်ကိုပြောချင်တာလို့ ပဲ
အပြုသဘောနားလည်ပေးလိုက်မိတယ်….။
တကယ်က…ဘာသာရေးဆိုတာဟာ
ပညာရေးမှာ ထဲထဲဝင်ဝင်ပါတ်သက်နေတာပဲ..။ ကိန်းဘရစ်ခ်ျ၊ အီတန်၊ အာက်စဖို
့အစရှိတဲ့..ကမ္ဘာ့ထိပ်သီး တက္ကသိုလ်ကြီးတွေဟာ ဘာသာရေးကိုအကြောင်းပြု ပြီး
ပေါ်ပေါက်လာကြတာပဲ..။ …မြန်မာပြည်အရပ်ရပ်မှာ စာဝါလိုက်ကြတဲ့ ဦးဇင်းတွေနဲ
့စာချကျောင်းကြီးတွေလိုပဲ. ဒီတက္ကသိုလ်ကြီးတွေမှာ
ခရစ်ယန်ဘုရားရှိခိုးကျောင်း (chapel) တွဲလျှက်ရှိနေတာပဲ..။ ဆောက်ထားတဲ့
အဆောက်အဦးတွေရဲ့ ပုံစံကို ပြောရာမှာပဲဖြစ်ဖြစ်…လေ့လာသင်ကြားကြတဲ့ပုံစံကိုပြောဆိုရာမှာပဲဖြစ်ဖြစ်
“monastic community” နေထိုင်မှုပုံစံတွေပါဘဲ…။ ဒီလို အတူတကွဆွေးနွေးကြ၊
ငြင်းခုန်ကြ၊ အသိအမြင်ဖလှယ်ကြ၊ ညစာအတူစားကြတဲ့… လူ့ ရပ်ရွာနဲ့ 
သီးခြားဖြစ်နေတဲ့အဖွဲ့ အစည်းကို ဘုရင်တွေ၊ သူကောင်းမျိုးတွေ၊
သူဋ္ဋေးသူကြွယ်တွေက ထောက်ပံ့ရင်းနဲ့ ကနေ့ တက္ကသိုလ်ကြီးတွေအဖြစ်ဖွံ
့ဖြိုးလာတာပဲ..။
သတိပြုဖို့ က ဒီလို ၀ါသနာတူရာစုပြီး
လေ့လာကြတဲ့ သူတွေဟာ အသက်မွေးဝမ်းကြောင်းအတွက် အကျိုးတစုံတရာ မျှော်လင့်ပြီး
ဆည်းပူးခဲ့ကြတာမဟုတ်ဘူး..။ …သမိုင်းကို ပြန်ကြည့်ရင်… ပညာကို
အသက်မွေးဝမ်းကြောင်းအတွက်အသုံးချဖို
့အလျင်းမရည်ရွယ်ဘဲ… လေ့လာဆည်ပူးတဲ့ ဓလေ့ (Academic) ဟာ…ပိုက်သဂိုးရပ်စ်
ဂိုဏ်းသားတွေက စီးဆင်းလာတာ...။ “Academy” ဆိုတဲ့စကားလုံးကိုယ်တိုင်က
ဂရိတောအုပ်ကလေးတစ်ခုရဲ့ နာမည်..။ ဒီပိုက်သဂိုးရပ် ဂိုဏ်းသားတွေ နဲ့ ဂရိတွေ
ဟာ ကနေ့ ခေတ်ပညာရေးရဲ့ နယ်ပယ်အားလုံးနီးပါးလောက်နဲ့ သင်ယူခြင်းဆိုင်ရာ
နည်းနာတွေရဲ့ အခြေခံအုတ်မြစ်တွေကို ခိုင်ခိုင်မာမာချပေးခဲ့ကြတဲ့သူတွေ....။
အင်ဂျင်နီယာအတတ်၊ ဗိသုကာ၊ လူမှုရေးသိပ္ပံ၊ နက္ခတ္တဗေဒ၊ သချာင်္
စသဖြင့်..သိပ္ပံရဲ့ ဘုရားတစ်ဆူအဖြစ် ပိုက်သဂိုးရပ်စ် ကို
အသိအမှတ်ပြုရလောက်အောင်ပါပဲ..။
ဒီ ပိုက်သဂိုးရပ်လူ့ အဖွဲ
့အစည်းရဲ့ စည်းမျဉ်းတချို့ ဟာ ကွန်မြူနစ်ဝါဒရဲ့ သဘောတရားတွေကို အဦးဆုံး
ကျင့်သုံးခဲ့ကြတာလို့ တောင်ဆိုနိုင်တယ်....။ ပုဂ္ဂလိက
ပိုင်ဆိုင်မှုအနည်းငယ်ပဲရှိရပြီး အများပိုင် ဘုံပိုင် သံဃိက အဖြစ် သုံးစွဲကြတာ…အချင်းအချင်းကြားမှာ
ထက်အောက် ဆက်ဆံရေးမရှိ…တန်းတူ မိတ်ဆွေအနေနဲ့ ဆက်ဆံကြတာ…စသဖြင့်..။ ဗုဒ္ဓရဲ
့သံ ဃာ့ အဖွဲ့ အစည်းလိုပေါ့..။ ကနေ့ ခေတ်ကလေးတွေရဲ့ ဂျော်မက်ထရီ
(geometry) ဆိုတာဟာ ပိုက်သဂိုးရပ်ဂိုဏ်းသားတွေအတွက် က ပိဋ္ဋကတ်ကျမ်းစာပဲ..။ ပြီးတော့..ဒီဂိုဏ်းသားတွေဟာ တင်းကျပ်တဲ့ သက်သက်လွတ်သမားတွေဖြစ်ကြပြီးတော့..ခပ်ကြောင်ကြောင်စည်းမျဉ်းတွေလည်းရှိကြတယ်လို
့ဆိုတယ်…။ ဥပမာ ပဲစေ့ (bean) ကိုမစားရဆိုတာမျိုး..။ ဗုဒ္ဓရဲ့ ဝိနည်း၂၂၇
သွယ်ထဲက သစ်ပင်သစ်ခက် ကို ချိုးဖြတ်မိတဲ့ ရဟန်း အာပတ်သင့်တဲ့ သိက္ခာပုဒ်ကို
သွားအမှတ်ရစရာပေါ့..။ Very Purist တွေပေါ့လေ…။
..ဒါပေမယ့်…
ပိုက်သဂိုးရပ် ဂိုဏ်းသားတွေရဲ့ အပြင်းထန်ဆုံးပါရာဇိက သိက္ခာပုဒ်က သူတို
့အဖွဲ့  လေ့လာဆည်းပူးရင်းရရှိလာတဲ့ အသိပညာကို လောကီကြောင်းမှာ အသုံးမချရ
(no application) ပါတဲ့..။ အသိပညာအတွက် အသိပညာသက်သက် လေ့လာဆည်းပူးခြင်း
(knowledge for knowledge sake)။ အသိပညာကို ချစ်မြတ်နိုးသူ ဆိုတဲ့
အဓိပ္ပါယ်ရတဲ့ …ဂရိစကားလုံး ၂ လုံးကို ပေါင်းထားတဲ့ …philosopher
ဆိုတာကိုပါထွင်ခဲ့တာ..။ ဒါကိုပဲ Academician အကဲဒမစ်သမားလို့ ကနေ့ ခေတ်မှာ
ခေါ်ဝေါ်ကြတာပဲ..။
ဒီစည်းမျဉ်းကို ပထမဆုံး ချိုးဖေါက်သူ အလဇ္ဇီကတော့
အာဒီမီဒီးစ် ပေါ့..။ ဆွေမျိုးရင်းကြီး ရှင်ဘုရင်ရဲ့ သရဖူ
ရွှေစစ်မစစ်ကိုဖေါ်ထုတ်တဲ့ သူ၊ တိုင်းပြည်ကို လာတိုက်ခိုက်သိမ်းပိုက်တဲ့
ပါသျှန်းတွေကို ပြန်ခုခံဖို့ မှန်ဘီလူးတွေ၊ စက်သီး တွေကို
တီထွင်တပ်ဆင်ခဲ့တဲ့ အင်ဂျင်နီယာ။ ကနေ့ ခေတ်လို ရိုးရှင်းတဲ့ ဆယ်လီစိပ်
ဂဏန်းစံနစ် (Number system) သာ ရှိခဲ့ရင် ကဲကုလ သချာင်္ကို အိုင်ဆက်
နယူတန်ထက် အရင် ဖေါ်ထုတ်နိုင်ခဲ့မယ့် သချာ်ပညာရှင်..။ ဒီတော့ အာခိမီဒီးစ်ဟာ
အဦးဆုံးသော အသုံးချ သိပ္ပံပညာရှင် ကြီးပေါ့..။ ဒီကနေ ဆက်စဉ်းစားကြည့်ရင်
..ကနေ့ ခေတ် ပညာရပ်တွေရဲ့ နတ်ဘုရားတစ်ဆူ ပိုက်သဂိုးရပ်စ်သာ
ရှိနေသေးရင်တော့ ဒီလို R&D (Research & Development) ကို
စီးပွားရေးတိုးတက်မှုအတွက် အသုံးချတဲ့သူတွေကို ရှုံ
့ချမှာအမှန်ပဲဆိုတာ....။ ဒါကကြတော့ တကယ့် ပညာရှင်အစွန်း..
ဒါပေမယ့်…ဒီလို တကယ့်အကဲဒမစ်ပညာဆည်းပူးဖို့ က အထောက်အပံ့ကောင်းကောင်းပေးတဲ့
ပတ်ဝန်းကျင်ရှိရတယ်. Enabling Environment။ ဒီ့အတွက် ရာစုနှစ်တွေနဲ
့ချီစုဆောင်းထားရတဲ့ အသိပညာဆိုင်ရာမှတ်တမ်းမှတ်ရာတွေ
ရှိရတယ် (Knowledge Bank)…။ ဒီအသိပညာကို ကောင်းကောင်းဆည်းပူးထားတဲ့
ပုရောဟိတ်တွေရှိရတယ်..။ ဒါကြောင့်ပဲ ကမ္ဘာ့တက္ကသိုလ်ကြီးတွေရဲ
့အဆင့်အတန်းကို စာကြည့်တိုက်၊ သင်ထောက်ကူ၊ သင်ကြားတဲ့ဆရာရဲ့ အရည်အသွေး
စသဖြင့် အကဲဖြတ်ကြတာပဲ..။.ဒါပေမယ့်လည်း…ဒီလို
သင်ယူမှုအခွင့်အလမ်းတွေ learning opportunities တွေ ဘယ်လောက်ပဲများနေပါစေ
တကယ်သင်ယူတတ်မြောက်မှုဟာ အဆုံးမှာ သင်ယူသူ ကျောင်းသားရဲ့ အပေါ်မှာ
လုံးလုံးမူတည်နေတာ self-study..။ ဆရာ (သို့ ) ပါမောက္ခ ဆိုတာ
စာကြည့်တိုက်မှူးသာသာပဲ..။ လက်ချာဆိုတာ မတက်မနေရမဟုတ်။ ဒါပေမယ့်
အတန်းသားတွေနဲ့ ဆရာ ဆွေးနွေးမှု (ကျူတိုရီယယ်ပေါ့) ကိုတော့ မဖြစ်မနေ
လုပ်ကြရတာပဲ.. (Compulsory)။
အမေရိကန်ပညာရေးမှာတော့
Seminar class လို့ ခေါ်တဲ့ စာမေးပွဲမရှိတဲ့ အတန်းတွေရှိတယ်..။ တပါတ်စာ
ဖတ်ရမယ့်စာတွေကို ကြိုဖတ်ပြီး ကျောင်းသားတွေဟာ ခေါင်းစဉ်တစ်ခုကို
ဝိုင်းဆွေးနွေးကြရ…အက်ဆေးတစ်ပုဒ်ကို အပတ်စဉ် ရေးကြရတယ်..။ စာသင်နှစ်အဆုံးမှာ စာတမ်းတစ်စောင်ကိုရေးကြရတာပဲ..။
အင်္ဂလန်ပညာရေးမှာတော့ စကားလုံးရေ ၃၀၀၀ လောက်ရှိတဲ့ အက်ဆေးတစ်ပုဒ်ကို
အပတ်စဉ်လိုက်ရေးကြရတယ်..။ ပြီးရင် စာမေးပွဲစစ်..ကျမ်းတစ်စောင်ပြုစု
စသဖြင့်..။ ဒါက ဘွဲ့ လွန်ပညာရေးပေါ့လေ..။ ဘွဲ့ ကြိုတန်းတွေမှာတော့
ဒီလောက်တော့ မလုပ်ရဘူးပေါ့..။ ဒီလိုရေးရတဲ့ အက်ဆေးဆိုတာတွေကလည်း
ငြင်းခုန်ချက်တစ်ခု အစ်ရှူးတစ်ခုကို ဆုပ်ကိုင်ပြီး ဖတ်ထားတဲ့ အချက်အလက်
အကိုးအကားတွေနဲ့ ကိုယ့်အမြင် ကိုယ့်ရပ်တည်ချက်ကို ခိုင်လုံအောင် ခုခံချေပ
ရေးကြရတာ..။ အမှားအမှန်မရှိသော ဆွေးနွေးမှု။ အားလုံးဟာ
ကိုယ့်အတွင်းထဲကနေထွက်လာရတာ..။ ကိုယ့်ရဲ့ မူပိုင်ဖြစ်ရတယ် (ORIGINALITY
& CREATIVITY)။ ဒါတွေကိုကြည့်ရင် ပညာရေးဆိုတာ သစ်စေ့ကလေးကနေ
အညှောင့်ပေါက်၊ အကိုင်းအခက် အရွက်အလက်နဲ့ ပင်စည်ကြီးဖြစ်၊ ဒီကမှတဆင့်
အပွင့် အသီးတွေ ဝေေ၀ဆာဆာနဲ့ လောကကြီးကိုပြန်လည်အကျိုးပြုတဲ့ ဖွံ
့ဖြိုးမှုဖြစ်စဉ်ဆိုတာ တွေ့ရမယ်။ သောက်ရေအိုးထဲကို ရေလောင်းထဲ့တယ့်
ကိစ္စမျိုးမဟုတ်ဘူး။
ဒီတော့..ပြန်ချုပ်ရရင်
စံနစ်ကောင်းပင်ရှိလင့်ကစား ကိုယ်က အသုံးမကျရင် မထွန်းပေါက်နိုင်ဘူး..။
စံနစ်မကောင်းဦးတော့ ရှိနေတဲ့ ပေးထားချက်ကနေ အကောင်းဆုံးအဖြေထွက်အောင်
လုပ်နိုင်ရင် လည်း တဆင့်ချင်းသွားလို့ ရတာပဲလေ..။ အဆုံးမတော့ “ငါကျန်းမာဖို
့၊ ငါ့တာဝန်၊ ငါကုသိုလ်ရဖို့ ငါ့တာဝန်၊ ငါစိတ်ချမ်းသာဖို့ ငါ့တာဝန်
ဆိုသလိုပဲ…ငါပညာတတ်ဖို့ ငါ့တာဝန်လို့ ” ခံယူထားရင် အောင်မြင်မှု
တစ်စုံတစ်ရာတော့ ရမှာပဲ..။ ပညာကို ချစ်တတ်ရင် စကေလားရှစ်တစ်ခုကိုတော့
သိမ်းပိုက်မိမှာပဲ..။ ၀မ်းရေးဆိုတာဟာလည်း ကျွဲကူးရေပါဖြစ်လာမှာပါ...။
ချမ်းသာဖို့တော့ မမျော်လင့်နဲ့ပေါ့..။ကနေ့ ခေတ်လို
နည်းပညာတွေပေါက်ကွဲနေတဲ့... ကမ္ဘာဟာ ရွာကြီးဖြစ်လာတဲ့
...အင်တာနက်ခေတ်ကြီးမှာ ပတိရူပဒေသ၀ါသောစ (Enabling Environment) ဆိုတာ
အခွင့်အရေးကို ကိုယ်ဘယ်လိုမြင်သလဲဆိုတာအပေါ်မှာ အများကြီးမူတည်ဆယ်ဆိုတာလည်း မေ့လို့ မရဘူးပေါ့
No comments:
Post a Comment