Wednesday, December 26, 2012 - 15:37
ကော်ဖီဆိုင်တစ်ဆိုင်ကို ဘယ်လိုဖွင့်မလဲ
------------------------------
ဂုဏ်ရည်
----------
သင်သည် အနံ့အရသာနှင့် ပြည့်စုံသည့် ကော်ဖီကောင်းကောင်းတစ်ခွက် သောက်ရင်း မိတ်ဆွေ သူငယ်ချင်းများနှင့် စကားလက်ဆုံကျပြီး အချိန်များ ကုန်ဆုံးချင်သည်ဆိုလျှင် အကောင်းဆုံး နည်းလမ်းမှာ ကော်ဖီဆိုင်များတွင် ထိုင်မည့်အစား သင်ကိုယ်တိုင် ကော်ဖီဆိုင်တစ်ဆိုင် ဖွင့်လိုက်ခြင်းပင် ဖြစ်သည်။
သင့်ကိုယ်ပိုင် ကော်ဖီဆိုင်ကို ဖွင့်လိုက်ပြီဆိုလျှင် သင်သည် လွန်ခဲ့သည့် နှစ်များဆီက ဆော်လ်မွန်ဘုရင် အုပ်စိုးနေသည့်အချိန်၌ ထွန်းကား ခဲ့သော ယဉ်ကျေးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်လာမည် ဖြစ်သည်။
ကော်ဖီဆိုင်များသည် ယဉ်ကျေးမှုထွန်းကားနေသည့် လူ၏ သဘောသဘာဝကို ဖော်ဆောင် နေသော ပြယုဂ်တစ်ခုလည်း ဖြစ်သည်။ ထို့ပြင်လူအများစုရုံးပြီး နိုင်ငံရေးများ ဆွေးနွေးရန်၊ သီချင်းနှင့် ကဗျာများ သီကုံးရန် သို့မဟုတ် ကြည်နူးရင်ခုန်ဖွယ်ရာ ချစ်ခြင်းစကားများ ပြောဆိုရန်တို့အတွက် အထောက်အကူပြုသည်ကလည်း ကော်ဖီဆိုင်များပင် ဖြစ်သည်။
ကော်ဖီကို လူမှုရေးကဏ္ဍ အရေးကိစ္စရပ်များအတွက် ကျယ်ကျယ်ပြန့်ပြန့် အမှန်တကယ် လက်ခံ ကြသည်။ ယင်းနောက် ကော်ဖီဆိုင်ဖွင့်ခြင်းသည် ပုဂ္ဂလိကပိုင် ကော်ဖီဆိုင်ရှင်များအတွက် အမှန်တကယ် အကျိုးအမြတ်များစေသည့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သည်။
ကော်ဖီဆိုင်ကို စတင် တည်ထောင်ဖွင့်လှစ်လိုက်သည့် လုပ်ငန်း ၉၀ ရာခိုင်နှုန်းက အောင်မြင်သွား ပြီးနောက် ကမ္ဘာကျော် ကော်ဖီဆိုင်ဖြစ်သော Starbucks ကဲ့သို့ ကော်ဖီဆိုင်၏ ဘေးမှာပင် ဖွင့်လှစ်နိုင်သည် အထိ ဖြစ်သွားကြသည်ဟု ဂျာနယ်လစ် တေလာကလက်ခ် ရေးသားသည့် “ Don’t Fear Starbucks Why the franchise actually helps mom and pop coffeehouses” ဆိုသော ဆောင်းပါး၌ ပါရှိသည်။ “မတန်မဆဈေးနဲ့ ရောင်းချနေတဲ့ ကော်ဖီဆိုင်တွေဆီက ကောင်းမွန်တဲ့ အနံ့အရသာနဲ့ ပြည့်စုံနေတဲ့ ကော်ဖီ တွေကို အစဉ်တစိုက် ဆာလောင်နေတဲ့ အမေရိကန်နိုင်ငံကို ထောက်ဆကြည့်မယ်ဆိုရင် သယ်ယူနိုင်စရာ ငွေကြေးအမြောက်အမြား ရှိနေတယ်“ ဟု ဆောင်းပါး၏ နိဂုံးကို အဆုံးသတ်ထားသည်။
သင့်အသက်မွေးဝမ်းကျောင်းအလုပ်အိ
လမ်းညွှန်ချက်ဆိုင်ရာများရေးသားေ
ထို့ပြင် ၎င်းသည် စက်မှုလုပ်ငန်းဆိုင်ရာစာအုပ်များ
ထို့နောက် သူ၏လမ်းညွှန်မှုများထဲတွင် သင့်ကို သူ၏ အတွေ့အကြုံများနှင့်တကွ အတွင်းကျကျ အချက်အလက်များ၊ အောင်မြင်နေသည့် ကော်ဖီဆိုင်ပိုင်ရှင်များ၏ ပညာရှင်ဆန်သော အကြံဉာဏ် ပေးချက်များကို ဝေမျှသွားမည်ဖြစ်သည်။ အဆိုပါလမ်းညွှန်မှုထဲ၌ ကော်ဖီဆိုင်လုပ်ငန်းကို လုပ်ချင်သူများ အားလုံးအတွက် ပဓာနကျပြီး အရေးကြီးသည့် အချက်အလက် ခေါင်းစဉ်များ ပါဝင်ရာ အောက်ပါအတိုင်း ဖြစ်သည်။
ကော်ဖီဆိုင်လုပ်ငန်းကို ဘယ်လိုစတင်ဖွင့်လှစ်မလဲ
* သင့်ကော်ဖီဆိုင်အတွက် စီးပွားရေးစီမံကိန်းကို ဘယ်လိုရေးဆွဲ ဖန်တီးမလဲ၊
* ဘယ်လိုကုမ်္ပဏီမျိုးကို ဖွဲ့စည်းပုံဖော်ချင်တာလဲ၊
* ယာဉ်ကြောတွေ၊ လူအသွားအလာတွေစတဲ့ အချက်အလက်တွေ အပါအ၀င် နေရာအကွက် အကွင်းကို ရွေးချယ်တဲ့နေရာမှာ ဘာတွေ ကို ထည့်သွင်းစဉ်းစားရမလဲ၊
* ရှိနေပြီးသား စားသောက်ဆိုင်ကို တစ်ဆင့်ဝယ်ယူလိုက်ပြီး ဘာကြောင့် အဲဒီလို စားသောက်ဆိုင် ဟောင်းတစ်ခုကို လွှဲပြောင်းယူ လိုက်ခြင်းက ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းမဟုတ်တာလဲ၊
ကိုယ်ပိုင်ကော်ဖီဆိုင်တစ်ခုကို တည်ထောင်ခြင်း
(၁) မြေနေရာကို ငှားရမ်းခြင်းနဲ့ ၀ယ်ယူခြင်း အားပြိုင်ချက်၊
(၂) ကောင်းမွန်တဲ့ ကန်ထရိုက်တာရွေးချယ်ခြင်း၊
(၃) ငွေကုန်ကြေးကျများတဲ့ အသစ်အဆန်းအရာတွေကို ဘယ်လို ရှောင်ရှားမလဲ၊
* အစဉ်အလာမဟုတ်တဲ့ အခြားသော ငွေအရင်းအမြစ်များ အပါအ၀င် မတည်ငွေရင်းကို ဘယ်မှာ ရှာမလဲ၊
* လုပ်ငန်းစဖို့အတွက် ကုန်ကျမယ့် စရိတ်စကတွေကို လျှော့ချနိုင်မယ့် နည်းလမ်းများ၊
* အစားအသောက်များ၊ မီနူးများအတွက် ကြိုတင်ပြင်ဆင်ခြင်း၊
လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းများနဲ့ ထောက်ပံ့ရေးပစ္စည်းများ
(၁) ကော်ဖီဆိုင်လုပ်ငန်းစတင်ဖို့အတွ
(၂) လိုအပ်တဲ့ပစ္စည်းတွေကို အသုံးပြုပြီးသား လက်ဟောင်းတွေပဲဝယ်ပြီးတော့ ငွေကို ဘယ်လို ချွေတာ နိုင်မလဲ (ဘယ်လိုပစ္စည်းမျိုးကို ဆိုရင်တော့ လက်သစ်ဝယ်သင့်သလဲ)၊
(၃) အကောင်းဆုံးကော်ဖီဖျော်စက်ဝယ်နိ
သင့်ကော်ဖီဆိုင်ကို ဘယ်လိုစီမံကိုင်တွယ် အုပ်ချုပ်မလဲ
* နေ့စဉ် လည်ပတ်နေရတဲ့ သင့်ကော်ဖီဆိုင်လုပ်ငန်းအတွက် ထိရောက်မှုရှိတဲ့ စနစ်ကို ဘယ်လို ဖွံ့ဖြိုး တိုးတက်အောင် လုပ်မလဲ၊
* ထိန်းသိမ်းစောင့်ရှောက်မှုတွေ၊ ပြုပြင်မှုတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ။
ဝန်ထမ်းများနှင့် စီမံလုပ်ကိုင်ခြင်း
(၁) သင့် ကော်ဖီဆိုင်မဖွင့်ခင် ၀န်ထမ်းများ ကြိုတင်ရှာထားခြင်း၊
(၂) အင်တာဗျူးမှာ အလုပ်လျှောက်ထားသူတွေကို မေးရမယ့် မေးခွန်း များ၊
(၃) မှားယွင်းတဲ့ ၀န်ထမ်းရွေးချယ်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် ရည်ညွှန်းချက်တွေကို ဘယ်လို စစ်ဆေးမလဲ၊
(၄) ၀န်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးဖို့ အကျိုးရှိ ထိရောက်တဲ့ နည်းများ၊
(၅) အလုပ်သမား ကုန်ကျစရိတ်အပေါ် ငွေကို ခြိုးခြံချွေတာခြင်း နည်းလမ်းလေးသွယ်၊
(၆) ၀န်ထမ်းများရဲ့ စိတ်ဓာတ်ရေးရာကို မြှင့်တင်ပေးခြင်းနဲ့ လုပ်ငန်းရှင်စိတ် ဖြစ်ပေါ်လာစေဖို့ နည်းလမ်း များ (ယင်းသည် သင့်ဝန်ထမ်းများက ၀မ်းမြောက်ဝမ်းသာနှင့် သင့်ကော်ဖီဆိုင် အကျိုးဖြစ်ထွန်းဖို့ရန် ၀ိုင်းဝန်းကူညီလာစေနိုင်သည်။)
စားသုံးသူဖောက်သည်များနှင့် ဆက်ဆံရေးများ
(၁) စားသုံးသူများရဲ့ တုံ့ပြန်ချက်များကို သင့်လုပ်ငန်း တိုးတက်ဖို့အတွက် ဘယ်လို အသုံးချမလဲ၊
(၂) သင့်ကော်ဖီဆိုင်အတွက် မကြာခဏ စားသုံးသူဖောက်သည်အစီအစဉ်ကို ဘယ်လိုဖွံ့ ဖြိုးအောင် လုပ်မလဲ၊
(၃) အင်တာနက်မှတစ်ဆင့် စားသုံးသူများကို ကမ်းလှမ်းခြင်း၊
ကော်ဖီဆိုင်ပိုင်ရှင်များအတွက် ဘဏ္ဍာရေးစီမံခန့်ခွဲမှု
(၁) ဘတ်ဂျက်ငွေကို ဘယ်လိုသတ်မှတ်မလဲ၊
(၂) အရောင်းလုပ်ငန်းများကို ခြေရာခံခြင်းဆိုင်ရာ အကျိုးထိရောက်မှုရှိသော နည်းလမ်းများ၊
(၃) အရောင်းစာရင်းနဲ့ ကုန်ပစ္စည်းတန်ဖိုးများကို ဘယ်လို တွက်ချက်မလဲ၊
(၄) စာရင်းအင်းလွဲမှားမှုများကို ဘယ်လိုလျှော့ချမလဲ၊
(၅) ထိန်းသိမ်းနိုင်သော ကုန်ကျစရိတ် ရှစ်မျိုး၊
(၆) ချမ်းသာကြွယ်ဝမှုကို ဘယ်လိုတည်ဆောက်မလဲ၊ ကြွေးမြီများကိုလည်း ဘယ်လိုရှင်းပေးမလဲ စသည်တို့ ဖြစ်သည်။
နောက်ထပ်အနေနဲ့ အကြံဉာဏ်ပြုချက် အရင်းအမြစ်တွေကတော့ -
အဖိုးတန်လှတဲ့ ဆောင်ရွက်ဖို့ စာရင်းများနဲ့ နမူနာများ
(၁) သင့်ကော်ဖီဆိုင်မဖွင့်ခင် လုပ်ဆောင်ရမယ့် ဆောင်ရွက်ဖို့စာရင်း၊
(၂) လိုအပ်တဲ့ ပစ္စည်းများ၊ ပရိဘောဂများနဲ့ ထောက်ပံ့ပစ္စည်းများ စာရင်း၊
(၃) နေ့စဉ် အရောင်းစာရင်းတင်ပို့ချက် နမူနာများ၊
(၄) မန်နေဂျာများနဲ့ ၀န်ထမ်းများ နေ့စဉ်လုပ်ရမယ့် အလုပ်များနဲ့ အပတ်စဉ် လုပ်ဆောင်ရမယ့် အလုပ်တာဝန် နမူနာများ၊
(၅) သင့်ကော်ဖီဆိုင်အတွက် ဖွင့်ပွဲအခမ်းအနားပေးဖို့ ရက်ကောင်းရက်မြတ်များနဲ့ ဖွင့်ပွဲမတိုင်ခင်ရက် များမှာ ဘာတွေလုပ်ဆောင်ရမလဲဆိုတာတွေနဲ့ ပတ်သက်တဲ့ အကြံပြုချက်များ၊
(၆) ဖွင့်လှစ်ထားတဲ့ ဆိုင်ခွဲတွေကို ဆန့်ကျင်ပြီး ယှဉ်ပြိုင်ဖို့ အကြံပြုချက်များ၊
သင့်ကော်ဖီဆိုင်လုပ်ငန်း စတင်ရန်အတွက် ကျွမ်းကျင်သည့် အကူ အညီများကို မည်သို့ ရယူမလဲ စသည်တို့ ဖြစ်သည်။
အဆိုပါ အရာများကို သင်မယုံကြည်နိုင်လောက်သော ဈေးနှုန်းဖြင့်ရနိုင်မည် ဖြစ်သည်။ ကော်ဖီ ဆိုင်ဖွင့်ခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်များ မပါဝင်သည့် စီးပွားရေးလုပ်ငန်း စတင်ခြင်းဆိုင်ရာ သင်တန်းများကို တက်ရောက်မည်ဆိုလျှင် ဒေါ်လာများ ရာချီ ကုန်ကျမည်ဖြစ်သည်။ သို့သော် ကော်ဖီဆိုင်ပိုင်ရှင်ဖြစ်ဖို့ဆိ
ထို့ပြင် သင့်အား ရှာဖွေစူးစမ်းနေရမည့်အချိန်တို့
SME Myanmar
No comments:
Post a Comment