ဂရိတွေးခေါ်ပညာရှင် Aristotle (384 BC - 322 BC) အရေးသားတစ်ခုမှာ
လူတို့ရဲ့ မိမိကိုယ်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း (Self-Controll)
နဲ့ ကိုယ်ကျင့်တရား (Moral) အပေါ်မူတည်ပြီး ပျော်ရွှင်မှုနဲ့ နာကျင်မှုတွေကို
လက်ခံတုံ့ပြန်ပုံတွေကို ခွဲခြမ်းစိတ်ဖြာပြထားတယ်။
✦ မိမိကိုယ်ကို အသိဥာဏ်ပညာနဲ့ ထိန်းချုပ်နိုင်စွမ်းရှိသူရှိသူ
မိမိကိုယ်ကို အသိဥာဏ်
ပညာနဲ့ ထိန်းချုပ်နိုင်စွမ်းရှိသူရှိသူတွေအတွက် ကြုံတွေလာရတဲ့ ပျော်ရွှင်မှုနဲ့ နာကျင်မှုတွေအလွမ်းမိုးခံလိုက်ရတာမျိုး၊ အလွန်မင်းပျော်ရွှင်ခြင်း၊ အလွန်မင်းထိခိုက်နာကျင်ခြင်းကြောင့် ဘ၀ကိုအရှုံးပေးလိုက်ရတာမျိုးတွေမရှိဘူး။
သူ့ကိုပျော်ရွှင်စေတဲ့ အခြေခံအကြောင်းရင်းမရှိဘူး။ အခြေခံအကြောင်းရင်းလို့ဆိုလိုရာမှာ လူ့သဘာဝအရ ငွေကြေး၊ ဂုဏ်၊ လိုအင်ပြည့်ဝရင် ပျော်ရွှင်တတ်ကြတယ်။ မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းရှိသူအတွက် ပျော်ရွှင်ဖို့ရာ အကြောင်းရင်းမလိုဘူး။ သူရောက်ရှိနေထိုင်ရာ ကာလဒေသအလိုက် အေးချမ်းတည်ငြိမ်နေတယ်။
အကြောင်းအကျိုးမဲ့၊ ဆင်ခြင်တုံ့တရားနဲ့ကင်းဝေးနေတဲ့ ပျော်ရွှင်မှုမျိုးကို မလိုလားဘူး။ ဣနြေ္ဒရှိပြီးထိန်းထိန်းသိမ်းသိမ်းရှိတယ်၊ မှန်ကန်တဲ့အကြောင်းတရားမှန်သမျှ တုံ့ဆိုင်းတွေဝေမှုမရှိ လက်ခံနိုင်တယ်။
✦ အသိဥာဏ်ပညာနဲ့ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိသူ
အသိဥာဏ်ပညာနဲ့ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိသူတွေ၊ စိတ်အလိုလိုက်သူတွေ ကတော့လောကီအာရုံပျော်ရွှင်မှုနောက်ကို
အစဉ်ကောက်ကောက်ပါအောင်လိုက် နေတတ်တယ်။ လောကီအာရုံထက်ကျော်လွန်နေတဲ့
အသိသတိဥာဏ်ပညာဖြင့် ထိမ်းချုပ်နိုင်တဲ့ အကြောင်းတရားတွေမမြင်နိုင်လောက်အောင်ကို လောကတဏှာမှာ ပျော်မွေ့နေတတ်တယ်။ ဘ၀နဲ့ပါတ်သက်တဲ့ ရွှေးချယ်သမျှအကြောင်းအရာအားလုံးဟာ စိတ်အလိုလိုက်ပျော်ရွှင်ဖို့တွေပဲဖြစ်တယ်။
✦ ကိုယ်ကျင့်တရားပြည့်ဝတဲ့သူ
ကိုယ်ကျင့်တရားပြည့်ဝတဲ့သူတွေတော့
အာရုံခံစားမှုတွေရဲ့ လွမ်းမိုးနိုင်တဲ့ အစွမ်းတွေကိုသိနားလည်ပြီး
လောကီအာရုံတွေမှာ ပျော်ရွှင်လိုတဲ့ အလိုဆန္ဒတွေကို ဆင်ခြင်တုံ့တရားနဲ့
တွန်းလှန်ထိန်းသိမ်းတတ်တယ်။ ဆင်ခြင်တုံတရားတွေနဲ့ လိုက်လျောညီထွေစွာ
ပြုမှုနေထိုင်ပြီး တည်တည်ငြိမ်ငြိမ်ရှိတတ်တယ်။ ကာလဒေသတို့ရဲ့
အကြောင်းအကျိုးသဘောကို နားလည်တတ်ပြီး အဖြစ်အပျက်တွေကြောင့်
လမ်းမှားလိုက်တာမျိုးတွေမရှိဘူး။
✦ ကိုယ်ကျင့်တရားမပြည့်ဝသူတွေ
ကိုယ်ကျင့်တရားမပြည့်ဝသူတွေမှာတော့
လောကီအာရုံရဲ့ အကျိုးအပြစ်ကိုသိနေပေမယ့် အာရုံရဲ့ လွမ်းမိုးမှုကို
မတွန်းလှန်နိုင်ဘူး၊ လောကီအာရုံနောက်ကို မလိုက်ဘဲမနေနိုင်ဘူး။
သိသာသိ၍ မကျင့်ကြံနိုင်သူတွေဖြစ်တယ်။
လောကီအာရုံတွေကို ကိုအသိသတိလေးနဲ့ လက်ခံနိုင်စေဖို့
~AMM~
GREENHIL
No comments:
Post a Comment