Monday, July 29, 2013

အချိန်တစ်ခု ၊ What is Life? ( ဘဝဆိုတာ = ?? ) ၊ အသိပညာနှင့် ယုံကြည်မှု (Knowledge and belief) ၊ Will money really make everything right? ၊ See You At The Top




  1. အချိန်တစ်ခု ၊ 
  2. What is Life? ( ဘဝဆိုတာ = ?? )  ၊ 
  3. အသိပညာနှင့် ယုံကြည်မှု (Knowledge and belief)    ၊  
  4. Will money really make everything right?   ၊ 
  5. See You At The Top   

အချိန်တစ်ခု  

Posted by  SLIP in 
ဖြစ်စဉ်တိုင်းအတွက် အချိန်ရာသီ စက်ဝိုင်းတစ်ခုလိုအပ်သည်။ အချိန်တစ်ခုမှာ ကောင်းကင်ဘုံအောက်မှာရှိသမျှ ကိစ္စတွေ အားလုံး ဖြစ်ပေါ်လာကြသည်
For everything there is a season, And a time for every matter under heaven:

  • အချိန်တစ်ခုက မွေးဖွားဖို့၊ အချိန်တစ်ခုက သေဆုံးဖို့
    A time to be born, and a time to die;

  • အချိန်တစ်ခုက စတင်ဖို့၊ အချိန်တစ်ခုက မယိုင်လဲအောင် မနည်း အားတင်းထားဖို့
    A time to plant, and a time to pluck up what is planted;

  • အချိန်တစ်ခုမှာ ဖျက်ဆီးဖို့၊ အချိန်တစ်ခုမှာ ပြင်ဆင် ကုသဖို့
    A time to kill, and a time to heal;

  • အချိန်တစ်ခုက ပြိုကျဖို့၊ အချိန်တစ်ခုက တည်ဆောက်ဖို့
    A time to break down, and a time to build up;

  • အချိန်တစ်ခုက ငိုကြွေးဖို့၊ အချိန်တစ်ခုက ရယ်မောဖို့
    A time to weep, and a time to laugh;

  • အချိန်တစ်ခုက ဝမ်းနည်းပူဆွေးဖို့၊ အချိန်တစ်ခုက ပျော်ရွှင် ကခုန်ဖို့
    A time to mourn, and a time to dance;

  • အချိန်တစ်ခုက အဝေးကို ပယ်ထုတ်ဖို့၊ အချိန်တစ်ခုက အနီးနား အတူရှိနေဖို့
    A time to throw away stones, and a time to gather stones together;
  • အချိန်တစ်ခုက ပွေ့ဖက်ဖို့၊ အချိန်တစ်ခုက ရှောင်ဖယ်ဖို့
    A time to embrace, And a time to refrain from embracing;

  • အချိန်တစ်ခုက အကျိုးရှိရှိအသုံးချဖို့၊ အချိန်တစ်ခုက ဖြုန်းတီးဖို့
    A time to seek, and a time to lose;

  • အချိန်တစ်ခုက ထိန်းသိမ်းထားဖို့၊ အချိန်တစ်ခုက စွန့်လွှတ်ဖို့
    A time to keep, and a time to throw away;

  • အချိန်တစ်ခုက ဆုတ်ဖြဲဖို့၊ အချိန်တစ်ခုက ဖာထေးဖို့
    A time to tear, and a time to sew;

  • အချိန်တစ်ခုက ဆိတ်ဆိတ်နေဖို့၊ အချိန်တစ်ခုက စကားပြောနေဖို့
    A time to keep silence, and a time to speak;

  • အချိန်တစ်ခုက ချစ်ဖို့၊ အချိန်တစ်ခုက မုန်းဖို့
    A time to love, and a time to hate,

  • အချိန်တစ်ခုက စစ်ပွဲ၊ အချိန်တစ်ခုက ငြိမ်းချမ်းခြင်း
    A time for war, and a time for peace.

What is Life? ( ဘဝဆိုတာ = ?? )  

  1. Life is beginning
    ဘဝ = စတင်ခြင်း

  2. Life is choosing
    ဘဝ = ရွေးချယ်မှု


  3. Life is happiness
    ဘဝဆို = ကြည်နူးခြင်း


  4. Life is joy
    ဘဝ = ပျော်ရွှင်ခြင်း


  5. Life is love
    ဘဝ = အချစ်


  6. Life is unity
    ဘဝ = ညီညွတ်ခြင်း


  7. Life is care
    ဘဝ = စောင့်လျှောက်ခြင်း


  8. Life is faith
    ဘဝ = ယုံကြည်မှု


  9. Life is freedom
    ဘဝ = လွတ်လပ်မှု


  10. Life is creation
    ဘဝ = ဖန်တီးမှု


  11. Life is fantasy
    ဘဝ = စိတ်ကူးယဉ် ပျော်ရွှင်မှု


  12. Life is art
    ဘဝ = အနုပညာ


  13. Life is dream
    ဘဝ = အိပ်မက်


  14. Life is fairy tale
    ဘဝ = ဒဏ္ဍာရီ


  15. Life is battle
    ဘဝ = တိုက်ပွဲ


  16. Life is stage
    ဘဝ = ဇတ်ခုံ


  17. Life is trouble
    ဘဝ = ဒုက္ခ


  18. Life is storm
    ဘဝ = မုန်တိုင်း


  19. Life is music
    ဘဝ = သံဇဉ်


  20. Life is school
    ဘဝ = ကျောင်း


  21. Life is work
    ဘဝ = အလုပ်


  22. Life is karma
    ဘဝ = ကံ


  23. Life is knowledge
    ဘဝ = အသိ၊ အလိမ္မာ


  24. Life is delight
    ဘဝ = သာယာကြည်နူးမှု


  25. Life is rest
    ဘဝ = အပိုင်းအခြားတစ်ခု


  26. Life is match
    ဘဝ = ကစားပွဲ


  27. Life is splendour
    ဘဝ = ခန်းနားထည်ဝါမှု


  28. Life is nature
    ဘဝ = သဘာဝတရား


  29. Life is Beauty
    ဘဝ = အလှတရား


  30. Life is duty
    ဘဝ = တာဝန်ဝတ္တရား


  31. Life is elegance
    ဘဝ = ဟန်ဆောင်မှု


  32. Life is chance
    ဘဝ = အခွင့်အလမ်း


  33. Life is a mystery
    ဘဝ = နားမလည်နိုင်သောအရာ


  34. Life is life
    ဘဝ = ဘဝ


  35. Life is zero
    ဘဝ = သုည


အသိပညာနှင့် ယုံကြည်မှု (Knowledge and belief)  

Posted by SLIP in 
ဒဿနိကဗေဒ (Philosophy)

Philosophy ခေါ် ဒဿနိကဗေဒ ၏ မူလ အဓိပ္ပါယ် အရင်းအမြစ်သည် ဂရိနိုင်ငံမှ ဆင်းသက်လာသည်။ Philo ဆိုသည်မှာ Love (အချစ်၊ မေတ္တာတရား၊ သဘောကျစရာ) ဟု အဓိပ္ပါယ်ရပြီး Sophis ဆိုသည်မှာ Wisdom (ဉာဏ်ပညာ၊ အသိပညာ၊ ရှုမြင်တွေးခေါ်မှု) မှု အဓိပ္ပါယ်ရသည်။ 

ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းမှာ ဒဿနိကဗေဒ ပညာရပ်တစ်ခု ရှိနေရခြင်း၏ အကျိုးကျေးဇူးမှာ တစ်ခါတစ်ရံ 
ကျွန်ုပ်တို့ တွေ့ကြုံရသော အတွေ့ကြုံတစ်ခု (သို့) အသုံးပြုမည့် အရာတစ်ခု၊ လုပ်ဆောင်မည့်အလုပ်တစ်ခု၊ပြောဆိုမည့် စကားတစ်ခွန်းအတွက် ဒဿနိကဗေဒ ပညာရှင်တို့၏ အတွေးအခေါ်များဖြင့် ယုံကြည်မှု ပိုမိုခိုင်မာစေရန်ဖြစ်သည်။ 

အထူးသဖြင့် အငြင်းပွားဖွယ် ပြဿနာများစွာအတွက် အဖြေများရရှိဖို့ အထောက်အပံ့များစွာ ဖြစ်စေသည်။ ဒဿနိကဗေဒ ပညာရပ်တွင် အဓိပ္ပါယ်သက်မှတ်ချက်များ (meaning)၊ ဖြေရှင်းချက်များ (interpretation)၊ထင်မြင်ယူဆချက်များ (evaluation)၊ ကျိုးကြောင်းဆီလျှော်စွာ စဉ်းစားချင့်ချိန်နိုင်မှု (logical consistency)၊ နှင့် ရှေ့နောက်ညီစွာဖြင့် စဉ်းစားချင့်ချိန်နိုင်မှု (rational consistency) တို့ ပါဝင်သည်။ 

အခြား ကဏ္ဍ များမှာ ဒဿနိကဗေဒတွင် ပါဝင်ပြီး သဘာဝ၏ ဖြစ်တည်မှု၊ သစ္စာတရား၊ အသိပညာတို့နှင့် ဆိုင်သောပညာရပ် (Metaphysics)၊ လူတစ်ဦးချင်း အသိပညာနှင့် သက်ဆိုင်သော ဘာသာရပ် (Epistemology)၊ကိုယ်ကျင့်တရားနှင့် ပတ်သတ်သော ပြဿနာများကို ဖြေရှင်းခြင်းဆိုင်ရာ ဘာသာရပ် (Ethics)၊ လူမှုရေးနှင့် နိုင်ငံရေး ဆိုင်ရာ ဒဿနိကဗေဒ (Social and political philosophy)၊ ယုတ္တိဗေဒ (သို့) တက္ကဗေဒ (Logic)၊သဘာဝကို ခံစားခြင်းဆိုင်ရာ ဘာသာရပ် (Aesthetics) တို့ ပါဝင်သည်။


ပင်ကိုယ် အာရုံခံ အသိပညာ (sentient) မှ ဖြစ်ပေါ်လာသော ခွဲခြားသိမြင်မှု (Perceiving) နှင့် စေ့စေ့စပ်စပ် လေ့လာစောင့်ထိန်းမှု (observing) တို့ကို ပြင်ပလောကနှင့် လိုက်လျောညီထွေ ဆက်ဆံ အသုံးချတတ်ဖို့ အလွန်အရေးကြီးသည်။ ပြင်ပ သဘာဝ၏ အစီစဉ်တကျ လုပ်ဆောင်မှု၏ ထူးခြားသော သွင်ပြင်လက္ခဏာများကို မှတ်ဥာဏ်၏ တည်ဆောက်မှုတွင် ယုံကြည်မှု အဖြစ် သိမ်းဆည်းထားသည်။ 


အသိပညာ (Knowledge)

အသိပညာ (Knowledge) သည် ယနေ့ခေတ်တွင် အရေးပါမှုအဆင့်အတန်း ပိုမိုမြင့်မားလာသည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့အနေဖြင့် အတန်းပညာများစွာတက်မြောက် သိထားယုံဖြင့် မလုံလောက်တော့ပေ။ ပြောင်းလဲမှုအရှိန်မြန်ဆန်လွန်းသော ယနေ့ခေတ်ကာလ မျိုးတွင် အသိပညာ (Knowledge) တို့ကို မည်သည့်အသက်အရွယ် ရောက်နေပါစေ၊ အမြဲမပြတ်လေ့လာ ဖတ်ရှုနေမှသာ ခိုင်မာစွာ ရပ်တည်နိုင်ပေလိမ့်မည်။

အလုပ်လုပ်နေခြင်းဖြင့်လဲ မလုံလောက်ပါ။ မိမိတို့၏ လုပ်ကိုင်ပုံ နည်းလမ်းများအား လမ်းကြောင်းမှန်မမှန်၊ စနစ်ကျနမှု ရှိမရှိ များနှင့် အားနည်းချက်၊ အားသာချက်များကို ဝေဖန်နိုင်ဖို့ လိုအပ်သည်။ ပြင်ပလောကကို လေ့လာပြီး မိမိကိုယ်ကို အမြဲမပြတ် ဆင်ခြင် ချင့်ချိန်သတိရှိရမည်။ ထိုကဲ့သို့ ဆင်ခြင်ချင့်ချိန်နိုင်စွမ်း တိုးတက်လာစေဖို့ အတွက် Knowledge ဆိုသော အသိပညာ တို့ ကို စဉ်ဆက်မပြတ် လေ့လာဖတ်ရှုနေကြခြင်း ဖြစ်သည်။ အောင်မြင်ကြီးပွားခဲ့သော ပုဂ္ဂိုလ်များစွာတို့ ၏ အောင်မြင်မှု လျှို့ ဝှက်ချက်မှာ ပင်ကိုယ် ထူးချွန်ခြင်းထက် အားလပ်ချိန်မှန်သမျှကို အကျိုးရှိရှိ အသုံးချခဲ ခြင်းက အဓိကဖြစ်သည်။ 

ယနေ့ကမ္ဘာကြီးတွင် အများနှင့်တန်းတူ တွေးနိုင်၊ သိနိုင်၊ စဉ်းစားနိုင်၊ ဝေဖန်နိုင်ရန်နှင့် သုံးသပ်နိုင်ရန်အတွက် အသိပညာ (Knowledge) နှင့် ပြည့်စုံ ဖို့မှာ အလိုအပ်ဆုံးဖြစ်သည်။ ထိုအချက်ကို လူသားတို့ ကောင်းစွာ သဘောက်ပေါက် နားလည်သော်လည်း အသိပညာ (Knowledge) ၏ အဓိပ္ပါယ်ကို ကောင်းစွာ သဘောပေါက်မှု အလွန်အားနည်းသေးသည်။ အထူးသဖြင့် မြန်မာ စာဖြင့် ရေးသားထားသော အင်တာနက် စာမျက်နှာ တော်တော်များများတွင် အသိပညာ ဟူ Label ကို တွေ့ရတတ်ပြီး ထိုခေါင်းစဉ်အောက်တွင် ရေးသားထားသည်များမှာ အသိပညာ (Knowledge) မဟုတ်သည့် အခြား အကြောင်းအရာများသာ ဖြစ်နေသည်။ ဤသို့ဆိုလျှင် အသိပညာ (Knowledge) ဆိုသည်မှာ အဘယ်နည်း ????

အသိပညာ (Knowledge) ဆိုသည်မှာ အမြင့်မားဆုံးအဆင့်ဖြစ်သည်။ သတင်း၊ အချက်အလက် (Information) သည် အလည်အလက်အဆင့်ဖြစ်ပြီး အချက်အလက် (Data) မှာ အနိမ့်ဆုံးအဆင့်ဟူ၍ အကြမ်းဖျဉ်း မှတ်သားနိုင်သည်။ 

အချက်အလက် (Data) ဆိုသည်မှာ သာမန် စီးဆင်းမှုတစ်ခု (သို့) ဖြစ်ပေါ်ပြောင်းလဲလာမှုတစ်ခုမှ ရရှိသော အချက်အလက်များကို ခေါ်သည်။ သတင်း၊ အချက်အလက် (Information) ဆိုသည်မှာ အချက်အလက် (Data) များကို ခေါင်းစဉ်အလိုက် ခွဲခြားသတ်မှတ်ပြီး လူသားတို့နားလည် လက်ခံနိုင်သော ဖြစ်နိုင်ခြေရှိသည့် အချက်အလက်များကို ခေါ်သည်။ အသိပညာ (Knowledge) တွင် အတွေးအခေါ် (Concepts)၊ ကိုယ်တွေ့ (သို့) အတွေ့အကြုံ (experience)၊ ကန့်သက်ချက် တစ်စုံတစ်ရာအတွင်း လိုက်လျှောညီထွေမှုရှိစေရန် ဖန်တီး စီစဉ်ပေးနိုင်သည့် အသိဥာဏ် (insight that provide a framework for creating)၊ ဝေဖန် ပိုင်းခြားနိုင်မှု (evaluating) နှင့် အချက်အလက် (Information) တစ်ခုကို အသုံးချနိုင်မှုတို့ ပါဝင်သည်။ 


အသိပညာ (Knowledge) ကို မလေးနက်သော အသိပညာ (Shallow knowledge) နှင့် လေးနက်သော အသိပညာ (Shallow knowledge) ဟူ၍ အဆင့်အတန်း နှစ်မျိုး သက်မှတ်နိုင်ပြီး ပုံမှန်လုပ်ရိုးလုပ်စဉ် အသိပညာ (Procedural Knowledge) ၊ သဘာဝ အသိပညာ (Declarative Knowledge) ၊ မြင့်မားသော အသိပညာ (Meta Knowledge) ၊ ကိုယ်တိုင်လေ့လာ သင်ကြားခြင်းဆိုင်ရာ အသိပညာ (Heuristic Knowledge) ၊ ဆက်စပ်တွေးတော တည်ဆောက်ခြင်းဆိုင်ရာ အသိပညာ (Structural Knowledge) ၊ အသုံးပြုခြင်း ဆိုင်ရာ အသိပညာ (Procedural knowledge) ဟူ၍ ပိုင်းခြား သတ်မှတ်နိုင်သည်။ 


အသိပညာ (Knowledge) ဆိုသည်မှာ မှာအမှန်တကယ်ဖြစ်တည်လျှက်ရှိသော အစစ်အမှန်တရားကို သိရှိလာ ခြင်းဖြစ်သည်။ တနည်းဆိုသော် အမှန်တကယ်ဖြစ်ပေါ်နေသော ရှိခြင်းသဘော (Being) ကိုသိလာခြင်း ဖြစ်သည်။ ထို့ကြောင့် (Knowledge) ကိုယ်တိုင်သည်လည်း (Being) ကိုဆောင်ရွက်လျှက်ရှိသည်ဟု ဂရိအတွေးအခေါ်ပညာရှင် ပလေတို (Plato) က ခံယူတင်ပြခဲ့၏။

ပလေတို၏အဆိုအရ စစ်မှန်သောအသိပညာဟူသည်မှာ ဘယ်သောအခါမျှ မလွှဲမှားနိုင်သော အသိပညာ မျိုးဖြစ် ရမည်။ (Knowledge must be infallible) ထို့ပြင် အမှန်တကယ်ရှိနေသော အစစ်အမှန်တရား (Reality) ကို ဖေါ်ပြသော အသိပညာ မျိုးဖြစ်ရမည်။ (Knowledge must have reality as its Oject) ၎င်းလိုအပ်ချက် (သို့မဟုတ်) အရည်အချင်း နှစ်ရပ် ရှိမှသာလျှင် စစ်မှန်သောအသိပညာ (Knowledge)ဖြစ်သည်ဟု ပလေတိုက အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါသည်။

ထိုသို့ပင် William James က အမှန်တရား (Truth) ဆိုသည်မှာ ပထမဦးဆုံး တွေးတော့ရမည်၊ ထိုအတွေးသည် တခေဏ္ဏသော်လည်းကောင်း၊ တစ်ဘဝသော်လည်း ကောင်း ယခုချက်ချင်း မှန်ကန်သလို နောက်လည်း မှန်ကန်နိုင်သည်။ ဆိုလိုသည်မှာ အမှန်တရား၏ တည်မြဲမှုမှာ အချိန်အနေ၊ အချိန်အခါနှင့် လူတို့၏ သဘောထားပေါ်တွင်သာ မူတည်ပေသည်။ 

Kenneth E က အသိပညာ (Knowledge) ကို ပုံရိပ်တစ်ခုအဖြစ်လည်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ ထိုပုံရိပ်ကို တိတိကျကျ ဝေခွဲ ပိုင်းခြားလို့ မရပါက ထိုပုံရိပ်သည် ယုံကြည်မှု (Belief) မှ အမှန်တရားသို့ ပြောင်းလဲလာသည်ဟုသာ သက်မှတ်နိုင်ပြီး အသိပညာ (Knowledge) ဖြစ်ရန်အတွက် စိတ်ကူး၊ အကြံအစည် (Idea) အဖြစ် နီးကပ်လာသည်ဟု ယူဆနိုင်သည်။ 

ခြုံငုံသုံးသပ်ကြည့်ပါက အသိပညာ (Knowledge) ဆိုသည်မှာ အကြောင်းအချက် တစ်ခု (Information) ဖြစ်သည်။ သို့သော် ထို အကြောင်းအချက်သည် မှန်ကန်မှုရှိသည်၊ ခွဲခြမ်းစိတ်ဖြာပြီးနောက် တိကျသေချာတဲ့ အဖြေ ရရှိပြီးသား အရာဟု မှတ်သားနိုင်သည်။

ကမ္ဘာဦးအစ လူသားတို့သည် အသိပညာ (Knowledge) ကို အသိ၊ ရှင်းရှင်းလင်းလင်းသိမြင်ပြီးသော အမှန်တရား၊ သင်ကြားမှု၊ သက်သေပြနိုင်တဲ့ အရည်အချင်းတစ်ခု လို့ သက်မှတ်ထားကြသည်။ ထို့ကြောင့် အသိပညာ (Knowledge) တစ်ခုကို တိတိကျကျ သေချာနာလည်ရန်အတွက် မိမိကိုယ်တိုင် တွေ့ကြုံနားလည်ဖို့ လိုအပ်သည်။


ယုံကြည်မှု (Belief)
ယုံကြည်မှု (Belief) ဆိုသည်မှာ နားလည်မှုလည်းဖြစ်နိုင်သည်၊ ပြည့်ြုပည့်စုံစုံ မှန်ကန်ဖို့ မလိုအပ်၊ သို့သော် အတိုင်းအတာ အစိတ်အပိုင်းတစ်ခုထိတော့ မှန်ကန်မှုရှိရပေမည်။ အချို့သော တည်ဆောက်မှုများကိုအထောက်အပံ့ဖြစ်စေရမည်။ တစ်စုံတစ်ယောက်၏ အဆိုပြုချက်ကို ယုံကြည်သင့် မယုံကြည်သင့် အဆုံးအဖြတ်ပေးနိုင်ရမည်။ ဖြစ်ပေါ်လာသော ပြဿနာများကို ကျိုးကြောင်းဆီလျော်သော ဖြေရှင်းနိုင်ရမည်။ ယုတ္တိရှိစွာ တွေးတောနိုင်ရမည်။ 

ယုံကြည်မှု (Belief) ဆိုသည်မှာ တစ်ဦးချင်း အယူအဆ၊ တစ်ဦးချင်းအသိများ မှတပါး အများစု၏ ခံယူချက်များ၊ ယူဆချက်များ၊ အယူဝါဒများ ပါဝင်သည်။ အမှန်တရားဟူသော အစိတ်အပိုင်းထဲမှာမှ လူအားလုံးကအပြည့်အဝနှင့် လက်ခံနိုင်စေသော ကြောင်းပြချက်တစ်စုံတစ်ရာကြောင့် အားလုံးကသဘောတူ ထောက်ခံလိုက်လျှင် ထို အမှန်တရားသည် ယုံကြည်မှုအဆင့်သို့ ကူးပြောင်းသွားသည်။ 

လူ့အဖွဲ့အစည်းတွင် အမှန်တရား မှာ မရှိသလောက် ရှားပါးနေပြီဟု အတွေးအခေါ်ပညာရှင်များက ရှေးဦးပိုင်းကတည်းက လက်ခံထားခဲ့ကြသည်။ ဂရိအတွေးအခေါ်ပညာရှင် အာခီးမီးဒီး က နေ့ခင်းချိန်တွင် မီးအိမ်ထွန်း၍ အမှန်တရားကို ရှာဖွေခဲ့ဖူးသည်။ ယနေ့ခေတ် ဆိုလျှင် အမှန်တရား၏ ပျောက်ဆုံးမှုပမာဏမှာ များစွာကြီးမားလာပေသည်။ အမှန်တရားနည်းပါးလာသည်နှင့်အမျှ ယုံကြည်မှု များလည်း နည်းပါးလာပေသည်။ 

တစ်ယောက်တစ်မျိုးပြောနေသော အကြောင်းအရာများကို မည်သူမျှ မယုံကြည်ချင်ကြပေ။ ဤသို့ဆိုလျှင် အသိပညာရော နည်းပါးလာပြီလား ??? စဉ်းစားစရာဖြစ်လာသည်။ 


အသိပညာနှင့် ယုံကြည်မှု

အသိပညာနှင့် ယုံကြည်မှုကြားတွင် ကွာဟမှု မြောက်များစွာ ရှိသည်။ ထိုကွာဟမှုကို တိတိကျကျ တိုင်းတာဖို့ မဖြစ်နိုင်ပါပေ။ ရရှိလာသည့် အတိုင်းအတာသည်လည်း တိုင်းတာသည့် လူများ၏ ယုံကြည်မှုပေါ်မှာ မူတည်ပြီးပြောင်းလဲနိုင်သည်ဟု စင်္ကာပူနိုင်ငံ နန်ယမ်း တက္ကသိုလ် (Nanyang Technological University Singapore ) မှ လေ့လာသူ တစ်ဦးက ဆိုသည်။

Edmund L. Gettier က အသိပညာ (Knowledge) ဆိုသည်မှာ ယုံကြည်မှုကို ခွဲခြမ်းစိတ်ဖျာခြင်းဖြစ်သည်။ ယုံကြည်မှု (Belief) သည် အမှန်တရား (Truth) နှင့် နီးစပ်သည်။ လုံးဝ တူခြင်းတော့မဟုတ်။ ထို ယုံကြည်မှု (Belief) ကို တိတိကျကျ မှန်ကန်ကြောင်း သက်သေပြနိုင်လျှင်တော့ အသိပညာ (Knowledge) ဟု အဓိပ္ပါယ် သက်မှတ်နိုင်သည်။


အသိပညာ (Knowledge) သည် ယုံကြည်မှု (Belief) နှင့် အမှန်တရား (Truth) တို့၏ ထပ်တူကျရာ တူညီသည့် အစိတ်အပိုင်းမှာမှ ခွဲခြမ်းစိတ်ဖျာ သက်သေပြနိုင်သော တိကျသည့်အပိုင်းသာ ဖြစ်သည်။
အသိပညာ (Knowledge) ကို ကျွန်ုပ်တို့ သက်သေပြ၍ရနိုင်သည်။ အတွေ့ကြုံယူနိုင်သည်။ တစ်ခါတစ်ရံတွင် အသိပညာအား မြေကြီးလို့ သတ်မှတ်နိုင်သည်။ ယုံကြည်မှုကိုတော့ မြေကြီးအဖြစ် မသတ်မှတ်နိုင်ပေ။အသိပညာနှင့် ယုံကြည်မှုတို့၏ အဓိက ခြားနားချက်ကို မေးပါက အသိပညာဆိုသည်မှာ သက်သေပြနိုင်သည့်အရာဖြစ်သည်။ ၎င်းတွင် ဖြေရှင်းနိုင်မှု စွမ်းအားများ ရှိသည်။ ယင်းဂုဏ်သတ္တိများနှင့် ပြည့်စုံလျှင် အသိပညာ (Knowledge) ဖြစ်ပြီး မပြည့်စုံလျှင် ယုံကြည်မှုသာ ဖြစ်ပေသည်။


အသိပညာ၊ ယုံကြည်မှု နှင့် 
ဒဿနိကဗေဒ

ဒဿနိကဗေဒ ဘာသာရပ်၏ အနှစ်သာရဖြစ်သော S နှင့် P တို့ဖြင့် အသိပညာ (Knowledge) နှင့် ယုံကြည်မှု (Belief) တို့နှင့် ဒဿနိကဗေဒ (Philosophy) တို့၏ ဆက်စပ်မှုကို သက်သေပြနိုင်သည်။ 

ပထမ တစ်ဖက်တွင် S သည် ယုံကြည်မှု (Belief) တစ်ခုဖြစ်ပြီး P သည် အမှန်တရား (သို့) ခိုင်လုံသော အကြောင်းပြချက် ရှိသော မျှတမှု ဖြစ်သည်ဆိုလျှင် S မှ P ကို သိနိုင်သည်သည်။ (S knows that p iff S's belief that p is (i) true and (ii) justified.) ဆိုလိုသည်မှာ အမှန်တရား (Truth) တစ်ခု (သို့) ခိုင်လုံသော အကြောင်းပြချက်ရှိသည့် မျှတမှုတစ်ခုကို ယုံကြည်မှု (Belief) အဖြစ် သိ နိုင်သည်။ P သည်အမှန်တရား (Truth) ဖြစ်သည်။ ထိုမှတဆင့် S မှ P ကို ယုံကြည်သည်။ ထို့နောက် S မှ P ကို မျှတသော အကြောင်းပြချက်ဖြင့် ယုံကြည်သည်။ P သည် S အတွက် အသိပညာ ဖြစ်လာသည်။ ၎င်း မှာ အသိပညာ (Knowledge) ၊ ယုံကြည်မှု (Belief) နှင့် ဒဿနိကဗေဒ (Philosophy) ပင်ဖြစ်သည်။

ဒုတိယတစ်ဖက်တွင် မည်သူမဆို အခြား အသိပညာ (Knowledge) မည်မျှ ပြည့်စုံကြွယ်ဝသည်ဖြစ်စေ တစ်စုံတစ်ခု အပေါ် ယုံကြည်မှု (Belief) အလွန်အမင်း များပါက အခြားအသိပညာများက သုံးမရဖြစ်သွားပေသည်။ ဥပမာ၊ ဘာသာတရား အယူဝါဒ တစ်ခု (သို့) နိုင်ငံရေး အယူဝါဒ တစ်ခုတွင် ယုံကြည်မှု (Belief) များနေပါက ထို ပုဂ္ဂိုလ်သည် မည်မျှ ထူးချွန်ထက်မြတ်သူဖြစ်စေ၊ မည်မျှ အသိ/အတတ်ပညာ ပြည့်စုံသူဖြစ်စေ အစွန်းရောက်သွားနိုင်သည်။ ထိုအခြေအနေမျိုးတွင် ထို ပုဂ္ဂိုလ်မျိုးကို ယုံကြည်မှု မြင့်မားသူ အဖြစ်သာ သက်မှတ်နိုင်ပြီး အသိပညာ (Knowledge) လိုအပ်သေးသူအဖြစ် သုံးသပ်နိုင်သည်။ ဤသို့ဆိုလျှင် ယုံကြည်မှု (Belief)သည် အသိပညာ (Knowledge) ကို လျှော့ကျစေသည် (သို့) အနှောက်ယှက်ဖြစ်စေသည်ဟု လည်း မှတ်သားနိုင်ပေသည်။



Webliography 

http://en.wikipedia.org/wiki/Philosophy

http://plato.stanford.edu/entries/knowledge-analysis/

http://hermetic.com/browe-archive/achad/misc/belief_vs_knowledge.htm

http://www.ils.unc.edu/~losee/b5/node9.html

http://www.articlesbase.com/college-and-university-articles/the-way-to-differentiate-between-knowledge-and-belief-213628.html

http://www.google.com/


Will money really make everything right?  

Posted by SLIP in 

  1. ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊ စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။
  2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။
  3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်း ဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကို ဝယ်လို့မရဘူး။
  4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို မင်းဝယ်လို့ရလိမ့်မယ်၊ ကျန်းမာခြင်း (Health) ကို ဝယ်လို့မရဘူး။
  5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကို မင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကို ဝယ်လို့မရဘူး။
  6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကို မင်းဝယ်လို့ရလိမ့်မယ်၊ ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home) ကို ဝယ်လို့မရဘူး။
  7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို မင်းဝယ်နိုင်လိမ့်မယ်၊ ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကို ဝယ်လို့မရဘူး။
  8. ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကို မင်းဝယ်လို့ရလိမ့်မယ်၊ လေးစားမှု (Respect) ကို ဝယ်လို့မရဘူး။
  9. ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter) ကို မင်းဝယ်လို့ရလိမ့်မယ်၊ လှပ တင့်တယ်မှု (Beauty) ကို ဝယ်လို့မရဘူး။
  10. ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ အချိန် (Time) ကို ဝယ်လို့မရဘူး။
  11. ပိုက်ဆံပေးပြီး ဂြိုဟ်တုတစ်လုံး (Satellite) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ နည်းပညာ (Technique) ကို ဝယ်လို့မရဘူး။
  12. ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances) မင်း ဖန်တီးနိုင်လိမ့်မယ်၊ မိတ်ဆွေစစ်တွေ (Friends) ကို ဝယ်လို့မရဘူး။
  13. ငွေကြောင့် အချွေအရံတွေ အများကြီး (Servant) မင်း ထားနိုင်လိမ့်မယ်။ သစ္စာရှိမှု (Faithfulness) ကို ဝယ်လို့မရဘူး။
  14. အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို မင်း ဝယ်လို့ရချင် ရလိမ့်မယ်။ ငြိမ်းချမ်းခြင်း (Peace) ကို ဝယ်လို့မရဘူး။
  15. အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age) ကို မင်း ဝယ်နိုင်လိမ့်မယ်၊ လုံးဝ မေ့ပျောက်ခြင်း (forgets) ကို ဝယ်လို့မရဘူး။
  16. ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊ အသက်တစ်ချောင်းကို ငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။
  17. ငွေပုံပေးပြီး အရှက်ကွဲအောင် လုပ်လို့ရတယ်၊ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီး သိက္ခာဆည်လို့မရဘူး။
  18. ငွေပုံပေးပြီး မလုပ်ဖြစ်အောင် မင်း တားနိုင်လိမ့်မယ်၊ လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ်အောင် ပြန်ကာလို့မရဘူး။
  19. ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊ အကောင်းမြင်ခိုင်းလို့မရဘူး။

  20. လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊ အရာအားလုံး ရင်းနိုင်သည်ဟူသောသူ နှစ်မျိုးသာရှိတယ်။
    (1) တစ်မျိုးမှာ မွေးကတည်းက သူများသုံးသလို မသုံးရပဲ သူများသုံးသလို သုံးချင်သူ။
    (2) အသိပညာ နှင့် အတက်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်သူ။


အရာသုံးမျိုး  


ဘယ်တော့မှ ပြန်မရနိုင်သော အရာသုံးမျိုး


  • Photobucket Photobucket      ကုန်ဆုံးသွားသောအချိန်များ။

  • Photobucket Photobucket      ပြောပြီးသားစကားများ။
  • Photobucket Photobucket      အခွင့်အရေးကောင်းများ။

__________________________________________________________________________________


တန်ဖိုးအကြီးဆုံးအရာ သုံးခု
 

  • Photobucket Photobucket     အချစ်။

  • Photobucket Photobucket      မိမိကို မိမိ ယုံကြည်မှု။

  • Photobucket Photobucket       မိတ်ဆွေ။

__________________________________________________________________________________

ဘယ်တော့မှ မသေချာသောအရာသုံးမျိုး


  • Photobucket Photobucket အိပ်မက်။ 

  • Photobucket Photobucket စိတ်ကူး၊ ရည်ရွယ်ချက်။

  • Photobucket Photobucket ကံကြမ္မာ။

__________________________________________________________________________________
အကောင်းဆုံးကို ဖန်တီးနိုင်သောအရာ(၃)မျိုး


  • Photobucket Photobucket      အလုပ်ကြိုးစားခြင်း။
  • Photobucket Photobucket      စိတ်ရင်းအမှန်ဖြင့် လုပ်ဆောင်ခြင်း၊ ရိုးသားခြင်း။
  • Photobucket Photobucket       စိတ်ရောကိုယ်ပါ နစ်မြုတ်ထားခြင်း။

__________________________________________________________________________________


ပျက်ဆီးစေသောအရာ(၃)မျိုး

  • Photobucket Photobucket       အရက်သေစာ။

  • Photobucket Photobucket           မာနကြီးခြင်း၊ မိမိကိုယ်မိမိ အထင်ကြီးခြင်းနှင့် ၀င့်ကြွားခြင်း။

  • Photobucket Photobucket      ဒေါသကြီးခြင်း။



__________________________________________________________________________________

တစ်ကြိမ်ဆုံးရှုံးပြီးနောက် ပြန်လည်တည်ဆောက်ရန် ခက်ခဲသောအရာ (၃)မျိုး
 
  • Photobucket Photobucket       ရိုသေလေးစားမှု။

  • Photobucket Photobucket          ယုံကြည်စိတ်ချမှု။
  • Photobucket Photobucket       ခင်မင်ရင်းနှီးမှု။


See You At The Top  

Posted by SLIP in 



  • ထိပ်ဆုံးမှာ တွေ့ကြမယ်........။ 

  • ပြင်းထန်သော ဆန္ဒဖြင့် တိကျသော ရည်မှန်းချက်ထားရှိပါ။

  • ပန်းတိုင်သို့ မည်သည့်အချိန်တွင် ရောက်ရှိရမည်ဟု သက်မှတ်ပါ။

  • ရည်မှန်းချက် ဘာလဲဆိုတာကို စာဖြင့်ရေးချထားပါ။

  • မည်သို့ သွားရမည်ဟူသော လုပ်ငန်းစီမံချက် ချမှတ်ရမည်။

  • ပန်းတိုင်သို့ ရောက်ရေးကို နေ့စဉ်တွေးပါ။

  • မိမိ လုပ်ငန်းအပေါ် စိတ်ဝင်စားမှုရှိပါ။

  • ရေးဆွဲထားသည့် စီမံချက်အတိုင်း မနေမနားကြိုးစားဆောင်ရွက်ပါ။

  • အခြားသူတို့၏  အားလျှော့စေတတ်သော အကြံပေးချက်များကို လက်မခံပဲ နားပိတ်ထားပါ။

  • မိမိအစီအစဉ်အတိုင်း ဆုံးခန်းတိုင်အောင် ဆောင်ရွက်နိုင်ရန် အားပေးအားမြှောက်ပြုမည့် မိတ်ဆွေများနှင့် ပူးပေါင်းပါ။

  • အနှစ်မရှိသော အလုပ်များ ဖြင့် အချိန်ဖြုန်း ပျော်မွေ့နေသော ပတ်ဝန်းကျင်မှ ရှောင်ထွက်ပါ။

  • မိမိ၏ အားနည်းချက်၊ အားသာချက်များကို သိပါ။ သိအောင်လုပ်ပါ။

  • ထကြွ လုံ့လ ၀ီရီယ ရှိပါ။

  • အခွင့်အရေးရတုန်းမှာ ယူထားပါ။ မလွတ်ပါစေနှင့်။ မိုးရွာတုန်းရေခံ။  မိုးရွာတာက ကံ။ ရေခံတာက ၀ီရီယ။

  • ဝေဖန်မှုကို ခံယူပြီး အကျိုးရှိအောင် ပြုပြင်ပါ။ မခံချင်စိတ်အပေါ်တွင် နာကျင်မှုနဲ့ မျိုးစေ့ချ စိုက်ပျိုးပြီး အသီးအပွင့်များကို ခူးယူ စားသုံးပါ။

  • ပြောသင့်တာနှင့် လုပ်သင့်တာကို ချင့်ချိန်ခွဲခြားတတ်သူဖြစ်ပါစေ။

  • ငြင်းခုန်ခြင်း၊ ရန်ဖြစ်ခြင်း စသော ပဠိပက္ခများကို အထူးရှောင်ပါ။

  • ငွေစုပါ။ ငွေမည်မျှ ရှာဖွေနိုင်သည်မှာ အဓိကမဟုတ်၊ မည်မျှ စုဆောင်းနိုင်သည်မှာ အဓိက ဖြစ်သည်။

  • ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုကို တည်ဆောက်ပါ။

  • စိတ်ဓာတ်မကျအောင် သတိပြုထိန်းသိမ်းပါ။

  • မိမိကိုယ်ကို ယုံကြည်မှုရှိပါ။

  • ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲ၊ တွေးရဲတောရဲ ရှိပါ။

  • ဂုဏ်သိက္ခာကို သန့်ရှင်းဖြူစင်အောင် ထိန်းသိမ်းပါ။

  • သိမ်ဖျင်းတဲ့ တန်ဖိုးမဲ့တဲ့ စကားမျိုးနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမဖြတ်နဲ့။

  • သင်၏ သီးသန့်ဘ၀ကို တသီးတသန့် ဖြစ်ပါစေ။

  • သင့်လျှို့ဝှက်ချက်ကို သင့်အင်္ကျီပင် မသိပါစေနှင့်။

  • အတွေ့အကြုံတိုင်းအပေါ်တွင် သင်ခန်းစာယူပါ။

  • ကျောက်ခဲတစ်လုံးကိုပဲ နှစ်ခါ ခလုတ်မတိုက်မိပါစေနှင့်။

  • သတိရှိပါ။ သတိသည် လုံခြုံခြင်း၏ မိခင်ဖြစ်သည်။

  • ယနေ့လုပ်နိုင်တာတွေကို မနက်ဖန်လုပ်ဖို့ ချန်မထားပါနှင့်။

  • အချိန်၏ တန်ဖိုးကို နားလည်ပါ။

  • မိတ်ဆွေကောင်းများကို ထိန်းသိမ်းပါ။ မိတ်ဆွေများနှင့် အချေးအငှား၊ အချေးအယူ မလုပ်ပါနှင့်။

  • လောင်းကစား၊ မိန်းမနှင့် အရက်ကို ဝေးဝေးကရှောင်ပါ။

  • သင့်ဘ၀ကို လုပ်ငန်း၊ အဖွဲအစည်းတစ်ခုခု (သို့) လူတစ်ဦးတစ်ယောက်ထံသို့ အူလှိုက် အသည်းလှိုက် ပုံမအပ်သင့်ပဲ ပုံမအပ်ပါနှင့်။

  • ခင်မင်မှုကို တန်ဖိုးထားပါ။ ချစ်ပါ။ ဒါပေမယ့် ခွဲခွာရမည်ကိုလည်း မကြောက်ပါနှင့်။

  • သြဇာလွှမ်းမိုးမှု ကွန်ယက်ကို ဖြန့်ကျက်ပါ။

  • တာဝန်ယူစိတ်ရှိပါ။ တာဝန်ကျေပွန်အောင် ပြင်းထန်သောဆန္ဒကို မွေးမြူပါ။

  • မိမိ၏ လုပ်ရပ်သည်ရည်မှန်းချက်ကိုထိခိုက်နေပြီဟု ယုံကြည်လျှင် လျှော့လုပ်ပါ။ ရည်မှန်းချက်ကို အထောက်အကူပြုသည်ဟု ယုံကြည်လျှင် ပိုလုပ်ပါ။ အမှားကိုမြင်လျှင် အမှန်ကို ချက်ချင်းပြုပြင်ပါ။ အမြင်သစ်အမြင်မှန်ကို အမြဲကြိုဆိုလက်ခံပါ။

  • သင်သည်နေကို မျက်နှာမူလိုက်ပါ အရိပ်များသည် အနောက်ဘက်တွင် ရောက်ရှိသွားပါလိမ့်မည်။

  • စာပေ လေ့လာဆည်းပူးပါ။

  • ရတနာသုံးပါးကို မမေ့ပါနှင့်။ 

  • See You At The Top!!

--
More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge


With Best Regards,

slip
http://www.meepyatite.info/


If u need any IT Notes & Software
u can download free from
http://slip-meepyatite.blogspot.com/

We Trying to say about Myanmar (Burma) to world
http://mathetzinnet.blogspot.com/


If u wanna listen any musics
http://myl6.blogspot.com/

If u wanna read latest news
http://lighthouse28.blogspot.com/

If u wanna read funny jokes
http://7comrades.blogspot.com/


Welcome to MIET forum
http://mietforum.ning.com/

No comments: