Tuesday, June 11, 2013

~False Beliefs~



အတိတ်ရဲ့ အရိပ်ဆိုးကနေရုန်းထွက်ဖို့

ကိုယ်ရောက်နေတဲ့အခြေအနေ၊ အချိန်အခါနဲ့ ကိုယ်တွေ့ကြုံဆက်ဆံနေရတဲ့ လူပုဂ္ဂိုလ်အလိုက် တုံ့ပြန်ဖို့ ထွက်ပေါ်လာတတ်တဲ့ အတွေးတွေကို အကြမ်းအားဖြင့် နှစ်မျိုးခွဲကြည့်လို့ရတယ်။ 

၁) အပြုသဘောဆောင်တဲ့အတွေး (Positive Thoughts) 
၂) အပျက်သဘောဆောင်တဲ့အတွေး (Negative Thoughts)

အပျက်သဘောဆောင်တဲ့အတွေးတွေက အကြောင်းအကျိုးဆီလျော်မူနည်းပါးတယ်။ စိတ်ခံစားချက်ကိုဇောင်းပေးပြီး အခြေအနေကိုတုံ့ပြန်တယ်။ လူတစ်ယောက်ရဲ့ သူကိုယ်တိုင်မသိနိုင်တဲ့ မသိစိတ်က ယုံကြည်လက်ခံထားမူ (Beliefs) နဲ့ ယူဆချက်တွေ (Assumptions) တွေက အပျက်သဘောဆောင်တဲ့အတွေးနဲ့ စိတ်ခံစားချက်တွေကို ဖြစ်ပေါ်စေတာဖြစ်တယ်။

ကလေးဘ၀အသိဥာဏ်ဖွံ့ဖြိုးစအရွယ်ကစလို့ ကိုယ့်ပါတ်ဝန်းကျင်က မိဘ၊ ဆရာ၊ သူငယ်ချင်းအပေါင်းအသင်းနဲ့ အခြားသောကိုယ့်ကို လွမ်းမိုးသူတွေဆီကနေ မသိစိတ်က မှတ်ယူလိုက်တဲ့ Beliefs နဲ့ Assumptions တွေဖြစ်တဲ့အတွက်၊ ပုဂ္ဂလဓိဋ္ဌာန်ကျပြီး (တစ်ဦးတစ်ယောက်၏ ခံစားချက်မှဖြစ်ပေါ်သော) ဓမ္မဓိဋ္ဌာန် (အရှိအရှိတိုင်း မှန်ကန်သော) မကျဘူး။ ရုပ်ရှင်တွေနဲ့ အခြားဖျော်ဖြေရေးမီဒီယာတွေဖြစ်တဲ့ ကလည်း ပုဂ္ဂလဓိဋ္ဌာန်ကျတဲ့ အမြင်တွေကို ဖြစ်စေတယ်။ ဒီလိုဓမ္မဓိဋ္ဌာန်ကျကျအသိပညာဥာဏ်၊ အတွေ့အကြုံအားဖြင့် တည်ဆောက်ယူထားတာမဟုတ်တဲ့ ပုဂ္ဂလဓိဋ္ဌာန်ကနေဖြစ်ပေါ်လာတဲ့ ယုံကြည်ချက်တွေကို False Beliefs မှားယွင်းသောယုံကြည်မူလို့ အသုံးချစိတ်ပညာမှသုံးတယ်။

အဝေဖန်ခံလွန်းရတဲ့ကလေးတစ်ယောက် အရွယ်ရောက်တဲ့အခါ ကိုယ့်ကိုယ်ကို အသုံးမကျဘူး၊ တန်ဖိုးမရှိဘူး၊ သုံးစားမရဘူးလို့ False Belief ၀င်တတ်တယ်။ လစ်လျူရူခံရာတဲ့ ကလေးတစ်ယောက် ကြီးပျင်းလာတဲ့အခါ ကိုယ့်ရဲ့ လိုအင်နဲ့ လိုအပ်ချက်တွေကို အရေးမပါဘူးလို့ ထင်တဲ့ False Belief ရတတ်တယ်။ နှစ်လိုမူနဲ့ လက်ခံမူတွေမရတဲ့ကလေးဟာ အရွယ်ရောက်တဲ့အခါ ငါဟာမေတ္တာအထားခံရဖို့မထိုက်တန်သူလို့ False Believe ကိုစွဲထားတယ်။

ကိုယ့်ရဲ့ အတွေးနဲ့ ခံစားချက်တွေတိုင်းဟာ False Beliefs တွေကြောင့်ဖြစ်လာရပါတယ်ဆိုတာ တော်တော်ယုံတန်ယုံဆင်ခြင်နိုင်စွမ်းနဲ့ မသိနိုင်လောက်အောင်ကို False Beliefs တွေဟာ လူတွေနဲ့ တစ်သားထဲကျနေပြီဖြစ်တယ်။ False Beliefs တွေကြောင့်ကိုယ့်မှာ အပျက်သဘောဆောင်တဲ့ အတွေးတွေ၊ မှားယွင်းတဲ့ ဘ၀အမြင်နဲ့ ခံယူချက်တွေဖြစ်လာရတယ် ဆိုတာမသိသရွေ့ တော့ ကိုယ်တွေးနေသမျှ၊ ခံစားနေသမျှတွေဟာ အမှန်တွေပဲလို့တထစ်ချ မှတ်ယူထားတော့တာပဲ။ အဲ့မှတ်ယူမူတွေကြောင့် False Beliefs တွေဟာကိုယ့်ဘ၀ကို မသာယာမူတွေ၊ စိတ်ဆင်းရဲမူတွေ၊ အခက်အခဲတွေ၊ ပူပန်မူတွေကို ဦးတည်နေစေတဲ့ လမ်းပြမြေပုံတွေဖြစ်လာတယ်။

False Beliefs ဟာ ကွန်ပြူတာတစ်လုံးကို ညွန်ကြားခိုင်းစေနေတဲ့ ပရိုဂမ်တစ်ခုနဲ့တူတယ်။ လူတွေရဲ့ ဘ၀ကို ဟိုလိုတွေး၊ ဒီလိုခံစား၊ ဒီလိုမြင်နဲ့ ညွန်ကြားခိုင်းစေတယ်။
False Beliefs ကြောင့် လူတွေဟာ စိတ်သောကနဲ့ ပူပန်မူတွေကိုလိုအပ်တာထက် ပိုခံစားကြရတယ်။ ပြဿနာတစ်ခုရှိလာရင် စိတ်ဓါတ်ကျပြီး၊ ပူပန်မူတွေဝင်လာတယ်။ ပြဿနာမပြီးမခြင်း ဖြစ်လာနိုင်မယ်ထင်တဲ့ အဆိုးတွေကို ကြိုတွေးပြီးပူပန်နေတတ်တယ်။

ကိုယ့်ကိုယ်ကို အဖြစ်မရှိသူလို့ False Beliefs ၀င်နေတဲ့သူဟာအောင်မြင်မှ လူတွေအသိအမှတ်ပြု ခံရမယ်လို့ထင်တယ်။ မအောင်မြင်သရွေ့ စိတ်ပျက်မူတွေ၊ ကိုယ့်ကိုယ်ကို မယုံကြည်မူတွေ၊ သိမ်ငယ်မူတွေခံစား နေရမှာပဲ။

တစ်ခုခုလုပ်ရင် ပြီးပြည့်စုံမှ၊ အကောင်းဆုံးရလာဒ်ရမှ ကြိုးစားရတာထိုက်တန်တယ်လို့ False Beliefs ၀င်နေရင် စိတ်ဖိစီးမူတွေလျော့ပါးပြီး အလိုကြီးအရနည်းတော့တာပဲ။

ကိုယ့်ကိုအလွမ်းမိုးဆုံး False Beliefs တွေဟာ စိတ်ထိခိုက်နာကျင်ပြီး၊ စိတ်ဓါတ်ရာ ရလောက်အောင် ဆိုးဝါးလွန်းလှတဲ့ ဘ၀အတွေ့အကြုံတွေကနေ ဖြစ်ပေါ်တယ်။ အတိတ်ဆိုးမှာ မှန်ကန်တယ်လို့ယူဆလိုက်တဲ့ FB တစ်ခုဟာ လက်ရှိမှာမမှန်ကန်နိုင်ဘူး။ အတိတ်ဆိုးက လွမ်းမိုးမူတွေ လက်တွေ့မှာကြုံလာလို့ကိုယ့်မှာ အပျက်သဘောဆောင်တဲ့အတွေးတွေပေါ်လာတဲ့ အခြေနေမျိုးရင်ဆိုင်ရတဲ့အခါ၊ အတိတ်ကလိုအဖြစ်ဆိုး လက်ရှိအချိန်မှာ နောက်တစ်ခေါက် ပြန်မဖြစ်အောင် ပစ္စုပ္ဗန်ရဲ့ အကြီးဆုံးအကျိုးကျေးဇူးဖြစ်တဲ့ ရွေးချယ်နိုင်စွမ်းကိုသုံးပြီးကိုယ့်ရဲ့ False Beliefs တွေကို ဓမ္မဓိဋ္ဌာန်ကျအောင် အကြောင်းအကျိုးဆင်ခြင်သုံးသပ် တွေးခေါ်ခြင်းဖြင့်သာ ဖယ်ရှားနိုင်မယ်။

ကိုယ့်ရဲ့ False Beliefs တွေကိုစွန့်ပြစ်နိုင်ဖို့ ကိုယ့်မှာရှိတဲ့ False Beliefs တွေကိုသိမြင်လက်ခံဖို့ အရေးကြီးတယ်။ ကိုယ်တွေးမိသမျှနဲ့ ခံစားနေရသမျှကို မှန်တယ်၊ မမှန်ဘူးယူဆစေတဲ့ ခိုင်လုံတဲ့ သက်သေအထောက်ထားတွေက ဘာရှိလည်း၊ ကိုယ်ယုံကြည်ထားတာတွေဟာ ပြဿတွေနဲ့ အခြေအနေတွေကို ခြုံငုံမြင်စေရဲ့ လား၊ ကိုယ့်ရဲ့ ယုံကြည်ချက်နဲ့ ယုံကြည်ချက်ကြောင့်ဖြစ်လာတဲ့ ဘ၀ခံယူချက်တွေ၊ ဘ၀အမြင်တွေက ကိုယ့်ဘ၀ကိုဘယ်လောက် ကောင်းသွားစေလည်း၊ ကိုယ့်ရဲ့ ယုံကြည်ချက်တွေက ကိုယ်ကို်ယတိုင် အကြောင်းအကျိုးသင့် ဓမ္မဓိဋ္ဌာန်ကျကျတည်ဆောက်ထား တာလား၊ သူများနားကကူးယူလာသလား၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေက ကိုယ့်ကိုဒီလို ယုံစေသလား၊ ကိုယ့်ဘ၀ကို ပိုကောင်းမွန်စေမယ့် ဘယ်လိုယုံကြည်မူအသစ်တွေ တည်ဆောက်ရမလည်း ဆိုတာတွေ သုံးသပ်ကြည့်ရင် ကိုယ့်ရဲ့ False Beliefs တွေကကိုယ့်ကို လွမ်းမိုးချုပ်ကိုင်ထားတဲ့ အတိုင်းအတာကိုမြင်တွေ့လာရမှာပဲ။

လက်ရှိအတွေ့အကြုံတွေကနေ ကိုယ့်ရဲ့ False Beliefs တွေကိုမြင်အောင်ကြည့်ပြီး၊ ပြန်လည်သုံးသပ်နိုင်မယ် False Beliefs တွေရဲ့ အပျက်သဘောဆောင်တဲ့လွမ်းမိုးမူတွေ၊ နာကျင်ခံစားခဲ့ရသမျှ အတိတ်ရဲ့ စိတ်ဒဏ်ရာတွေကို ပျောက်အောင်ကုစားနိုင်မှာဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာအရ မိမိကိုယ်ကိုအသစ်တဖန် မွေးဖွားသန့်စင်လာနိုင်မှာဖြစ်တယ်။

လူ့ဘ၀မှာ အရေးအကြီးဆုံးအချိန်ဟာ ပစ္စုပ္ဗန်ဖြစ်တယ်။ ပစ္စုပ္ဗန်ကိုအကောင်းဆုံး အသုံးချနိုင်မှ ကောင်းမွန်တဲ့အတိတ်ကိုထားခဲ့နိုင်မှာဖြစ်ပြီး၊ လိုလားနှစ်သက်ဖွယ် အနာဂါတ်ကို တည်ဆောက်နိုင်မှာ ဖြစ်တယ်။ အတိတ်ကအရိပ်ဆိုးတွေနဲ့ ပစ္စုပ္ဗန်ကိုဆုံးရှုံးနေတဲ့သူဟာအနာဂါတ်လည်းကင်းမဲ့နေမှာဖြစ်တယ်။ အတိတ်၏အကြောင်း မည်မျှပင်မကောင်းဖြစ်သည်ဖြစ်စေ၊ လက်ရှိပစ္စုပ္ဗန်မှာ ဘ၀ကိုမကောင်းခြင်းမှဝေးကွာစေပြီး၊ ကောင်းခြင်းများနဲ့တည်ဆောက်ဖို့ လိုအပ်တယ်။

~AMM~
Greenhill

REF: Shepherd, Peter; The Positive Approach.

https://www.facebook.com/aungmm27?fref=ts

No comments: