by : ခရီးသည်
အတ္တ
လူတစ်ယောက်ရဲ့ မိမိကိုယ်ကိုယ် သိမြင်လက်ခံထားပုံကို အနောက်တိုင်းစိတ်ပညာမှာ Self လို့သုံးတယ်။ မြန်မာလိုဆိုရင်တော့ အတ္တပေါ့။ Markus နဲ့ Kytayama စိတ်ပညာရှင်နှစ်ယောက်ရဲ့ အလိုအရ အတ္တကို ပုံကြမ်းနှစ်ခုခွဲလို့ရတယ်။
Independent Self - လွတ်လပ်တဲ့ အတ္တပုံစံ
IS ကို အများနဲ့မတူပဲသီးခြားဆန်တဲ့ ဥာဏ်စရိုက်တွေ၊ အစွမ်းအစတွေ၊ အရည်ချင်းတွေ ပေါင်းစပ်နေတဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူရဲ့ အတ္တပုံစံလို့ပြောရင်ရမယ်။ IS ရှိတဲ့သူတွေဟာ ကိုယ့်အတွေး၊ ကိုယ့်ခံစားချက်အလိုက် ပြုမူပြောဆိုတတ်တယ်။ အခြားသူတွေရဲ့ အတွေးနဲ့ ခံစားချက်တွေနောက်လိုက်ပြီး ပြုမှုပြောဆိုတာမရှိဘူး။
Dependent Self - မှီခိုတဲ့ အတ္တပုံစံ
DS ပုံစံဟာ သူနေထိုင်ရာလူမှုအဖွဲ့စည်းရဲ့ အမြင်နဲ့အယူအဆတွေအပေါ် တည်ဆောက်ထားတယ်။
သူ့ရဲ့ လူ့အဖွဲ့အစည်းနဲ့ ကြားထဲကဆက်ဆံရေးအပေါ်မူတည်ပြီး ပြုမှုပြောဆို၊ လုပ်ဆောင်လိုတယ်။ အများအားဖြင့် DS ရှိသူတွေဟာ အများစုရဲ့ ဆန္ဒနဲ့သဘောထားကို မိမိရဲ့ ကိုယ်ပိုင် ဆန္ဒနဲ့သဘောထားထက် ပိုမိုအရေးစိုက်လေ့ရှိတတ်ကြတ
ဒီသဘောကို ဟာသလေးတစ်ပုဒ်နဲ့ ဥပမာပေးရရင်၊
လူကြီးတစ်ယောက်က ကလေးတစ်ယောက်ရဲ့ ဘ၀ရည်မှန်းချက်နဲ့ ပါတ်သက်ပြီးမေးခွန်းထုတ်တယ်
လူကြီး။ ။ သားကြီးလာရင်ဘာလုပ်မလည်းကွ။
ကလေး။ ။ စစ်ဗိုလ်ကြီးလုပ်မှာ။
လူကြီး။ ။ ဟာစစ်ဗိုလ်ဆိုရင် ရန်သူသတ်ရင်ခံရမှာပေါ့ကွ။
့ကလေး။ ။ ရန်သူဆိုတာ ဘာလည်းဦး။
လူကြီး။ ။ ရန်သူဆိုတာ စစ်ဗိုလ်ကို သတ်မယ့်သူပေါ့ကွ။
ကလေး။ ။ ဒါဆိုရင်စစ်ဗိုလ်မလုပ်တော့ဘူ
ဒီမှာ မိမိကိုယ်သိမြင်လက်ခံမှုမပြည့်စ
DS နဲ့ IS နှစ်ခုရဲ့ အပြုအမှုနဲ့ တွေးမြင်ပုံအရ သီးသန့်ဖြစ်သော ကိုယ်ပိုင်မူကိုယ်ပိုင်ဟန် (Individualism) နဲ့ အများနည်းတူဟန် (Collectivism) လို့ခေါ်တဲ့ ပြုမှုပြောဆိုပုံ၊ ဆောင်ရွက်ပုံ၊ တွေးခေါ်ယူဆပုံ၊ လောကကိုမြင်ပုံ အမျိုးစားနှစ်မျိုးကို Triandis လို့ခေါ်တဲ့ စိတ်ပညာရှင်က ခွဲခြားပြခဲ့တယ်။
Individualist တွေဟာ၊ ပုဂ္ဂိုလ်ရေး ဆန္ဒနဲ့ ရည်မှန်းချက်တွေကို ဦးစားပေးတတ်ပြီး၊ Collectivisit တွေဟာ အများနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်နဲ့ စံတန်ဖိုးတွေကို ဦးစားပေးတတ်တယ်။ ဆိုလိုချင်တာကတော့ Individualist တွေဟာ လူ့အဖွဲ့အစည်းမှာ ဒေါင်လိုက်သဘောရှိပြီး၊ Collectivist တွေကတော့ အလျားလိုက်သဘောဆောင်တယ်။
နှလုံးသားအရင်းခံတဲ့ ပညာတတ်ဖြစ်ဖို့ဆိုရင်တော့ IS နဲ့ DS အတ္တနှစ်မျိုးကိုမျှအောင်မွေးတတ
ပညာရဲ့ အကျိုးအမြတ်ကို ကိုယ့်အတွက်တစ်ကိုကောင်းအတ္တအတ
ပညာတန်ဖိုးနဲ့ ပညာရဲ့ တန်ခိုးဟာ အတ္တသမားနားမှာ အစွမ်းစမဲ့လာလိမ့်မယ်။
ပညာကို အများအတွက်အသုံးချခြင်းကသာလျှင
အများအကျိုးအတွက် ပညာရှာဖို့ဆိုရင်တော့ Idividualism နဲ့ Collectivism ကိုမျှအောင်ကျင့်ဖို့ လိုလိမ့်မယ်။
No comments:
Post a Comment