Tuesday, February 26, 2013

ဘာသာမဲ့များနှင့် ဘာသာဝင်များ




ဘာသာမဲ့ဟု ဆိုတိုင်း စည်းကမ်းမဲ့ ဥပဒေမဲ့ လုပ်ချင်ရာ လျှောက်လုပ်နေကြသူများ ဟု ဆို၍ မရချေ။
ဘာသာတရားတစ်ခု ကို တစ်သတ်မှတ်တည်း ဆည်းကပ်ကိုးကွယ်နေတာမျိုးမဟုတ်…သော။ မည်သည့်
ဘာသာအဆုံးအမကို မျှလည်း စော်ကားပုတ်ခတ်ခြင်းမရှိသော။ဘာသာတရား မရှိသော လူများ လောက
ကြီးတွင် တဖြည်းဖြည်းပေါများလာသည်ကို ကျွန်တော်တို့ တွေ့နိုင်ပါသည်။
ယနေ့ခေတ် ကမ္ဘာကြီးတွင်…လူဖြစ်လာခဲ့ကြသော လူတို့သည် မိမိတို့ တွေးခေါ် မြော်မြင် ကြားသိ ခွင့်
ရသော စမ်းသပ်၍ ရသော။ လေ့လာစမ်းစစ် ၍ ရသောအရာများ( perceptible factors ) ၊ မိမိ၏ အသိဉာဏ် ဖြင့် ဆင်ခြင် နိုင်မှု (systematic analytical skill level ) အဆင့် ကိုကျော်လွန်သည့် မည်သို့သော အရာဟူသမျှကို လက်ခံယုံကြည်ရန် ခဲရင်းလာကြပါသည်။
ယုတ္တိဗေဒ( logic ) ကိုအခြေခံသော အတွေးအကြံများ ခေတ်စားလာရကား ရုပ်ဝတ္ထုကို ဦးစားပေးသော ၀ါဒ
(Materialism) နှင့် လူသားဗဟိုပြုဝါဒ ( humanism ) များအထူးသဖြင့် အနောက် အုပ်စု နိုင်ငံများနှင့် ခေတ်
ပညာတတ်လူငယ် အများစုတွင် တွယ်ကျယ် စွာပြန့်ပွားလျှက်ရှိကြပေသည်။
ရှိမှု ပဓာန ၀ါဒ ( existentialism ) များသည် လည်း မသိမသာ ထွန်းကားလာပါသည်။ ၄င်းသည် လီနင်၏ ကွန်မြူနစ်ဝါဒ နှင့် ကားလ်မက်စ် တို့၏ ( Marxism ) ၀ါဒ ကိုတီးမိခေါက်မိရာ မှ စိတ်ဓါတ်များပြောင်းလဲသွား
ခြင်းများဖြစ်နိုင်သလို ၊ မိမိဘာသာ လေ့လာဆည်းပူးရင်း အတွေးအမြင်ဘောင် ခတ်မှုကို ကျော်လွန်ခြင်း
Open minded စိတ်များ ကြောင့်ဖြစ်နိုင်ကြောင်း လေ့လာသူတို့က ဆိုကြပါသည်။
မည်သို့ပင်ဖြစ်စေ၊ ဘာသာတရားတစ်ခုခုကို ကိုးကွယ်ဆည်းကပ်သူနှင့် ဘာသာမဲ့ များကို လေ့လာစမ်းစစ် ချက်တစ်ရပ်က ဆန်းစစ် ရာတွင် ဘာသာမဲ့များက ရာဇ၀တ်မှုများကို ပိုမိုကျူးလွန်တတ်ကြောင်း အဖြေ ထွက်
လာသည် ဟုဆိုပါသည်။ ( ဒေါက်တာ မင်းတင်မွန် စာအုပ်မှ )
လူသားတို့နေထိုင်ရာ ကမ္ဘာကြီးတွင် ဘာသာတရားက ပြဌာန်းထားသော ပညတ်ချက်များ ဖြင့် မလုံလောက်
၍သာ ဥပဒေ အမျိုးမျိုးပြဌာန်း၍ လူတို့လုပ်ဆောင်သင့်သော အရာ၊ မလုပ်ဆောင်သင့်သော အရာ ဟူ၍ တား ဆီးပိတ်ပင်ထားရသည် မဟုတ်ပါလား။ဘာသာတရားမှ ပြဌာန်းထားသော ပညတ်များကို မလိုက်နာပါက ..
ဘာသာတရားနှင့်ပတ်သက်သော ဘာသာဝင်တို့က ကြင်ခြင်း ( ဥပေက္ခာ ပြုခြင်း ) နှင့် ၄င်းအတိုင်းအ၀ိုင်းမှ
ကဲ့ရဲ့ရှုံချခြင်းကို သာ ခံရနိုင်ပါသည်။ ( ငရဲရောက်မည် ၊ အပြစ်ပေးခံရမည် ၊ ဘုရားသခင်မှ အရေးယူမည် ၊ စသည် တို့မှာ ၄င်းဘာသာနှင့် သတ်ဆိုင်သော အယူသာဖြစ်ပါသည်။ )
သို့သော် အုပ်ချုပ်သူ အစိုးရမှ ပြဌာန်းထားသော ဥပဒေကို ဖောက်ဖြတ်မိပါက အုပ်ချုပ်သူမှ ဥပဒေတွင် ပြဌာန်းထားသည့် အတိုင်းပြစ်ဒဏ်ကို ကျခံရသည်။ ( တရားဥပဒေ စိုးမိုးသော နိုင်ငံများကို ဆိုလိုပါသည်။ )
မိမိကျင့်သုံးသော ၊ယုံကြည်သော ၊ လိုက်နာသော ၊ အယူဝါဒ သို့မဟုတ် ဘာသာတရား သည် မိမိ အပါ အ၀င်
မိမိတို့လူသား ပတ်ဝန်းကျင်တွင် အမှန်တကယ် ငြိမ်းချမ်းမှုကို ယူဆောင်ပေးနိုင်သော တရားသည် သာ အမြတ်
ဆုံးဖြစ်သည်ကိုမူ လူသားတိုင်း (ဘာသာမဲ့များနှင့် မည်သည့် ဘာသာကို ကိုးကွယ်သူဖြစ်ပါစေ ) လက်ခံနိုင်ရပါမည်။
အမှန်တရားသည် တစ်ခုတည်းသာရှိပါသည်။ ထိုအမှန်တရားသည် လူသားအားလုံးသက်မှတ်ထားသော … မျှခြေ ..တစ်ခုသာဖြစ်ပါသည်။ အများစု က မျှခြေ ဟုယူဆ ထားသော တရားနှင့် သွေဖီ သောမည်သို့ သော
အယူအဆ ကိုမဆို ကျွန်တော်တို့ အားလုံးက အဓမ္မ၀ါဒ ဟု ပင်ယူဆရမည်ပင်ဖြစ်သည်။ဘာသာမဲ့ ခြင်းကြောင့်
ဘာသာရှိတို့များစွာသေကြေရခြင်းများရှိသကဲ့သို့ ( ဘော့စနီးယား ) ၊ ဘာသာအစွန်းရောက်ခြင်းကြောင့်လည်း
လူပေါင်းများစွာသေကြေခဲ့ကြဖူးပါသည်။ ( ခရူးဆိတ် )
လူအားလုံး၏ မျှခြေ သဘောထားသည် ငြိမ်းချမ်းစွာနေထိုင်ရေးပင်ဖြစ်ပါသည်။ မိမိကြိုက်နှစ်သက်ရာကို ကိုးကွယ် ဆည်းကပ်ပြီး လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ပင်ဖြစ်ပါသည်။ သို့သော် ထိုသို့ လွတ်လပ်
မှုကို ခုတုံးလုပ်ပြီး အစွန်းရောက် အယူဝါဒ များပြန့်ပွားလာအောင်..လျှို့ဝှက်စွာ ကြံစည် မှုများလည်း ရှိနိုင်
ပါသည်။ ထို့ကြောင့် မည်သည့် ဘုရားကျောင်းကန်အဆောက်အဦးတွင်မဆို…လွတ်လပ်စွာ ရှောင်တခင်
စစ်ဆေးပိုင်ခွင့် ရှိရမည်။ ပွင့်လင်းမြင်သာမှု ရှိရမည် ပင်ဖြစ်ပါသည်။မိမိတို့ကိုးကွယ်မှု သည် ဘေးပတ်ဝန်း
ကျင်ကို မည်သို့မျှ အန္တရာယ်မဖြစ်စေနိုင်ကြောင်း သိသာမြင်သာစေရပါမည်။ သို့မဟုတ်ပါက…လူသားအများ
စု၏ သံသယ စိတ်ဖြင့်တွေးတော ကြောက်ရွှံ့ နေစေပေလိမ့်မည်။

ဘာသာတရား ငြိမ်းချမ်းမှု ကိုပေးနိုင်ရမည်။ ဘာသာတရားက အေးချမ်းမှုကို ပေးနိုင်ရမည်။ ဘာသာတရားက
ပျော်ရွှင်မှုကိုပေးနိုင်ရမည်။ သနားတတ်စေရမည်။ ကိုယ်ချင်းစာ စိတ်ကို ပေးနိုင်ရမည်။ နုးညံ့မှုကိုပေးနိုင်ရမည်။
အတူတူ ပူပေါင်းမှုကိုပေးနိုင်ရမည်။ မျှတ မှုကိုပေးနိုင်ရမည်။ ချစ်ခင်မှုကိုပေးနိုင်ရမည်။ မေတ္တာ တရားကို ပေးနိုင်ရမည်။ ဘာသာတစ်ခုခုကို ကိုးကွယ်နေကြသောသူများအဖို့ ၄င်းတို့ကို မပေးနိုင်ပါက...
ဘာသာမဲ့များလောက်ပင်...ကမ္ဘာကို ငြိမ်းချမ်းစေလိမ့်မည် မဟုတ်။
အဓိပ္ပါယ်ရှိသော ကိုးကွယ်မှု တစ်ခုကို ရွေးချယ်နိုင်ကြပါစေ။

-- ကျွန်ုပ်ရေး၍ ကျွန်ုပ်ဆိုသံ အမှန်ဟူ၍ ကျွန်ုပ်မဆို...။ကျွန်ုပ်စပ်၍ ကျွန်ုပ်ဖွဲ့သီမြတ်လှပြီဟု ကျွန်ုပ်မယူ..။တိုင်းတိုင်းပြည်သူ လူဟူသမျှကိုယ့်မြင်ကိုယ့်တွေး..ကိုယ့်အရေးကိုကိုယ်တိုင်ဆုံးဖြတ် မှတ်ချက်ပေးစေ။

မှတ်ချက်ဟူသမျှ ကျိုးရှိလှဟုလည်းကျွန်ုပ်မမြင်..မထင်ပါသေး။ထိုမှတ်ချက်မျိုး ကြောင်းကျိုးမှန်ကန်ယုတ္တိတန်မှ..ကျွုန်ုပ်ကိုးစား..တန်ဖိုးထားမည်...ကျွန်ုပ်သစ္စာတည်း။

                                            သုရှင်                             
   (conservatism,traditionalism,nationalism )         
(အစဉ်အလာကိုချစ်သော၊ရိုးရာကိုမြတ်နိုးသော၊အမျိုးသားရေးဝါဒီ)

No comments: