Saturday, October 20, 2012

နိုင်ငံတစ်ခု မွေးဖွားခြင်းနှင့် ဆက်စပ်အတွေးများ (Comment)




အံ့သြစရာပဲ။ မြန်မာပြည်ကသမိုင်းလေ့လာသူတွေရဲ့ ပညာစွမ်းတွေကြောင့် ပါလက်စတိုင်းလည်း ခိုးဝင်လာသူ၊ 
သမိုင်းလိမ်၊နေရာလုယူဖို့ကြံစည်ကြိုးစားနေသူတွေ ဖြစ်သွားပြန်ပြီပေါ့ ။ တစ်ခါကလည်း ကိုဆိုဗိုမှာဖြစ်ခဲ့တဲ့ 
Genocide က မှန်ကန်သယောင်ယောင် ၊ လုပ်သင့်သယောင်ယောင်ရေးထားတဲ့ အွန်လိုင်းဆောင်းပါးတပုဒ်ကို 
နာမည်ကြီးဂျာနယ်မှာ ထည့်ဖေါ်ပြပြီး လူတွေရဲ့စိတ်ထဲ အဆိပ်ခတ်ပေးခဲ့သေးတယ် ။ 


ဒီ ဆောင်းပါးနဲ့ပက်သက်ပြီး နည်းနည်းပြောပါရစေ ။

(၁)ပါလက်စတိုင်းဆိုတာ နယ်မြေဒေသရဲ့ နာမည်ဖြစ်တယ်ဆိုတာ အမှန်ပါပဲ ။ ပါလက်စတိုင်းလူမျိုးဆိုတာ PLO အဖွဲ့ရဲ့ သတ်မှတ်ချက်အရပြောရရင်"those Arab nationals who, until 1947, normally resided in Palestine regardless of whether they were evicted from it or stayed there. Anyone born, after that date, of a Palestinian father – whether in Palestine or outside it – is also a Palestinian."
ခပ်တိုတိုပြောရရင် ဒီဒေသမှာ ၁၉၄၇ မတိုင်မီအခြေချနေထိုင်ခဲ့တဲ့ လူတွေကိုခြုံငုံပြီးခေါ်တာပဲဖြစ်တယ် ။ဘာသာရေး အရရော၊ လူမျိုးစုအရပါ လုံးဝမသက်ဆိုင်ပါဘူး။ ဂျူးရော အာရပ်ပါ နှစ်မျိုးလုံးအတွက် သတ်မှတ်ထားတာဖြစ်တယ်။
ဒီတော့ ဒါဟာ သမိုင်းလိမ်လူမျိုးသစ် ဖန်တီးတယ်လို့ ဘယ်လိုအသိပညာနဲ့ ရေးသားထားလဲ မသိဘူး ။


(၂) ပါလက်စတိုင်းမှာ ဘယ်သူတွေအခြေချနေထိုင်ခဲ့သလဲဆိုတဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရအောင်ပါ။
(၄၀၀၀ - ၅၀၀၀ BC) လောက်က အာရေဗျသဲကန္တရမှာ ဆမ္မိုက်လို့ခေါ်တဲ့ ခြေသလုံးအိမ်တိုင်လူမျိုးတွေ ရှိခဲ့တယ် ။ 
အဲဒီ ဆမ္မိုက်လူမျိုးကနေ အာရပ်လူမျိုး ၊ ဟီးဘရူးလူမျိုး ၊ ကေနန်းနိုက်လူမျိုး ၊ အမ္မိုရိုက်လူမျိုး ၊ ဖီနစ်ရှန်းလူမျိုး 
စသဖြင့် လူမျိုးအတော်ခပ်များများ ကွဲထွက်ဆင်းသက်လာကြတယ်။ 

အဲဒီ ဆမ္မိုက်လူမျိုးတွေရဲ့ မူလနေရာအာရေဗျဟာ သဲကန္တရပဲဖြစ်ပြီး ၊ မြစ်ဆိုတာလုံးဝမရှိဘဲ လူနေနိုင်တဲ့ အပိုင်းက တော်တော်လေးနည်းတော့ အဲဒီလူမျိုးတွေထဲက တစ်စုဟာ သဲကန္တာရကြီးကိုစွန့်ပြီး ရေကြည်ရာ
မြက်နုရာရှာရင်း ၃၀၀၀ BC လောက်မှာ လူမျိုးစုတစ်စုက ပါလက်စတိုင်းဒေသကို ရောက်သွားတယ် ။ အဲဒီအသုတ်က လူတွေကိုကေနန်းနိုက်လူမျိုးတွေလို ခေါ်ပါတယ် ။ ဒီလူတွေဟာ ပါလက်စတိုင်းကို ဟီးဘရူးတွေထက် 
နှစ်ပေါင်းထောင်ချီစောပြီး အရင်ရောက်ပါတယ် ။ ပါလက်စတိုင်းမြောက်ပိုင်းကိုရောက်သွားတဲ့ လူစုတွေကိုတော့ အမ္မိုရိုက်တွေလို့ ခေါ်ပါတယ် ။ 

၁၄၀၀- ၁၂၀၀ BC လောက်မှာမှ သဲကန္တရမှာ ခြေသလုံးအိမ်တိုင်ပြုကြတဲ့ ဆမ္မိုက်အနွယ် ဟီးဘရူးလူမျိုးစုတစ်စု ပါလက်စတိုင်းကို ရောက်လာကြပါတယ်။ နောက်တစ်စုကတော့ အီဂျစ်ကို ရောက်သွားကြပါတယ် ။ အီဂျစ်ရောက်
သွားတဲ့ ဟီးဘရူးလူမျိုးထဲက ဂျိုးဇက်ဆိုတဲ့ပုဂ္ဂိုလ်ဟာ ဖာရိုးဘုရင်ရဲ့လက်အောက်မှာ ဘုရင်ခံထိတောင်
ဖြစ်ခဲ့ဖူးပါတယ် ။ ဒါပေမဲ့ ဒုတိယမြောက် ရမ်ဆီးဖာရိုး လက်ထက်မှာတော့ ဂျူးလူမျိုးတွေဟာ အတော်ကြီး ညှင်းပန်းနှိပ်စက်ခံရလို့ ဟီးဘရူးခေါင်းဆောင်ကြီး မိုးဇက်ဟာ အခက်အခဲမျိုးစုံရင်ဆိုင်ပြီး သူ့လူမျိုးတွေကို 
အီဂျစ်ကနေ ပါလက်စတိုင်းဒေသထိ ခေါ်ထုတ်သွားခဲ့ပါတယ် ။ ဒါဟာ ပါလက်စတိုင်းကို ဒုတိယရောက်လာတဲ့ ဂျူးလူမျိုးတွေပါ ။ သူတို့ဒီကိုရောက်လာတော့ နဂိုရှိနေတဲ့ ကေနန်းနိုက်တွေကို နည်းမျိုးစုံနဲ့တိုက်ခိုက်ပေမဲ့
နေရာအတော်များများမှာ ရှုံးခဲ့ပါတယ် ။ ဒါကြောင့် ကေနန်းနိုက်တွေရဲ့ မြို့ရွာအပြင်ဘက်မှာသာ အခြေချ
နေထိုင်ခဲ့ကြပါတယ် ။ ပါလက်စတိုင်းမြောက်ပိုင်းကို ရောက်သွားတဲ့ ဂျူးတွေကတော့ ကေနန်းနိုက်တွေနဲ့ 
လူမျိုး ၊ယဉ်ကျေးမှုပေါင်းစည်းသွားခဲ့ပြီး အတော်ကြီးတိုးတက်လာခဲ့ ပါတယ်။  သဲကန္တရသာသာဖြစ်နေတဲ့ 
တောင်ပိုင်းဒေသမှာကျန်ခဲ့တဲ့ ဂျူးလူမျိုးတွေကတော့ ခြေသလုံးအိမ်တိုင်ဘ၀နဲ့ပဲ ကျင်လည်ရင်း မြောက်ပိုင်း
လူမျိုးစုတွေနဲ့ မကြာခနပဋိပက္ခဖြစ်ခဲ့ပါတယ် ။ 

(၃) ၁၁၀၀ BC လောက်မှာ ဟီဘရူးတွေ တစ်စုတစ်လုံးထဲ ဖြစ်သွားခဲ့ပါတယ်။ ဒါဟာ သူတို့သမိုင်းမှာ နာမည်အကြီးဆုံးလို့
ပြောရမဲ့ ခေါင်းဆောင်ကြီး ဒေးဗစ် လက်ထက် မှာပါ ။ ပါလက်စတိုင်းနိုင်ငံလေးဟာ အီဂျစ်အင်ပိုင်ယာ၊ အဆီးရီးယန်း အင်ပိုင်ယာ ၊ ဟစ်တိုက် အင်ပိုင်ယာ ၊ ဘေဘီလုံးနီးယန်း အင်ပိုင်ယာ တို့ရဲ့ စစ်ရေးလမ်းကြောင်းပေါ်မှာ ရှိနေတဲ့အတွက် အဲဒီအင်ပိုင်ယာကြီးတွေက စစ်တပ်တွေဟာ ဒီနိုင်ငံလေးကိုဖြတ်သန်းသွားကြတာ မကြာခနခံခဲ့ရပါတယ်။ ဒါကြောင့် နိုင်ငံရေးဘက်ကို ကြည့်လိုက်ရင်လည်း ဟီးဘရူးလူမျိုးတွေဟာ အီဂျစ်လူမျိုးတွေ၊ ဟစ်တိုက် 
လူမျိုးတွေ ၊ အဆီးရီးယန်းလူမျိုးတွေ ၊ ကတ်ဒီးယန်းလူမျိုးတွေလို အထက်တန်းကိုမြင့်မြင့်မားမား 
မရောက်ခဲ့ပါဘူး ။ သူတို့ရဲ့သက်တမ်တစ်ခုလုံးမှာ ပတ်ဝန်းကျင်နိုင်ငံတွေအလယ်မှာ နှစ်ပေါင်း ၅၀ လောက်ပဲ
နိုင်ငံရေးတောင့်တင်းမှု ပြနိုင်ခဲ့တာပါ ။

(၄) (ရှေးဟောင်းကမ္ဘာ့သမိုင်းကို လေ့လာတဲ့အခါမှာ ဂျူးတွေရဲ့ ကြီးကျယ်ခမ်းနားတဲ့ ယဉ်ကျေးမှုက သာနေရာယူထားတာကို တွေ့ရပါတယ်)လို့ ရေးထားတာဟာ ကိုယ်လိုရာဆွဲပြောနေတာသာ ဖြစ်ပါတယ်။ တကယ်တမ်း အာရှအနောက်ပိုင်းဒေသမှာ အီဂျစ်ယဉ်ကျေးမှု၊ဘေဘီလုံးနီးယန်းယဉ်ကျေးမှု၊အာရပ်ယဉ်ကျေးမှု၊ ဆူမာရီယန်းယဉ်ကျေးမှုသာ လွမ်းမိုးခဲ့တာပါ။ ဂျူးတွေရဲ့ ယဉ်ကျေးမှုဆိုတာထက် ဘာသာရေးမှာ အထက်တန်း 
ရောက်ခဲ့တယ်လို့သာ ပြောရမှာပါ ။ ဂျူးတွေဟာ သူတို့ကိုယ်သူတို့ ဆူမားရီယန်းနိုင်ငံ (အား)မြို့သား အာဗြဟံမှ
ပေါက်ဖွားဆင်းသက် လာတယ်လို့ ယုံကြည်ကြပါတယ် ။ အာရပ်လူမျိုးတွေလည်း ဒီလိုယုံကြည်ကြတာပါ ။ ဒီယူဆချက်ကြောင့် ဂျူးယဉ်ကျေးမှုလို့ ယူဆတာဟာ မမှန်ကန်ပါဘူး ။ ဆူမာရီယန်းယဉ်ကျေးမှုဟာ ဆမ္မိုက်လူမျိုးမဟုတ်တဲ့ တခြားလူမျိုးစုတစ်စုရဲ့ ယဉ်ကျေးမှုသာ ဖြစ်ပါတယ် ။

(၅) မျိုးရိုးဗီဇခွဲခြမ်းစိတ်ဖြာစစ်ဆေးမှုအရ တွေ့ရတာကိုတော့ မူရင်းအတိုင်းဖေါ်ပြပါ့မယ်။
A recent study of high-resolution haplotypes demonstrated that a substantial portion of Y chromosomes of Israeli Jews (70%) and of Palestinian Muslim Arabs (82%) belonged to the same chromosome pool.
ပြောရရင် ဂျူးလူမျိုး(၇၀%) နဲ့ ပါလက်စတိုင်းအာရပ်လူမျိုး (၈၂%) တို့မှာ Y ခရိုမိုဆုမ်းရဲ့ အဓိကကျတဲ့အပိုင်းက အတူတူပဲဖြစ်တယ်လို့ ဆိုလိုပါတယ်။ ဒါဆို ကျနော်အပေါ်ကပြောခဲ့တဲ့ လူမျိုးစုတွေကွဲထွက်ဆင်းသက်မှုဟာ အမှန်နဲ့ နီးစပ်တယ်လို့ ပြောရမှာပါ ။

(၆) လက်ရှိချိန်ထိ အစ္စရေးနိုင်ငံရဲ့ ဒေသတစ်ချို့ဟာ တရားမ၀င်သလို ၊ သိမ်းပိုက်ခံ ပါလက်စတိုင်းဒေသများအဖြစ်သာ
သတ်မှတ်ထားတယ်ဆိုတာ မမေ့သင့်ပါ ။


အချုပ်ပြောရရင် ဒီဆောင်းပါးက ရခိုင်ပြဿနာနဲ့ ဘယ်လိုမှ ယှဉ်တွဲကြည့်လို့မရတဲ့ (အခြေခံခြင်းလုံးဝမတူတဲ့)
အစ္စရေး - ပါလက်စတိုင်းကိစ္စမှာ ကျူးကျော်သူ နဲ့ ကျူးကျော်ခံရသူကို ပြောင်းပြန်ဖြစ်အောင် စာတမ်းနှစ်ခုလောက်ကို ကိုးကားပြီး အန္တရာယ်များတဲ့ အတွေးအခေါ်အမှားကြီးကို ချပြနေတာလို့ပဲ
မြင်ပါတယ် ။


-- 

Ƭнαиκƨ, 

                         \\\ ///
                       /        \
                      | \\    // |
                    ( | (.)  (.) | )
 ---------------o00o-- (_)--o00o---------------
         
======ஜ۩۞۩ஜ=======

◄██▓░  Ѧя Ƨσяcɛяɛя  ░▓██►
         ======ஜ۩۞۩ஜ======= 
  
-------------ooo0---------------------------------
               (   )        0ooo
                \ (          (   )
                 \_)         )  /
                             (_/

No comments: