Tuesday, October 23, 2012
ဘာသာအယူဝါဒ အခြေခံ အမြင်တွေ မတူကြတဲ့ အခါ ကိုယ်ကျင့်တရား နှုန်းစံ တန်ဖိုးတွေ လဲ ကွဲပြားကြရ
ဒီ ဖြစ်ရပ် က ဘာကိုဖေါ်ပြနေသလဲ ဆိုတော့ ကျွန်တော် မကြာခဏ ပြောခဲ့ သလိုပဲ
ဘာသာအယူဝါဒ အခြေခံ အမြင်တွေ မတူကြတဲ့ အခါ ကိုယ်ကျင့်တရား နှုန်းစံ
တန်ဖိုးတွေ လဲ ကွဲပြားကြရတယ်။ တစ်ဖက် က ကြည့် တော့ ( ပစောက်) တစ်ဖက် က
ကြည့် တော့ ( ဂ ငယ် ) ဆိုတာ ဆိုတာ မျိုး လေ တစ်ယောက် အတွက် အစာ က
တစ်ယောက် အတွက် အဆိပ်ဖြစ် နေတတ် တယ်လေ။ ပါဏာတိပါတကံ နဲ့ ပတ်သက် လို့
ဆီးမိုက်တစ် ဘာသာတရားတွေ ဖြစ် တဲ့ Judaism/ Christianity/ Islam စတာတွေ
နဲ့ အရှေ့ အာရှ ဘာသာတရားတွေ ဖြစ် တဲ့ Hinduism/ Jainism/ Buddhism
စတာတွေ နဲ့ အမြင် က လုံးဝ မတူပါဘူး။
Judaism/ Christianity/ Islam စတာတွေ မှာ Thou Shalt Not Kill လို့
ပညတ်ရာမှာ လူ့ အသက်ကိုပဲ မသတ်ဖို့ သတ်မှတ်တာဖြစ်ပါတယ်။ အစားအစာ အတွက်
လိုအပ်ရင် စနစ်တကျ သတ်စားခွင့် ရှိတယ် လို့ ပညတ်ထားပါတယ်။ အလကား
လက်သရမ်းပြီး လျှောက် သတ်နေတာမျိုး ကို တော့ ခွင်ပြုမယ် မထင်ပါ။
Hinduism/ Jainism/ Buddhism စတာတွေ မှာ ကတော့ အသက်ဟူသမျှ ကို လေးစားဖို့
မိမိနဲ့ထပ်တူချစ်ဖို့ မသတ်ဖို့ ညွန်ကြားထားပါတယ်။ ဒါတောင် Hinduism မှာ
ယာဇ်ပူဇော်ဖို့ သတ်တာတွေ ယနေ့ထိရှိနေတုန်းပါ။ Jainism က တော့
ပါဏာတိပါတကံ နဲ့ ပတ်သက် လို့ အထူးရှောင်တယ် လို့ ဆိုရမှာ ပါ။ ဂျိန်းတွေ က
ပါဏာတိပါတကံ ကို ရှောင်တဲ့ အပြင် တိရစ္ဆာန်ထွက် ကုန်ပစ္စည်း
(ပိုးထည်-သားရေ ) မှန်သမျှကိုလဲ ရှောင်ပါတယ်။ ခရမ်းချဉ်သီး က
သွေးနဲ့တူလို့ ကြက်သွန်ဖြူက အသားလို ညှီလို့ မစားကြပါဘူး။
နေ၀င်ရင်တောင် ထမင်းမစားကြတော့ပါဘူး-မမြင်ရတဲ့ ပိုးကောင်တွေ သေမှာ
စားမိမှာ စိုးလို့ ဆိုသတဲ့။
ဗုဒ္ဓဘာသာဝင်တွေ က တော့ ကိုယ်တိုင်သတ်တဲ့ ပါဏာတိပါတကံ ကို ရှောင်တယ်။
မြင်သားကြားသား ရည်ရွယ်သား ဆိုတာတွေ ကို ရှောင်တယ်။ အသားကြီး (၁၀) မျိုး
စတာတွေ ကို ရှောင်တယ် ပေါ့။ တစ်ချို့ သော မဟာယာနဗုဒ္ဓဘာသာဝင်တွေ က
ဂျိန်းတွေ လိုပဲ Veganism ကို ကျင့် သုံးကြတာရှိပါတယ်။
အသားစားတဲ့ ဗုဒ္ဓဘာသာဝင်တွေ ကိုယ်တိုင်သတ်တဲ့ ပါဏာတိပါတကံ ကို ရှောင်
ပေမဲ့လဲ အသားကို တပ်မက်စိတ်နဲ့ စားနေ ရင် အကုသိုလ်ဖြစ်မှာ ပါပဲ။
ကိုယ်ကတော့ ရသာတဏှာ ကြီးနဲ့ စားပြီးတော့ လွတ်စေ- သတ်တဲ့ သူ ပဲ ခံစေဆိုတာက
တော့ မတရားပါ။ အသားစားတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ မိမိ ရဲ့ အသက်ရှင်သန်မှု
ဟာ သတ္တ၀ါတွေ အများကြီးရဲ့ အသက်တွေ နဲ့ ရင်းထားရတာမို့ ကိုယ်ဘ၀ ကို
တန်ဖိုးရှိအောင် နေထိုင်သင့်လှပါတယ်။
အစ္စလာမ်ဘာသာဝင်တွေ ရဲ့  ကုရ်ဗာနီစွန့်လှူမှုဒါန ကို
အပြစ်တင်ပြောဆိုချင်တဲ့ အခါ မိမိတို့ အသားစားတဲ့ ဗုဒ္ဓဘာသာဝင်တွေ လဲ
ပါဏာတိပါတကံ နဲ့ မကင်းတဲ့ အသားညှီနံ့မကင်းတဲ့ အလှူဒါန အမှုတွေ
(၀က်သားတုံးကြီး လက်သီးဆုပ်သဏ္ဍာန်-နိပ်ဟ) ဆိုတာမျိုးတွေ နဲ့ မကင်းကြောင်း
နဲ့ -ဘုန်းကြီးက ဒါတဗ္ဗ၀တ္တု အစုစု အတွက် အလှူဒါန ရေစက်ချတဲ့ အခါမှာ ဒီ
အသက်တွေ ပါနေတယ်ဆိုတာကို လဲ သတိပြု မိကြစေလိုပါတယ်။ ပါဏာတိပါတကံ ကို
ရှောင်ဖို့ ဟောနေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အတွက် သက်သတ်လွတ် အလှူမျိုးတွေက
ပိုလို့ အဓိပ္ပါယ်လေးနက်ပြည့် ၀နိုင်မယ်လို့ ထင်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ က ပါဏာတိပါတကံ ကို ရှောင်ဖို့ ဟောနေပေမဲ့ သက်သတ်လွတ်
သမားတွေ ကိုကျတော့ ဒေ၀ဒတ် ဂိုဏ်းသားတွေ လို့ စွပ်စွဲကြပြန်တယ်။ ဗုဒ္ဓ က
သက်သတ်လွတ် ကို ပယ်ခဲ့ တာ ရဟန်းတွေ အတွက် ဆွမ်း အခက်အခဲ ဖြစ်မှာ စိုး
လို့ သာပါ။ ဒေ၀ဒတ် တောင်းဆိုခဲ့တာတွေ က ဓူတင် အကျင့်တွေ ဖြစ်လို့ပါပဲ။
ဆွမ်း အခက်အခဲ သာ မရှိနိုင်ဘူး ဆိုရင် ဥပသကာတွေ ကလဲ သက်သတ်လွတ် ကို
လှူဒါန်းနိုင်မယ့် အခြေအနေ ရှိခဲ့ ရင် မဟာကရုဏာတော်ရှင် ဗုဒ္ဓ က ရဟန်းတွေ
အတွက် သက်သတ်လွတ် ကို ပညတ်ခဲ့ မှာ အသေအချာပါ။
အခုတော့ မြင်သားကြားသား ရည်ရွယ်သား မဟုတ်ရင် အိုကေပြီ ဆိုပြီးတော့
နှက်နေကြတာပါပဲ။ တိရစ္ဆာန်တွေ ရဲ့ ခန္ဓာကိုယ်က ဟို အပိုင်းလေးစားချင်တယ်
ဒီ အပိုင်းလေး ၀ါးချင်တယ် ဆိုတာမျိုးတွေတောင်ရှိတယ်။ မိမိတို့ ကိုယ်တိုင်
အသားကို တပ်မက်စွာ စားသုံးလှူဒါန်းနေကြတဲ့ အတွက် ( အသားစား ဓလေ့ ကို
မစွန့် နိုင်သေးတဲ့ အတွက်) အစ္စလာမ်ဘာသာဝင်တွေ ရဲ့ 
ကုရ်ဗာနီစွန့်လှူမှုဒါန ကို လဲ နားလည်ပေးနိုင်မယ်လို့ ထင်မိပါကြောင်း။
by : Lynn Htet Swe
No comments:
Post a Comment