Tuesday, October 23, 2012

သကျသီဟဆိုသည်မှာ




သကျသီဟဆိုသည်မှာ



သကျသီဟဆိုသည်မှာ


မန်းရွှေမြို့တော်ကြီးက သကျသီဟဘုရားကြီးကို လူတိုင်းသိကြမှာပါ ဘုရားကြီးရဲ့ အာရုံခံတန်ဆောင်းမှာ ကျင်းပတဲ့သာသနာ့အာဇာနည် ရဟန်းငယ်တွေရဲ့ စာပြန်ပွဲကြီးကို သကျသီဟစာမေးပွဲ ရယ်လို့ လူအများ ကခေါ်ဆိုခဲ့ပါတယ်
ဒီစာမေးပွဲအောင်မြင်တဲ့ ရဟန်းတွေကို ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ(အဘိဝံသ) ဘွဲ့တံဆိပ်တော်ဆက်ကပ်ပါတယ်။

ဒီဘွဲ့ရတဲ့ ရဟန်းတွေရဲ့ ဘွဲ့နောက်မှာ ဒီဂုဏ်ပုဒ်ကို တွဲဖက်ပါလေ့ရှိတယ်ဥပမာ.. ဦးဝါသဝဆိုလျှင် ဝါသဝဘိဝံသ ဖြစ်သွားပါတယ် အဲဒီဘွဲ့တော်ကိုလည်း သကျသီဟဓမ္မစရိယလို့လူသိ များတယ်။ သီပေါဘုရင် ပါတော်မူပြီး ၁၃နှစ်လောက်ကြာတော့ ၁၂၆၀ပြည့်နှစ်မှာ မန်းသူမန်းသားများကပရိယတ္တိသာသနာ့ဟိတ အသင်းကြီးကို တည်ထောင်ပြီး ရဟန်းသကျသီဟ (အဘိဝံသ) စာမေးပွဲကို ကျင်းပခဲ့ကြတယ်။

လက်ရှိမြန်မာနိုင်ငံတွင် ရှိသောရေးဖြေ စာမေးပွဲများတွေမှာ ဒီအသင်းကလုပ်တဲ့ သကျသီဟစာမေးပွဲ ဟာ အခက်ခဲ့ဆုံး အနက်နဲဆုံးစာမေးပွဲလို့ အားလုံးကလက်ခံထား ကြပါတယ်။ အဘိဝံသစာမေးပွဲရယ် ပရိယတ္တိသာ သနာအလင်္ကာရ (သကျသီဟ)
သာမဏေကျော် စာမေးပွဲရယ် နှစ်ခုရှိပါတယ်။ သာမဏေကျော်ကိုတော့ ကိုရင် ဘဝမှာ အောင်မှ သာမဏေကျော်ဘွဲ့ပေးပါတယ်။
အင်မတန်ခက်ခဲ့လှတဲ့ စာမေးပွဲတခု ဖြစ်ပါတယ်။ သာမဏေ ကျော်စာမေးပွဲ အောင်တဲ့ ရှင်ငယ်တွေကိုအမရပူရဆရာတော် အရှင်ဇနာကာဘိဝံသ ဆိုရင်စာချဘုန်းကြီးတွေ နဲ့အတူ တန်းတူအသိမှတ်ပြု တယ်လို့သိရပါတယ်။

သာမဏေကျော်ပြီးရင် ဘိဝံသစာမေးပွဲကို ဝင်ဖြေကြပါတယ် ဒီစာမေးပွဲကြီးကို ဝင်ရောက်ဖြေဆိုမယ့် ရဟန်းဟာ ကျန်းမာရေးကောင်းရမယ်ဇွဲလုံလရှိရမယ် ညဏ်အထူးကောင်းမွန် ရပါမယ် ဘုန်းတန်ခိုးကြီးပြီး နောက်ခံ အထောက်ပံ့လဲလိုအပ်ပါတယ်ဆွမ်းကွမ်းဆေးစသဖြင့်ပေါ့

အသက်၂၇နှစ် ရဟန်း၇ဝါတွင်း စာသင်တန်းဆိုတဲ့ ပထမအဆင့်ကို အောင်မြင်ပြီးရင်၂၇ကနေ ၃၂အတွင်း စာချ တန်းခေါ်တဲ့
ဒုတိယအဆင့်ကို အောင်မြင်မှပဲ အဘိဝံသဆိုတဲ့ ရဟန်းကျော်ဘွဲ့ကို ရရှိပါတယ်။ သာမဏေကျော်
ဘွဲ့ရော အဘိဝံသဘွဲ့ပါ ရရှိတဲ့ရဟန်းဆိုရင် ဘွဲ့ကို ဥပမာ အရှင်ဝါသဝအလင်္ကာရဘိဝံသ လို့ခေါ်တယ်။

သကျသီဟအသင်းကြီးက ကျင်းပတဲ့စာမေးပွဲဖြစ်တာကြောင့် သာမဏေကျော်ဘွဲ့ ရဖို့ဆိုတာကလည်း တော် တော်ခက်ခက်တဲ့
ဒုလ္လဘပါပဲ အဆင့်သုံးဆင့်အောင်မြင်မှ အလင်္ကာရဆိုတဲ့ သာမဏေကျော်ဘွဲ့ ရတာပါ။

၁။ စစ်ကိုင်းမြို့၊မြစကြာစာသင်တိုက် ဆရာတော် အရှင်ဣန္ဒကာလင်္ကာရဘိဝံသ (သ-စ-အ ဓမ္မစရိယ)

၂။ ပဲခူးမြို့၊ သမဏေကျော်စာသင်တိုက် ဆရာတော် အရှင်ဝိစက္ခလင်္ကာရဘိဝံသ (သ-စ-အ ဓမ္မစရိယ)

၃။ မန္တလေးမြို့၊ အောင်ချမ်းသာစာသင်တိုက် ဆရာတော် အရှင်ကေသရာလင်္ကာရ ဘိဝံသ (သ-စ-အ ဓမ္မစရိယ
သကျသီဟဝဋံသကာ၊ အဂ္ဂမဟာကျော်)

၎။ မဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်ကျောင်း စာချဆရာတော် အရှင်ဝဏ္ဏိတာလင်္ကရဘိဝံသ (သ-စ-အ ဓမ္မစရိယ)
စတဲ့ ဆရာတော်ကြီးတွေဟာ အလင်္ကရဘိဝံသဘွဲ့တွေကို ဆွတ်ခူးအောင်မြင်ခဲ့ပါတယ်။

ဒီလိုဘွဲ့ထူးတွေကို ရရှိထားတဲ့ တခြားဆရာတော်ကြီး တွေလည်းရှိပါသေးတယ်။ သကျသီဟစာမေးပွဲကြီး ရဲ့ခက်ခဲ့လေးနက်မှု့ကို
လယ်တီဆရာတော်ဘုရားကြီးက လူသတ်စာမေးပွဲလို့ တောင်ခေါ်ဆိုသမုတ်ခဲ့ပါတယ် ရှေးဆရာတော်ကြီးတွေကဒီစာမေးပွဲကြီးကို သိပ်သဘောမကျကြဖူး ဆိုပါတယ်။ ရဟန်းတွေအတွက် ခက်ခဲ့လွန်း တဲ့အပြင်ကျန်းမာရေးချွတ်ယွင်းပြီး နာမကျန်းဖြစ်သေဆုံးကုန်ရတာတွေ ဖြေတိုင်းမအောင်မြင်လို့ စိတ်ဓတ်တွေကျပြီးလူဝတ်လဲကြတာတွေ ဖြစ်ကြလို့ဆိုပါတယ်။

ကျွန်တော်တို့လို့ လူသာမာန်တွေအတွက်တော့ ဘုရားဟော ပရိတ်(၁၁) သုတ်တောင် အလွတ်ရဖို့ခက်ခဲ့လှတာ အမှန်ပါပဲ။
ဘုရားသာသနာကို ခေတ်အဆက်ဆက် သင်္ဂါယနာတင်ပြီး ထိန်းသိမ်းစောက်ရှောက် လာခဲ့တာ အခုမျက်မှောက်ခေတ်တိုင်အောင်ပါပဲ။ ဘုရားဟော ပါဠိတော်ဓမ္မတွေကို ဝိမုတ္တိရသအားဖြင့် (၁)ပါး၊ ဓမ္မဝိနိယ အားဖြင့်
(၂)ပါး၊ ဝစနအားဖြင့် (၃)ပါး၊ ပိဋိကတ်အားဖြင့် (၃)ပုံ၊ နိကာယ်အားဖြင့် (၅)ရပ်၊ အင်္ဂါအားဖြင့်(၉)တန်၊ ဓမ္မက္ခန္ဓာ အားဖြင့် (၈၄၀၀၀) ဟူ၍ တူရာတူရာ ပေါင်းစုကာ တင်ထားကြပါတယ်။

ဗုဒ္ဓရဲ့ တရားဓမ္မတွေကိုရော ဝိနည်းတွေကိုရော စောင့်ထိန်းကျင့်ကြံ နေကြတဲ့ ရဟန်းတွေကို လေးစားအားကျ
ကြည်ညိုသဒ္ဒါပွား များသင့်ပါတယ်။ ရဟန်းတွေကို သွင်ပြင်လဏ္ခာ ကြည်ညိုဖွယ် ကောင်းမကောင်းထက်ရဟန်းတွေရဲ့ ကိုယ်ကျင့်သီလနဲ့ ဂုဏ်တော်ကို စိတ်မှာမှတ်ယူပြီး ကြည်ညိုသင့်ပါတယ်။

ကျွန်တော့ ဒုလ္လဘရဟန်းဝတ် ချိန်တလကျော်ကျော်လေးမှာ မန်လေးရွှေမြို့တော်ကြီးက ရဟန်းတွေနားမှာ တည်းခိုးပြီး
သူတို့စာသင်သားဘဝတွေကို တစေ့တစောင်းလေ့လာ မိခဲ့တယ်။ အင်မတန်ကိုလေးစား အားကျ စရာကောင်းလှပါတယ်။
တော်ရုံဇွဲသတ္တိနဲ့ ရဟန်းဘဝကို ခံယူဖို့ တကယ်မလွယ်ပါဖူး။ ရဟန်းဖြစ်ပြီဆိုတာနဲ့ ပညတ်ထားတဲ့ဝိနိတွေကို အာပတ်မသင့်အောင်နေဖို့ ဆိုတာလည်းတကယ်ကို မလွယ်ပါဖူး ဘုရားရဲ့ ရဟန်း ဥပဒေတော်ကြီးကိုသာ အတွင်းကျကျ လေ့လာဖတ်ရှုဖြစ်မယ်ဆိုရင် ရဟန်းဘဝနဲ့ နေချစရာကို မရှိအောင်ဖြစ်ရ ပါတယ်။

ဒီလိုအခက်ခဲတွေ ကြားထဲမှာနေပြီး အလှူရှင်ဒကာတွေ သဒ္ဒါသလောက်နဲ့ အစစအရာရာ ချင့်ချိန်ချွေတာပြီး ရဟန်းတရားအားထုတ်သာသနာ့အကျိုးအတွက် ဓမ္မစာပေတွေကို အပတ်တကုတ်လေ့လာ လိုက်စားနေကြတဲ့ ရဟန်းတွေဟာ ကျွန်တော်တို့သာသနာ့အသက်သွေး ကြောတွေပါပဲလို့ တင်ပြရင်း သကျသီဟဆိုတဲ့ ရဟန်း စာမေးပွဲအကြောင်း တစေ့တစောင်း
တင်ပြလိုက်ပါတယ်။

သာသနာကိုတဖက်တလမ်းက ပံ့ပိုးနိုင်တဲ့ သူများဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း……….

မောင်ဘကြိုင်လေ့လာတင်ပြပါသည်...
မှတ်ချက် မောင်ဘကြိုင်လူဝတ် လဲလိုက်ပြီဖြစ်ပါကြောင်း အသိပေးပါသည်း)

No comments: