Monday, January 5, 2015

ဆူပါလေးတစ်ဒီကရီ


===========
ရေးသူ-M ကျော်ဝင်း
 ‪#‎mkyawwin‬‪#‎b2barticles‬

အသိထဲစွဲမြဲနေသောသဘောတရားတခုကား “အမြဲတမ်းမပြောင်း လဲသောအရာသည် အမြဲတမ်းပြောင်းလဲနေခြင်းပင်ဖြစ်သည်” ဟူသောအချက်ပင်ဖြစ်သည်။ ဘာသာရေးရှုဒေါင့်မှမဟုတ်မူဘဲလောကီရှုထောင့်မှကြည့်လျှင် ဗုဒ္ဓ၏တရားမှ “အနိစ္စ” သည် ၎င်းင်း အချက်ကိုပင်ဆိုထားသည်။
လက်တွေ့သုံးသပ်လျှင်လည်း မျက်ဝါး ထင်ထင် မြင်မြင်သမျှအရာရာတိုင်း စက္ကန့်မခြားပြောင်းလဲနေ သည်သာ။ မမြင်နိုင်သောအရာများမှာမူ ဆိုဖွယ်ရာရှိလေမည် မဟုတ်တော့ချေ။ လူတို့၏စိတ်များပြောင်းလဲလျက်၊ အတွေးအမြင် အယူအဆများ ပြောင်းလဲလျက်၊ ပတ်ဝန်းကျင်တစ်ခုလုံးပြောင်းလဲ လျက်၊ သွားလာနေထိုင်ပြုမူပုံများပြောင်းလဲလျက်ရှိနေသည်။ ထိုထို ဤဤအပြောင်းချားရဟတ်အတွင်းက မိမိလုပ်ငန်း၏အစီအမံ၊ နည်းလမ်း၊ မူဝါဒများမပြောင်းလဲဘဲရှိနေခဲ့သည်က မည်မျှကြာမြင့် ခဲ့ပါပြီလဲ။ ယင်းကဲ့သို့ မပြောင်းလဲဘဲ ရှေ့မည်မျှကြာကြာဆက်သွား နေလို့ရနိုင်ပါမည်လဲ၊ ဘာကြောင့်ဟုဆိုက မိမိပတ်ဝန်းကျင်အတွင်း အားလုံးလှုပ်လှုပ်ခတ်ခတ်နှင့် ပြင်ဆင်ပြောင်းလဲနေကြချိန် မိမိက အရင်အတိုင်းပဲ နေမြဲနေနိုင်ပါ့မလား။ ဤသည်က ယနေ့ကာလ အတွက် စိန်ခေါ်သံ။
ဘယ်အရာ ဘာလုပ်လုပ် လုပ်သောအလုပ်နှင့်လျော်ညီ သောအခြေခံအလုပ်စည်းမျဉ်းဟူသည် ရှိရစမြဲဖြစ်သည်။ ယင်းသည် ထိုအလုပ်အတွက်နည်းလမ်း၊ သို့မဟုတ် လုပ်နည်းစနစ်၊ သို့မဟုတ် အဆင့်မြှင့်ပြောရသည်ရှိသော်မဟာဗျူဟာ (Strategy) ပင်ဖြစ် သည်။


- နောက်ပွဲမှာ အိမ်ရှင်ကွင်းကိုသွားကစားရမယ့်ပွဲဖြစ်လို့ ရထားတဲ့အနိုင်ကိုထိန်းပြီး ခံစစ်နဲ့ပိတ်ကစားမယ်၊ တန်ပြန် တိုက်စစ်သုံးမယ်လို့ မော်ရင်ဟိုက ချယ်ဆီးအသင်းသား များကို အသေအချာမှာကြား လေ့ကျင့်ပေးသည်။
- ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်ပေါင်းစုအားလုံး စစ်အင်အားကြီးမားစွာစုစည်းပြီး ဂျာမနီတွေကို ပြင်သစ် နော်မန်ဒီကမ်းခြေကနေ ထိုးဖောက်စစ်ဆင်ခဲ့တဲ့ကမ္ဘာ့သမိုင်းထဲက အကြီးကျယ်ဆုံးစစ်ပွဲကြီးဟာ (D Day) ဟု ခေါ်တွင်ခဲ့ပြီး စစ်ပွဲကြီး၏မဟာဗျူဟာသည် ဒုတိယကမ္ဘာ စစ်ကြီးကို အလှည့်အပြောင်းဖြစ်စေခဲ့သည်
- အာဖရိကတောတွင်းတစ်နေရာဖြစ်သည်။ ခန္ဓာကိုယ် ဖွဲ့စည်းပုံကြီးမားသောသစ်ကုလားအုတ်ကြီးကို မိမိတို့ ပုံမှန် တိုက်ခိုက်နည်းဖြင့် တိုက်ခိုက်၍ရမည်မဟုတ်မှန်းသိကြ သည်။ ထို့ကြောင့် ထွက်လမ်းမရှိသောတောခွင်တစ်ခု အတွင်းကို ၀ိုင်းပတ်မောင်းသွင်းလာကြသည်။ ပြီး ထွက် ပေါက်ရှိနိုင်သမျှကို တိုက်ပွဲဝင်ခြင်္သေ့အားလုံးက ၀ိုင်း ပိတ်ဆို့လိုက်ပြီး ဦးဆောင်ခြင်္သေ့က သားကောင်ကြီး၏ နောက်ပိုင်းကို ထိရောက်ပြင်းထန်သောတိုက်ခိုက်မှုဖြင့် စတင်တိုက်ခိုက်လျက် အောင်ပွဲဆင်ကြလေသည်။


- ဘုရင့်နောင်သည် စစ်သည်တော်တို့ကို စိတ်ဓာတ်အင် အားဖြည့်ရမည်ဟုဆင်ခြင်လျက် စစ်ကို သူရဲကောင်း များသာဆင်နွဲခွင့်ရမည်ဟူသောအသိနှင့် ခံယူချက်ကို စစ်သည်တို့ အားပေးခဲ့သည်။ ပြန်လမ်းမမြင်အောင်ပွဲ ဆင်နိုင်မှရှင်ကြရမည်ဆိုသော် ထိုစစ်ပွဲကိုအမှန်ပင် အောင်နိုင်ခဲ့ကြလေသည်။
စီးပွားရေးနည်းဗျူဟာတစ်ရပ်သည် မိမိရွေးချယ်သတ်မှတ် ထားသောဈေးကွက်တွင် ပြိုင်ဘက်များကိုကျော်လွှားလျက် ရည်မှန်း ချက်အတိုင်းအောင်မြင်အောင် မည်သို့လုပ်ဆောင်သွားမည်ဟု သတ်မှတ်ထားသောလုပ်နည်းစနစ်ဟု ဆိုနိုင်မည်ဖြစ်ပါသည်။ Strategy တစ်ခုကိုကျင့်သုံးသည့်အခါ
- လုပ်ငန်းကိုဘယ်အတိုင်းအတာအထိလုပ်ရမလဲ၊
- လက်ရှိနှင့် အနာဂတ်အတွက်လိုအပ်ချက်က ဘာတွေဖြစ် လာမလဲ၊ အလားအလာရှိတဲ့ Customer တွေကဘယ် သူတွေဖြစ်လာနိုင်လဲ၊ ဘယ်မျှထိတိုးပွားလာမလဲ၊
- ဒီလိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ဖို့နှင့် ယှဉ်ပြိုင်နိုင်စွမ်း အားတွေရှိဖို့ ဘာတွေလိုအပ်မှာလဲ၊
- မိမိလုပ်ငန်းအတွက်စိတ်ချရမှုရှိပြီး ရှေ့ဆက်တိုးတက် အောင်မြင်မှုအတွက် ဘာတွေလုပ်ရမလဲ။ ဒီလိုအမေးမျိုး တွေကို ချမှတ်ကျင့်သုံးသွားမည့်မဟာဗျူဟာက အဖြေ ထုတ်ပေးနိုင်ရပါမည်၊ ထို့အတွက် အခြေခံအားဖြင့် ဗျူဟာ တွေထဲမှာဆောင်ရွက်မည့်လုပ်ငန်းဘောင်ကို တိကျမှန် ကန်စွာညွှန်းဆိုထားခြင်း၊
- ပြည့်စုံလုံလောက်သော အခြေပြုအချက်အလက် အထောက်အထားများရှိခြင်း၊
- Customer များ၏လိုအပ်ချက်ကို ခန့်မှန်းတွက်ဆထား နိုင်ခြင်း၊
- လိုအပ်သောကျွမ်းကျင်မှုများ ဖြည့်ဆည်းပြီးပြည့်စုံစေခြင်း၊
- ရှေ့ပြေးရှေ့ဆောင်ယှဉ်ပြိုင်စွမ်းအားများ မွေးမြူထားခြင်း၊
- ဆောင်ရွက်မည့်လုပ်ငန်းများအတွက် အခြေခံကောင်းများ အုတ်မြစ်ချထားခြင်း စသည့်အချက်များကို မဟာဗျူဟာ
တွင်ပြည့်စုံနေရန်လိုကြောင်း ကျွမ်းကျင်သူများ၊ အောင်မြင်သော လုပ်ငန်းရှင်ကြီးများက မှတ်ချက်ပြုကြသည်။
မြန်မာနိုင်ငံသည် မူသစ်၊ စနစ်သစ်ဖြင့် နိုင်ငံသစ်တစ်ခုကို ထူထောင်နေသည်သာမက ဒေသတွင်းနိုင်ငံများနှင့် ၎င်းင်း Globalization သဘော သဘာဝများကြောင့် ပြင်ပနှင့်အတူ ပြိုင်ဘက် များကို ပိုမိုထိတွေ့လာရမည်ဖြစ်သကဲ့သို့ ပိုမိုရင်ဆိုင်ယှဉ်ပြိုင်ရန် အနေအထားများရှိလာမည်မုချပင်။ ထိုသို့သောပွဲကြီးပွဲကောင်းတွင် ပရိသတ်မဟုတ်သောပြိုင်ပွဲဝင်ဖြစ်နေပေရာ စင်ပေါ်ရောက်လေမှ အမှောက်မှောက်အမှားမှားကြုံတွေ့နိုင်သည်။
မိမိပြိုင်ဘက်များစွာအနက် ထိပ်တန်းပြိုင်ဘက်၏အားသာ ချက်၊ အားနည်းချက်များကြည့်၍ မိမိအတွက်ဘယ်အရာကို ဘယ်လို ပြင်ဆင်ထားမည်ဆိုသောအစီအမံချခြင်းသည် Strategy ချခြင်း လည်းမည်ပါသည်။ သို့သော် လက်ရှိအခြေအနေများကိုဆန်းစစ် လျက် လူလား၊ အဖွဲ့အစည်းလား၊ နည်းစနစ်လား၊ မူဝါဒလား စသည်ဖြင့် ပြုပြင်ရမည့်အစိတ်အပိုင်းများကိုစိစစ်ထုတ်ပြီး ပြင်ဆင် ရေးလုပ်သည်နှင့် Strategy ၏လုပ်ငန်းစဉ်တစ်ခုဖြစ်သွားပါသည်။ ၎င်းအဆင့်တွင် Change Management သည် အရေးပါဆုံးအနေ အထား၌ရှိနေပါသည်။
အနည်းငယ်မျှစဉ်းစားလိုက်သည်နှင့် ဘယ်အရာကိုမျှ အသေအချာစွဲမြဲမှတ်ယူထားမရသည့်ကာလများအတွင်း ရောက်ရှိ နေသောကမ္ဘာကြီးသည် Uncertainty and Turbulent Time ခရီးပိုင်းကို ဖြတ်သန်းနေခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် စွန့်စား ရမှုများရှိလာသည်။ ထိုအခါ Risk Management သည်လည်း ပါလာပြန်ပါသည်။ လွှတ်ထား၍ရနိုင်သေး၍ လွှတ်ထားခဲ့သော်လည်း မဖြစ်မနေကျင့်သုံးရမည့်အခါတွင်လည်း တိတိပပကျင့်သုံးရမည် သာဖြစ်သည်။ သို့အတွက်ပင်လျှင် Risk Management ၊ Change Management ၊ Capacity Management ၊ Financial Management စသည်စသည်ကုန်သောအနှီ Management အပေါင်းတို့ကို စီးပွားရေးလုပ်ငန်းအသီးသီးတို့က လျစ်လျူ ရှုထားလျှင် အခက်အခဲမှ ပြဿနာ၊ ပြဿနာမှ ကျရှုံးခန်းသို့ဆိုက် နိုင်ပါသည်။ ထိုကြောင့် စီမံခန့်ခွဲမှုကိုပိုအာရုံထားလုပ်ဆောင်ရန် လို အပ်ချက်မြင့်မားနေပါသည်။ တစ်နည်း လုပ်သမျှလုပ်ငန်းများ Management နှင့်ကင်းကွာနေခြင်းမျိုး၊ Management ကို ချန်ထား ခြင်းမျိုးလုပ်၍မရနိုင်သောအခြေအနေသို့ ရောက်နေခြင်းဖြစ်သည်။ ဘာဖြစ်လာမည်ကို အကဲခတ်မရနိုင်ခြင်းသည် ရှေ့ဘာဖြစ်လာ နိုင်သည်ကို မျှော်တွေးမမြင်သာခြင်းဖြစ်သည်။ မမြင်သာခြင်းသည် ခရီးလမ်းစပျောက်ခြင်းဖြစ်သည်။ လမ်းစပျောက်သောနေရာမှ လွတ်မြောက်ရေးအားထုတ်ရမည်။ အားထုတ်နေနိုင်ဖို့ ရှင်သန် ရေးက အရေးကြီးသည်။ သို့ဆိုပါလျှင် မိမိအဖွဲ့အစည်းအတွက် လတ်တလောရှင်သန်နေရေးနှင့် ဘာမျှမမြင်သာသောနေရာမှ လွတ်မြောက်အောင်ရုန်းထွက်ရေးက အဓိကဖြစ်သွားသည်။ လမ်းစ ပျောက်မှ ပူပင်စိတ်ဖြင့်ဦးတည့်ရာဆက်သွားနေ၍မဖြစ်။ လမ်း အပျောက်က လမ်းစမှန်တွေ့ဖို့အရေးနှင့်ပိုဝေးသွားနိုင်စရာသာဖြစ် လာပါမည်။ မထူးပြီဟူ၍ လည်စင်းခံရန်ကလည်း သတ္တိနည်းလှ သည်။ လက်မှိုင်ချ အရှုံးပေးလောက်စရာလည်းမဟုတ်သည်ဖြစ်ရာ ရှင်သန်မှုနှင့်အတူ ဖြစ်နိုင်ခြေရှိသောဦးတည်လားရာအရပ်ကိုရွေး လျက် စတင်လှုပ်ရှားရပါတော့မည်။ ယင်းသည် မဟာဗျူဟာ၏ ပထမဥပဒေသ (First Principle of Strategy) ဟုဆိုကြပါသည်။
လွတ်လမ်းရှာ၊ သို့မဟုတ် လမ်းစရှာမည်ဆိုသည်နှင့် မိမိ ဘယ်နေရာမျိုးရောက်နေပြီး ဘယ်အခြေအနေရှိနေလဲ၊ ဘယ် လောက်၊ ဘယ်လိုရှင်သန်နေနိုင်သေးလဲအမေးများမှတစ်ဆင့် ဘယ်လိုစီစဉ်၊ ဘယ်လိုစတင်၊ ဘယ်လိုလျှောက်လှမ်းမည်ဆိုသည် ကိုလည်း ချိန်ဆတွက်ချက်ပြီးမှ ရွေးချယ်လိုက်သော Road Map အတိုင်း စတင်လှုပ်ရှားခြင်းသည် မဟာဗျူဟာ၏ဒုတိယဥပဒေသ (Second Principle of Strategy) ဖြစ်လာပါသည်။ မှန်းဆ ရွေးချယ်လိုက်သောလမ်းကို တစ်စတစ်စတိုးဝင် တဖြည်းဖြည်း လျှောက်ခဲ့၍ ဘယ်နေရာရောက်ပြီလဲပြန်ကြည့်သည့်အခါ နောက်မှာ မည်မျှဖြတ်ကျော်ခဲ့ပြီး၊ ရှေ့မှာ ဘယ်သို့ဆက်သွားရဦးမည်ကို သွား ရင်းပြန်စစ်၊ စစ်ရင်းထပ်သွားနည်းကိုကျင့်သုံးမှသာ လမ်းအရွေး အမှန်အမှားကို အချိန်မီသိနိုင်ပါမည်။ ထင်တိုင်းတိုးဝင်သွားခဲ့ပြီး အလွန်ကြီးလွန်ကာမှ နောက်ပြန်လှည့်ရအခက် ရှေ့တိုးလည်း တောက နက်သည်ထက်နက်သောတောနက်ထဲ လမ်းပျောက်ခြင်း သည် ကြီးမားသောအန္တရာယ်ဖြစ်သည်။ ထို့ကြောင့် စ၍လျှောက် လှမ်းလာစဉ်ကပင် အရှေ့ကိုလျှောက်၊ အနောက်လည်းကြည့်သွား၊ အကယ်၍ လမ်းမှားနေပြီထင်က မူလ Road Map ကိုပြင်သင့်ပြင်၊ ပြောင်းသင့်ပြောင်းရမည်ဖြစ်သည်။ Original Direction or Original Choices ကို ဦးတည်လားရာပြောင်းသင့်သမျှ ပြောင်းပြီး သွားရပါလိမ့်မည်။ ဇွတ်တိုးသွား၍ ကမ်းပါးပြတ်အစပ်ရောက်နေ သော် လမ်းဆုံးသွားမည်မဟုတ်ပါလား။Operation Management ၊ Technology Advancement ၊ Implementation Policy ၊ Organization Structure စသည်တို့ကို ပြင် သင့်ပြင်၊ ဖြည့်သင့်ဖြည့်လျက် Continuous Development ကို ရအောင်ယူထားရန်လိုပါသည်။ ၎င်းသည် Strategy ၏တတိယ ဥပဒေသ (Third Principle of Strategy) ဖြစ်သည်။
လုပ်ငန်းလည်းတူ၊ ဈေးကွက်လည်းတူ၊ အရွယ်အစား ပမာဏလည်းတူနေပြီး နည်းဗျူဟာများလည်း တူနေခဲ့သည်ရှိသော် ဤသို့သောအခြေအနေတွင် ယှဉ်ပြိုင်ရပါက အလွန်ပင်ပန်းရတတ် ပါသည်။ လက်ရည်တူလက်ဝှေ့ပွဲ၊ ခြေရည်တူဘောလုံးပွဲများသည် ပရိသတ်အတွက် ကြည့်ကောင်းသော်လည်း ယှဉ်ပြိုင်သူများအတွက်
ပင်ပန်းကြရသည်။ ထို့ကြောင့် တူလာပြီဆိုသည့်အခါ ပရိယာယ် ကြယ်သူက သာစမြဲဖြစ်သည်ကို သတိမူသင့်ပါသည်။ ယှဉ်ပြိုင်သူ များနှင့်ကွဲပြားခြားနားသောလမ်းကို ရွေးရန်သင့်ပါသည်။ Differentiated Strategy သုံးသင့်ပါသည်။
- လိုအပ်ကုန်ပစ္စည်းရယူရာ Supplyer လည်းတူ
- သတင်းအချက်အလက်ရရှိမှုဇာစ်မြစ်လည်းတူ
- ဖွဲ့စည်းလုပ်ကိုင်မှုလည်းတူ
- အကြံပေးပုဂ္ဂိုလ်မှအစ အရည်အသွေးတူနေသည်ရှိသော် စဉ်းစားကြည့်ပါက မည်သို့သာဖြစ်လာနိုင်ခြေရှိသည်ကို အနီးစပ်ဆုံး ခန့်မှန်းတွေ့မြင်နိုင်ပါသည်။ သာဓကအားဖြင့် Gillette ကို ကြည့်ပါ မည်။ ၁၉၇၀ ခုနှစ်များဝန်းကျင်က ၎င်းင်းကို Bic မှတိုက်ခိုက်သော အခါ Gillette သည် ကျင့်သုံးဆဲနည်းဗျူဟာကို ပြောင်းလဲရေး စဉ်းစားပြီး ဒေါ်လာတစ်ဘီလီယံခန့်အကုန်ခံလျက် ပြိုင်ဘက်ကင်း သောထုတ်ကုန်သစ် Mach-3 ကိုထုတ်လုပ်လျက် Bic ကိုအပြတ် အသတ်လှဲဖြိုလိုက်သည်။ ယခုအဟောင်းဖြုတ် အသစ်လဲတပ်သုံး ရသော Disposable Razors များကို မည်သူမျှမသုံးကြတော့ဘဲ Gillette ၏ Clean Shave-twin Blade များကသာ ဈေးကွက် အတွင်း အောင်လံတလူလူဖြင့် နေရာယူထားခဲ့သည်မှာ နှစ်များစွာ ကြာခဲ့ပြီဖြစ်ပါသည်။ နာမ၀ိသေသနတို့တွင် Superlative Degree သည်The best or the most ကိုညွှန်းလေ့ရှိပါသည်။ မိမိတို့၏ မဟာဗျူဟာများကို Innovative နယ်ပယ်မှနေ တီထွင်ကြံဆအောင် ပွဲဆင်သွားနိုင်ရေးအတွက် Superlative မဟာဗျူဟာများကိုသာ ချမှတ်လုပ်ဆောင်နိုင်ရေး တိုက်တွန်းအားပေးလိုက်ရပါသည်။

No comments: