Friday, January 3, 2014

မိမိကိုယ်ကိုပြဋ္ဌာန်းခြင်း (Self-Defining)





ကိုယ့်ရဲ့ တွေးခေါ်ပြုမှုပုံတွေ၊ ပြောဆိုခံစားပုံတွေဟာ ပြဋ္ဌာန်းချက်မပါဘဲ သူ့အလိုလိုမဖြစ်လာနိုင်ပါဘူး။ တစ်ခုပဲရှိတာက ကိုယ့်ရဲ့ တွေးခေါ်ပြုမှုပုံတွေ၊ ပြောဆိုခံစားပုံတွေကို ကိုယ်ကိုယ်၌က ပြဋ္ဌာန်းရင်ပြဋ္ဌာန်း မပြဋ္ဌာန်းနိုင်ရင် အခြားတစ်ပါးသော အကြောင်းအရာတွေက ပြဋ္ဌာန်းမှာပဲဖြစ်တယ်။

ကျွန်တော်တွေ့ဖူးတဲ့လူအတော်များများကတော့ ကိုယ့်ကိုကိုယ်ပြဋ္ဌာန်းဖို့ရာ အတော်ကြောက်ကြတယ်။ ကိုယ့်ကိုကိုယ်ပြဋ္ဌာန်းခြင်းဆိုတာကို မိမိတာဝန်ဖြစ်ကြောင်း လက်မခံဘူး၊ ဒီတာဝန်ကိုရှောင်ဖယ်ကြတယ်။ ဒါကြောင့်ပဲ အခြားသောအကြောင်းအရာတွေရဲ့ ပြဋ္ဌာန်းချက်တွေနဲ့ ဘ၀ကိုတည်ဆောက်ကြတယ်။

အခြားတစ်ပါးသောပြဋ္ဌာန်းချက်တွေနဲ့ ကိုယ့်ဘ၀ကိုတည်ဆောက်တယ်ဆိုတာ သူများပါးစပ်ထဲ ကိုယ်စားရမယ့်အစားတွေထိုးထည့်ပြီး ကိုယ့်ဗိုက်ပြည့်မယ်လို့ ထင်မြင်နေတာနဲ့တူတယ်။

ကိုယ့်ကိုကိုယ်မပြဋ္ဌာန်းခြင်းကို အခြားသူများရဲ့ ပြဋ္ဌာန်းမှုကြောင့် သူတို့ဘ၀တွေဒီလိုဖြစ်နေရတာပါလို့ အထွန့်တက်ကြတယ်။ မိဘကြောင့်၊ ဆရာကြောင့်၊ ပတ်ဝန်းကျင်ကြောင့်၊ ဘာသာရေးကြောင့် စသည်ဖြင့်ပေါ့။

မိမိကိုယ်ကိုမပြဋ္ဌာန်းနိုင်လို့ ကိုယ့်ဘ၀ဟာကိုယ်လိုရာမဖြစ်ဘဲ အခြားတစ်ပါးသောအကြောင်းတရားတွေကြောင့် ဖြစ်ချင်တာဖြစ်နေတာကို ဘယ်လိုဘယ်သူ့ကြောင့်၊ ဘယ်အရာကြောင့်ဆိုပြီး ဘယ်လိုဆင်ခြေတွေပေးပေး မခိုင်လုံပါဘူး။ ဘယ်သူမပြုမိမိမှုမဟုတ်ဘူးလား။

ကြောက်တတ်သူဟာ မကြောက်ပြစ်လိုက်ဖို့ အချိန်မရွေးသူ့မှာ ရွေးချယ်ခွင့်တွေရှိနေတယ်။ ပျင်းရိသူဟာ ကြိုးစားသူဖြစ်ဖို့ အချိန်မရွေးသူ့မှာ ပြောင်းလည်းရွေးချယ်ခွင့်တွေရှိနေတယ်။ ဘ၀ဟာရွေးချယ်ခွင့်ပါ၊ ကိုယ့်ဘ၀ဟာ မကောင်းဘူးထင်နေရင် သဘောပေါက်ဖို့က ကိုယ့်ရွေးချယ်ထားတဲ့ အတိုင်းဘ၀ဟာဖြစ်နေရတယ်ဆိုတာပါပဲ။

ကျွန်တော့်တို့ဘ၀နဲ့ပါတ်သက်ပြီး ဆုံးဖြတ်ချက်နဲ့ ပြဋ္ဌာန်းချက်မှန်သမျှကို ကျွန်တော်တို့သာလျှင်လုပ်နိုင်တယ်ဆိုတာ အမှန်တရားပါပဲ။

ပျော်ရွှင်တဲ့ဘ၀ကိုပြဋ္ဌာန်းချက်တွေကြောင့် မပျောက်ဆုံးသွားဘဲ၊ ရွေးချယ်မှုတွေနဲ့ စတင်နိုင်ဖို့ .....

~AMM~
GREENHILL

No comments: