ဝေဖန်ပိုင်းခြား စဉ်းစားခြင်းနှင့် ဆင်ခြင်သုံးသပ်ခြင်း

Critical THinking ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းနဲ့ Reasoning Skill ဆင်ခြင်သုံးသပ်ခြင်း နှစ်ခုကို ကိုယ့်တုန်းကလည်းမကွဲခဲ့ဘူး၊ ကွဲလာတော့လည်း ဘယ်လိုကွဲလည်း ရေရေရာရာ မပြောနိုင်ခဲ့ဘူး။ တစ်နေ့ကစာအုပ်တစ်အုပ်ဖတ်တော့မှ ဘယ်လိုကွဲလည်း ဆိုတာ ရှင်းပြထားတာလေးတွေ့တယ်။ သဘောကျလို့ ဆီလျော်အောင်မြန်မာမူပြုလိုက်တယ်။
Critical Thinking ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်း
Critical Thinking ဆိုတာ အဓိကကတော့ ဆုံးဖြတ်ချက်တွေချဖို့ (Decision Making) တွေးခေါ်တဲ့ဖြစ်စဉ်ဖြစ်တယ်။ ပြဿနာတွေ၊ အခိုင်အမာတင်ပြချက်တွေ၊ မေးခွန်းတွေ၊ အခြေအနေတွေကို အသေအချာစဉ်းစားချင့်ချိန်ပြီး နောက်ဆုံး ဘာလုပ်ရမလည်း၊ ဘာဆုံးဖြတ်မလည်း ဆိုတာကို စဉ်းစားတာဖြစ်တယ်။
ဝေဖန်ပိုင်းခြားမူနဲ့တွေးပြီဆိုရင် အချိန်ယူပြီး ပြဿနာတစ်ခု၊ အခြေနေတစ်ခုကို ဘက်ပေါင်းစုံကနေကြည့်တယ်၊ အထောက်အထားတွေကို ရှာဖွေသုံးသပ်တယ်၊ ကွဲပြားတဲ့အမြင်တွေနဲ့ တွေးဆကြည့်တယ်၊ ဖြစ်နိုင်တယ့် ရလာဒ်တွေကို ခန့်မှန်းကြည့်တယ်။
သာမာန်ကြည့်ရင်တော့ Critical Thinking ဝေဖန်ပိုင်းခြားတွေခေါ်ဖို့အတွက် လုပ်ရမှာတွေအများ ကြီးဖို့ထင်ဖွယ်ရှိတယ်။
ဒါပေမယ့် ဒီလိုစနစ်တကျတွေးခေါ်တတ်လာရင် ပြဿနာပေါင်းမြောက်များစွာကို ပြေလည်အောင်ဖြေရှင်းနိုင်ပြီး၊ အကောင်းဆုံးဆုံးဖြတ်ချက်တွေ ချလာနိုင်မှာဖြစ်တယ်။ အခြေနေတွေကို ကောင်းမွန်အောင် ထိန်းသိမ်းလာနိုင်မယ်ဖြစ်တယ်။ မေးခွန်းတွေအတွက် အကောင်းဆုံးအဖြေတွေ စဉ်းစားတတ်လာ မှာဖြစ်တယ်။ အခိုင်အမာပြောဆိုချက်တွေကို၊ လက်သင့်ခံသင့်မခံသင့် ဆုံးဖြတ်တတ်လာ မှာဖြစ်တယ်။
Reasoning Skill - ဆင်ခြင်သုံးသပ်နိုင်စွမ်း
Reasoning Skill ကတော့ ပြဿနာကနေ ဖြေရှင်းချက်ကို သွားတဲ့ ပုံစံပဲဖြစ်တယ်။ ပြဿနာကနေအဖြေကို စနစ်တကျမဟုတ်ဘဲရောက်ချင်လည်းရောက်သွားနိုင်တယ်၊
အကြောင်းအကျိုးနဲ့ ရောက်ရင်လည်းရောက်သွားနိုင်တယ်။
Reason အကြောင်းအကျိုးဆိုတာ ကိုယ့်အတွေး၊ အပြုမူ၊ အယူအဆတွေဟာ မျှတရဲ့ လား၊ တရားလွတ်နေလား ဆိုတာကို အကျိုးအကြောင်းနဲ့ သုံးသပ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ပြုမူနေသမျှအတွက် ကျွန်တော်တို့ပေးတဲ့ အကြောင်းအကျိုးတိုင်းကိုက အကြောင်းအကျိုးမခိုင်လုံဘူး၊ ဆင်ခြင်တုံ့တရားနဲ့ မပြည့်စုံနိုင်ဘူး။ စိတ်လွတ်ကိုယ်လွတ်ပြောမိဆိုမိဖူးရင် ကျွန်တော်တို့ ဟာ ဆင်ခြင်တုံ့တရားနဲ့ အမြဲမပြည့်စုံဘူး ဆိုတာ သိသာတယ်။
ဆင်ခြင်သုံးသပ်ပြီဆိုရင် အသိတရားရှိဖို့၊ အကြောင်းတရားတွေနဲ့ အကျိုးတည်ဆောက်ဖို့၊ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ယုတ္တိရှိဖို့လိုတယ်။ စိတ်ခံစားမူတွေမပါဖို့လိုတယ်။ဆိုလိုချင်တာက စိတ်ခံစားချက်ရဲ့ လွမ်းမိုးမူတွေမပါတဲ့၊ ယုတ္တိခိုင်လုံတဲ့ အကြောင်းအကျိုးတွေသုံးပြီး ပြဿနာတစ်ရပ်ကို အကောင်းဆုံးဖြေရှင်းမူရဖို့၊ အခြေနေတစ်ခုကို အကောင်းဆုံးကိုင်တွယ်နိုင်ဖို့ အတွက်တွေးခေါ်ခြင်းပဲ။
~ AMM ~
GREENHILL
Ref:
Philosopher's Tool Kit; Julian Baggini and Peter S. Fosl
Critical Thinking; Gary R. Kirby, Jeffery R. Goodpaster, Marvin Levine

No comments:
Post a Comment