B2B Article
စီးပွားရေး လုပ်တဲ့အခါမှာ Risk Taking က မဖြစ်မနေ လိုအပ် ပါတယ်။ စွန့်စားမယ် ဆိုရင် မဖြစ်လာနိုင်တာ ကိုလည်း ကြိုတင် တွက်ဆ ထားဖို့ လိုပါတယ်။ တကယ်လို့ မျှော်မှန်းသလိုဖြစ် မလာခဲ့ရင် သင်ဘာလုပ်မလဲဆိုတာ အကြိမ်ကြိမ် မေးခွန်း ထုတ်ခဲ့မိ ပါတယ်။ အကြိမ်ကြိမ်လည်း ဖြေရှင်းခဲ့ရ ဖူးပါတယ်။ အဖြေ ထွက်ခဲ့ တာလည်းရှိ သလို စကားလုံး မရှိတဲ့အချိန်တွေ လည်း ခဏခဏပါပဲ။
ဒါဆိုရင် သင်က မစွန့်စား တော့ဘူးလား။ တစ်သက်လုံး သူများလုပ် တဲ့နောက်ကိုပဲ လိုက်တော့ မှာလား။ သိပ်သေချာအောင် လုပ်တဲ့သူဟာ အောင်မြင်မှု မရှိနိုင်ပါဘူး။ မမျှော်မှန်းနိုင် တာတွေ ကိုတွက်ဆ တာဟာ စီးပွားရေး အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ မထင်တာ တွေဖြစ် လာတဲ့ အတွက် ဆုံးရှုံးခဲ့ကြ ရတာတွေ၊ ကြိုတင် ခန့်မှန်းမှု အားနည်း ချက်ကြောင့် ပြင်ဆင်မှု မပြုနိုင်ခဲ့ကြတာ တွေကို မီးမောင်း ထိုးပြနေတဲ့ သာဓက တွေရှိခဲ့ပါတယ်။
ဒါပေမဲ့လည်း Make Assumption ဆိုတဲ့ ကြိုတင်တွက် ဆမှုတွေချည်းကိုသာ ပြုလုပ် နေခဲ့ပြီး ဘာအလုပ်မှ မဖြစ်တဲ့ သူတွေကို ရှာကြည့်ရင် ပိုပြီး လွယ်လွယ်ကူကူ တွေ့နိုင်မှာပါ။ [စီးပွားရေး မလုပ်ဘူး၊ ရှုံးမှာစိုးလို့] ဆိုရင် ကျွန်တော်တို့ တစ်သက်လုံး စီးပွားရေး မလုပ်ကြ ဖို့ပဲရှိပါတယ်။ It is part of big plan ပါ။ လုပ်ကြည့်ဖို့ပဲ လိုပါတယ်။ မကြောက်ပါနဲ့၊ ကြိုတင် ပြင်ဆင်ပြီး အကောင်းဆုံး အဖြေမထွက်ရင် တောင် အသင့်တော်ဆုံး အဖြေ ထွက်မှာပါ။
အမှတ်တစ်ရာပေးပြီးသားပါ
ကလေးဘဝ ကတည်းက စာမေးပွဲဆိုတာ လူတိုင်းလိုလို ဖြတ်ကျော်ခဲ့ရတဲ့ အခိုက်အတန့်ပါ။ ကြိုးစား အားထုတ်မှု ကိုစစ်ဆေး တဲ့ အဲဒီ စာမေးပွဲမှာ လူတိုင်းကို အမှတ်တစ်ရာ ပေးပြီးသားပါ။ ရုပ်ဆိုး တဲ့လူ အတွက်လည်း အမှတ်တစ်ရာ၊ ချောတဲ့သူ အတွက်လည်း အမှတ် တစ်ရာ၊ ပုသူ၊ ရှည်သူ၊ ဖြူသူ၊ မဲသူ အားလုံး အတွက် ပေးပြီးသား အမှတ် တစ်ရာပါ။ မဖြေခင်က အမှတ်တစ်ရာဟာ ဖြေလိုက်မှသာ လျော့သွား တာပါ။ ဒါပေမဲ့ အမှတ် လျော့မှာ စိုးလို့ မဖြေဘူး ဆိုရင် စာမေးပွဲကျရုံ သာရှိတော့မှာပါ။
နောက်တစ်ခုက စာမေးပွဲ ဖြေသူတွေရဲ့ ခံယူချက်။ [ကျွန်မသားလေး စာမေးပွဲမှာ အောင်တယ်ရှင့်] ဆိုပြီး ဂုဏ်ယူ နေတဲ့ မိဘတွေ ရှိသလို၊ ဂုဏ်ထူး မထွက်လို့ ဝမ်းနည်း ပူဆွေး ကြသူတွေလည်း ရှိကြပါတယ်။ အမှတ် ပြည့်မရလို့ အားမလို အားမရ ဖြစ်ကြသူ တချို့လည်း မြင်ဖူးပါတယ်။
ဒါတွေကို ကြည့်ရင် အမှတ်တစ်ရာ မရလို့ အားမလို အားမရ ဖြစ်တဲ့သူ တွေဟာ Aggressive ဖြစ်တာလို့ တချို့က သမုတ် ကြသလို တချို့ကလည်း ရည်မှန်းချက် ကြီးတယ်လို့ မြင်ကြပါတယ်။ အမှတ်တစ်ရာမှာ ၉၀ ရရင် ဆယ်မှတ် လျော့အောင် ကြိုးစားဖို့ လိုတာလား။ ဒါမှမဟုတ် အမှတ် ၉၀ ရလို့ ကျေနပ်သွား ပြီလား။ ကဲ…မိတ်ဆွေကော ဘယ်လိုမြင်ပါသလဲ။
Leadership ဆိုတဲ့ခေါင်းဆောင်မှုမှာ
ပြောင်းလဲလာတဲ့ စီးပွားရေး ရေစီးကြောင်းမှာ Transactional ကနေ Transformational ဆိုတဲ့ စီမံ ခန့်ခွဲမှုနဲ့ ခေါင်းဆောင် မှုဆိုင်ရာ ယူဆချက် တွေပါ ပြောင်းလဲလာခဲ့ ပါတယ်။ [လက်ညှိုး ထောင်၊ ခေါင်းညိတ်] ဆိုတဲ့ Beaurocratic Management ကနေ လွတ်လပ်စွာ ဆုံးဖြတ် ပြောဆို ပိုင်ခွင့်ရှိတဲ့ Democratic ကိုကူးပြောင်း လာခဲ့ ပေမဲ့လည်း လက်ညှိုးထောင် ဆိုရင်တောင် ဘယ်ဘက် လက်ညှိုး နဲ့ ညာဘက် လက်ညှိုးကို တွေဝေ နေသူတွေ လည်း မြင်တွေ့ဖူးကြမှာ ပါ။
Management မှာ အဖွဲ့အစည်းရဲ့ အရွယ်အစား ထက် အမြန်နှုန်းကို တိုင်းလာကြပါပြီ။ ပရော်ဖက်ရှင်နယ် ကလည်း သိပ်ကို အရေးပါတဲ့ အခန်းကဏ္ဍကို ရောက်ရှိနေပါပြီ။ ကျွန်တော်တို့ ဆီမှာ ပရော်ဖက်ရှင်နယ်က အင်မတန်ကို ရှားပါးပါတယ်။ မန်နေဂျာ ရဲ့ဆုံးဖြတ်ချက် မှားယွင်းလို့ ပြိုင်ပွဲတစ်ပွဲ ရှုံးနိမ့်ခဲ့ရင် မန်နေဂျာဟာ ရာထူးက နုတ်ထွက် ပေးခဲ့ရတဲ့ သာဓက ရုပ်သံ ဖန်သားပြင်က ဘောလုံး ပွဲတွေမှာသာ တွေ့မြင် ကြရပါတယ်။ အဖွဲ့အစည်းရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတဲ့ ပရိုဆန် တဲ့စကားတွေရဲ့ ဆန့်ကျင်ဘက် အနေနဲ့ အဲဒါရဲ့ အထက်မှာ သူဌေးသား၊ သူဌေးမိန်းမနဲ့ သူဌေးရဲ့ လူယုံဆိုတာတွေ ကြီးစိုးနေတဲ့ အဖွဲ့အစည်းမှာ ခေါင်းဆောင် သူတွေဟာ လိုရာပုံသွင်းလို့ မရတတ်ပါဘူး။
မတူညီတာတွေကို ပေါင်းစပ်ဖို့ လိုသလို ဦးဆောင်သူရဲ့ ဦးတည်ချက်ကို သွေဖယ် မသွားဖို့လည်း လိုအပ် ပါတယ်။ သွေဖည်မှုတွေ ရှိလာခဲ့ရင်ကော…။ မိတ်ဆွေသာ ဆိုရင် ဘယ်လို ဆောင်ရွက်မလဲ။ အလုပ်မပြီးလို့၊ စွမ်းဆောင်ရည် မပြည့်ဝလို့၊ မလိုလားအပ်တဲ့ ကြိုးစား အားထုတ်မှုတွေ များနေလို့ ဆိုတာတွေကို မာန်မဲရတဲ့ ခေတ်မရှိ တော့တာ ဒီနေ့ Modern Management မှာပါ။ ဒီနေ့ မိတ်ဆွေရဲ့ Performance ပျောက် နေရင် နောက်နေ့ Line-up မဝင်သင့်ပါဘူး။ ဒါဟာ ပရော်ဖက်ရှင်နယ် ပါ။
မားကက်တင်းဆိုတာ မလိုတော့ဘူး
ဒီလိုပြောရင် မားကက်တင်း သမားတွေ အားလုံးက မေးငေါ့ ကြပါလိမ့်မယ်။ ကျွန်တော်ဟာ မားကက်တင်းသမား တစ်ဦးပါ။ လူတိုင်းဟာ မားကက်တင်း ဆိုတာကို ဟစ်အော်ြွေကးကြော်လေ့ရှိတဲ့ သူတစ်ဦးပါ။ ‘Marketing is dead’ ဆိုတာ ကျွန်တော်တို့အားလုံး ရဲ့ မားကက်တင်း ဂုရုကြီး Philip Kotler ရဲ့စကားတစ်ခွန်း ဖြစ်ပါ တယ်။ ဒီနေ့ခေတ်မှာ လူတိုင်း ပြောနေကြတဲ့ 4P ၊ Advertising ၊ Public Relation စတာတွေနဲ့ အချိန်ကုန် နေဖို့မလိုတော့ ပါဘူး။ Direct Marketing ၊Relationship Marketing စတာ တွေဟာ မဆိတ်သုဉ်း သေးပေမဲ့ ဒီနေ့မှာ တကယ် အရေးကြီး လာတာက Electronic Marketing ပါလို့ ဂုရုကြီး ကဆိုခဲ့တာပါ။ အင်တာနက်ရှိ နေရင် ‘The world is in your pocket’ လို့တောင် Electronic Manufacturer တွေက သမုတ်ကြတာပါ။ မိတ်ဆွေကော ၁၀ဝ ရာခိုင်နှုန်း လက်ခံပါရဲ့လား။ ဆရာတစ်ဦး ပေးခဲ့တဲ့ သင်ခန်းစာ ကနေ အီးမေးလ်ကို မကြာခဏ စစ်နေမိတဲ့ စိတ္တဇဟာ အကောင်း အဆိုးမဝေ ခွဲတတ်ပေမဲ့ မိမိဘဝရဲ့ ကျကျမ်း မဟုတ် တာတော့ သေချာ ပါတယ်။
အင်တာဗျူး တွေမှာ အင်တာနက်၊ အီးမေး၊ ဖေ့စ်ဘုတ်ကို လုံးဝ မသုံးဖူးတဲ့ လူငယ်တွေကို တွေ့မြင် ဖူးကြပါတယ်။ IT Manager လျှောက်ထားသူဟာ LinkedIn ကို မကြားဖူးသူ ဖြစ်နေတတ် ပါတယ်။ မိတ်ဆွေ ကော ဒီကနေ့ အီးမေး စစ်ပြီးပါပြီလား။
Mark Zukerburg ဟာ အသက်၂၀ ကျော်မှာ မီလီယံနာ ဖြစ်နေပါပြီ။ မြန်မာနိုင်ငံမှာ အသက် ၃၀ ကျော်အထိ မိမိလုပ်မယ့် အလုပ်ကို မိမိ မဆုံးဖြတ်နိုင် ကြသူတွေ ရှိကြဆဲပါ။ ခြောက်နာရီထိုးရင် အိမ်အပြန် စောင့်မျှော် နေတတ်တဲ့ အုပ်ထိန်းသူတွေရဲ့ ရင်သွေးငယ် တွေဟာ အသက် ၃၀ ကျော်၊ ၄၀ မျှရှိတဲ့ စဉ်းစား ဆင်ခြင် နိုင်စွမ်း ရှိရမယ့် လူကြီးပိုင်း အရွယ်တွေ ဖြစ်နေတာကို နိုင်ငံတကာ မှာအောင်မြင်နေတဲ့ လူငယ် တွေသာသိရင် အံ့ဩမဆုံး ဖြစ်နေပေလိမ့်မယ်။
လွတ်လပ်စွာပျံသန်းခြင်း
ထိန်းကျောင်းခြင်းနဲ့ ထိန်းချုပ်ခြင်းဟာ အနှစ်သာရ ကွာပါ တယ်။ မမှားဖူးရင် အမှန်မသိ နိုင်ပါဘူး။ တစ်ဖက်က ပြန်စဉ်းစား ကြည့်ရင်လည်း ပြန်ပြင်မရတဲ့ အမှားသာ မှားခဲ့သော် ဆိုတဲ့အတွေး ကလည်း ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့ ရဲရင့်ဖို့ လိုပါတယ်။ Lesson Learn ၊ Learning Trial ၊ Learning from errors ဆိုတဲ့ စကားလုံး တွေဟာ အလဟဿ မဖြစ်တန်ရာပါဘူး။ ဒီကနေ့ အောင်မြင် ကျော်ကြား နေတဲ့ နာမည်ကျော် ဆရာဝန် ကြီးတွေ၊ အင်ဂျင် နီယာကြီးတွေ တောင်မှ တစ်ချိန်တစ်ခါက
ကျရှုံးခဲ့ဖူးကြသူတွေ ဆိုရင် ကော ယုံပါမလား။ ဒါပေမဲ့ ဒီကနေ့ အတောင်အလက် စုံနယ်ပယ် များစွာ ကျင်လည်ခဲ့ဖူးကြတဲ့ ဝါရင့်ပုဂ္ဂိုလ်အများစုဟာ အပျံသင်စ ငှက်ငယ်တွေကို စိုးရိမ် ပူပန်မှု ကြီးမား လေ့ရှိပါတယ်။
တစ်ချိန် တစ်ခါက မိမိကိုယ်တိုင် အပျံသင်ခဲ့ ဖူးတာကို မေ့လျော့လေ့ရှိပါတယ်။ Mark Zukerburg ဟာ အသက်၂၀ ကျော်မှာ မီလီယံနာ ဖြစ်နေပါပြီ။ မြန်မာနိုင်ငံမှာ အသက် ၃၀ ကျော် အထိ မိမိလုပ်မယ့် အလုပ်ကို မိမိ မဆုံးဖြတ်နိုင်ကြ သူတွေရှိကြဆဲပါ။ ခြောက်နာရီထိုးရင် အိမ်အပြန် စောင့်မျှော် နေတတ်တဲ့ အုပ်ထိန်းသူ တွေရဲ့ရင်သွေးငယ် တွေဟာ အသက် ၃၀ ကျော်၊ ၄၀ မျှရှိတဲ့ စဉ်းစား ဆင်ခြင် နိုင်စွမ်းရှိရမယ့် လူကြီးပိုင်း အရွယ်တွေ ဖြစ်နေတာကို နိုင်ငံ တကာမှာ အောင်မြင်နေတဲ့ လူငယ်တွေသာ သိရင် အံ့ဩမဆုံးဖြစ်နေ ပေလိမ့်မယ်။ တစ်လောကကြုံခဲ့ရတဲ့ အဆင့်မြင့် လူငယ်များစီမံ ခန့်ခွဲမှုမွမ်းမံ သင်တန်းမှာ တက်ရောက် နေခဲ့ကြသူတွေဟာ အသက် အရွယ် ၄၀ နီးပါးရှိနေကြမယ့် လူငယ်ကြီး တွေဖြစ်နေသည်။ နိုင်ငံ တကာက လူငယ်တွေ ကိုပြုစု ပျိုးထောင် နေချိန်မှာ ကျွန်တော်တို့ ဘယ်လိုယှဉ်ပြိုင်မလဲ။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးတဲ့ [လွတ် လပ်ခြင်း] ဆိုတဲ့ ဝေါဟာရ ကိုကြားယောင်မိပါတယ်။ မိမိခြေထောက် ပေါ် မိမိ ရပ်တည် နိုင်ပြီလား။ အမှီအခို ကင်းစွာ ရပ်တည်နိုင်ပြီလား။ အတောင်အလက် စုံချိန်မှာ ပျံသန်းနိုင်ပြီလား။ ဒါပေမဲ့ သင်ကော တခြားသူ တွေလို လွတ်လပ်စွာ ပျံသန်းခွင့် ပေးနေပြီလား။
ပြိုင်တူတွန်းလျှင် ရွေ့ရန်ခက်နိုင်သည်
[ကူ၍ တွန်းပေးကြပါ... ပြိုင်တူ တွန်းလျှင်ရွေ့ နိုင်ပါသည်] ဆိုတဲ့ ကဗျာကို ကြားဖူးကြပါ လိမ့်မယ်။ ပြိုင်တူ တွန်းရင် ရွေ့နိုင်ပါ တယ်။ ဒါပေမဲ့ အတွန့်တက်တယ်လို့ ဆိုချင်စေကာမူ တွန်းတဲ့လားရာ တူစေချင်တယ် လို့တော့ ဖြည့်စွက် ချင်စိတ်ဖြစ်မိပါတယ်။ တွန်းပေ မဲ့လည်း မျက်နှာချင်း ဆိုင်ပြီး တွန်းနေကြရင် ဘယ်လိုရွေ့မလဲ။ ဒီနေ့ ကြုံနေကြတာကလည်း အဖွဲ့အစည်းတွေမှာ ရွေ့ဖို့တွန်းနေကြတာ ကတော့ အားလုံး တွန်းကြတာ ချည်းပါ။ ဒါပေမဲ့ အရာမရောက်တဲ့ ကြိုးစားအားထုတ်မှုတွေ၊ တလွဲ ဆံပင်ကောင်းကြသူတွေ၊ အပြောများ အလုပ်နည်း ကြသူတွေဟာ လုပ်ငန်းတွေရဲ့ နောက်ပြန် ဆွဲတဲ့ကြိုးစ တွေသာ ဖြစ်ပါလိမ့်မယ်။ ဆရာဒေါက်တာ အောင်ထွန်းသက်ရဲ့ Lean Organization ဖြစ်ဖို့ အဆီပိုတွေ လျှော့ပစ်ရမယ် ဆိုတဲ့ စကားလည်း ရှိနေရာ အဖွဲ့အစည်းတွေကို ဦးဆောင် ဦးရွက်ပြုနေကြရတဲ့ အဖွဲ့ အစည်းတစ်ခုလုံးရဲ့ ကျေးကျွန်ကြီး (ဦးဆောင်သူ) ရဲ့နောက်ကို လားရာ တူတွန်းကြမယ့် သူတွေသာ အဖွဲ့အစည်းမှာ ရှိခဲ့ရင်တော့ [ပြိုင်တူ တွန်းလျှင် ရွေ့နိုင်ပါသည်] ပေါ့။ မတူညီမှုတွေကို ညှိယူကြ ရာမှာ မိမိရဲ့ စိတ်ဆန္ဒဦးတည် မျှော်မှန်းချက်၊ မိမိရဲ့ သဘာဝဓလေ့ အခြေအနေနဲ့ မိမိရဲ့ခံယူချက် တို့ဟာ အဖွဲ့အစည်းရဲ့ လားရာနဲ့ ထပ်တူ မကျပါက၊ တစ်နည်းအားဖြင့် လုံးလုံးဆန့်ကျင် နေပါက မိတ်ဆွေ ဘယ်လို ဘယ်ပုံ ညှိယူမလဲ။ ဒါကြောင့် အဖွဲ့အစည်း တစ်ခုမှာ အလုပ် မဝင်ခင် Find yor carrier, not a job ဆိုတဲ့ စကားလုံးကို မှတ်ယူ ရှာဖွေကြရင် အဲဒီပြဿနာ တွေမှာ တဖြည်းဖြည်း နည်းပါးလာပါ လိမ့်မယ်။ လစာမြင့်၊ အခွင့်အလမ်းရှိ၊ ခွင်ကောင်းတဲ့ အလုပ်ကိုရှာဖွေ ခြင်းထက် မိမိရဲ့ကျွမ်းကျင်မှု၊ ရည်မှန်းချက်၊ ခံယူမှုတို့နဲ့ တူညီတဲ့ လားရာ ရှိတဲ့ အဖွဲ့အစည်းတွေ ကိုသာ ရွေးချယ်သင့်ပါတယ်။
1 comment:
တွေးရင်းတွေးရင်း... အဖိုးကြီးဖြစ်သွားမယ်။
Post a Comment