Problem-Oriented Approacah နဲ့
Solution-Oriented Approach ရဲ့ ကွာခြားပုံတွေ နဲ့
သူတို့ရဲ့ ဆိုးကျိုးတွေ ကောင်းကျိုးတွေကို နဲနဲ ယှဉ်ပြီးစဉ်းစားကြည့်နေမိတယ် ...
ပြဿနာ ရှေးရှု ဖြေရှင်းနည်း ( Problem-Oriented Approach ) ကို
အလွယ်ဆုံး ဘယ်လိုဥပမာပေးနိုင်မလဲဆိုတော့
၃ နှစ်သားအရွယ် ကလေး တစ်ယောက် ဖန်ခွက်ကို ကိုင်ပြီး ကစားတယ် ...
အဲဒီမှာ ဖန်ခွက် ကျကွဲရော ... အဲဒီမှာ သူ့အမ ပြေးလာတယ် ...
နင့်ကို ငါ ဒီဖန်ခွက် မကိုင်နဲ့လို့ မှာထားတယ်မလား ...
နင်ဘာလို့ ရှည်ပြီး ကိုင်တာလဲ ပြောပြီး ကလေး ကို နှစ်ချက်လောက် ဆင့်ရိုက်လိုက်တယ် ...ကလေးက ထငိုရော ...
အဲဒီမှာ သူတို့အမေက ကလေးငိုတာလဲကြားရော ...
ဟဲ့ နင်တို့ ဘာဖြစ်နေကြတာလဲဆိုပြီး မေးတော့ ကလေးဖန်ခွက်ကျကွဲလို့
ရိုက်နေတာနဲ့ ကလေးငိုသွားတာလို့ အမဖြစ်သူကရှင်းပြတော့
နင့်ကို ကလေးသေချာကြည့်ထားပါဆိုတာ နင်ကလေးကို သေချာမကြည့်တော့
ဖန်ခွက် ကျကွဲတာပေါ့ ...နင်တော်တော် ဂြိုလ်မွှေတယ်ဆိုပြီး အမဖြစ်သူကို
တံမြက်စည်းနဲ့ လိုက်ရိုက်တယ် ...
အဲဒီမှာ အရိုက်ခံရတဲ့ အမ ဖြစ်သူက ထွက်ပြေးပြီး အပေါ်မှာ စာဖတ်နေတဲ့
ဖခင်ဖြစ်သူကို အကာအကွယ်ယူပြီး သွားပုန်းတယ် ...
အဲဒီမှာ ဖခင်ဖြစ်သူက နင်ဘာလို့ ကလေးကို လိုက်ရိုက်နေတာလဲလို့မေးတော့
မိခင်ဖြစ်သူက အကြောင်းစုံရှင်းပြလိုက်ရော ...
အဲဒီမှာ ဖခင် ဖြစ်သူက နင့်ကို ကလေးတွေကို
သေချာကြည့်ရှုစောင့်ရှောက်ဖို့ ငါမှာထားတယ်မလား ...
နင် ထိန်းသိမ်းစောင့်ရှောက်မှုညံ့လို
အဲဒီမှာ မိခင်ဖြစ်သူက ရှင့်လခ တစ်ပဲခြောက်ပြားနဲ့ အိမ်ဖော်လဲ မငှားနိုင်ဘူး ...
နောက်ပြီး တစ်အိမ်လုံးအလုပ် ဝိုင်းကူလုပ်ပေးဖို့ရော ရှင်မစဉ်းစားမိဘူးလား ...
ကျွန်မက တစ်အိမ်ထောင်လုံးရဲ့ အလုပ်တွေကို လုပ်ပေးနေရတာ ...
ရှင် စဉ်းစဉ်းစားစားပြော ...
ကလေး ဖန်ခွက် ကျကွဲတဲ့ ကိစ္စလေးကစပြီး ဖြစ်လာလိုက်တာ နောက်ဆုံး
အိမ်ထောင် ဦးစီး ဖခင် နဲ့ မိခင် ရန်ဖြစ်တဲ့ ဆီကိုပါ ရောက်ရော ...
ပြဿနာတွေ မရှုပ်သင့်ပဲ ရှုပ်ကုန်ကြတယ် ...
ဒါ ခပ်လွယ်လွယ် ပြောကြည့်တာပါ Problem-Oriented Approach ကို...
ဒီဖန်ခွက် ကျကွဲတဲ့ ကိစ္စကိုပဲ Solution-Oriented Approach အဖြေကို ရှေးရှု ဖြေရှင်းနည်းနဲ့ ဖြေရှင်းကြည့်ရအောင် ....
ကလေး ဖန်ခွက် ကျကွဲတဲ့ အချိန်မှာ အမဖြစ်သူပြေးလာတယ် ...
မောင်လေး အဲဒီမှာပဲ ရပ်နေနော် ... ဖန်ခွက် အကွဲစတွေ စူးမယ် ...
မမ ဖန်ခွက်အကွဲစတွေကို တံမြက်စည်း နဲ့လှဲပြီး သိမ်းလိုက်ဦးမယ်ဆိုပြီး
ကလေးကို လာချီမပြီး တံမြက်စည်းသွားယူတယ် ...
အဲဒီမှာ နောက်ဖေးမှာ ဟင်းချက်နေတဲ့ အမေဖြစ်သူက ကလေး ဘာဖြစ်လို့လဲ သမီးဆိုတော့ သမီးဖြစ်သူက အကြောင်းစုံပြောပြတော့ ...
နေနေ သမီး ... အမေပဲ သွားရှင်းလိုက်မယ်ဆိုပြီး တံမြက်စည်း သွားလှဲပြီး
ဖန်ကွဲစတွေ သွားသိမ်းနေတယ် ...
အဲဒီမှာဖခင်ဖြစ်သူက အိမ်ပေါ်ကဆင်းလာပြီး ဘာဖြစ်လို့လဲ အမေကြီးဆိုတော့
မိန်းမဖြစ်သူက အကြောင်းစုံထပ်ရှင်းပြတော့ ဖခင်ဖြစ်သူက
အေးကွာ ... ကလေး အငယ်လေးနဲ့ ဖန်ခွက်တို့ဘာတို့ကျတော့ သိပ်မအပ်စပ်ပါဘူး အမေကြီးရာ ... နောက်ဆို စတီးခွက်လေးတွေ ပြန်ဝယ်ပြီး အစားထိုးထား၇င်
ပိုမကောင်းဘူးလား ... ဒါဆို ကလေး ဖန်ခွက် ပြုတ်ကျလို့ ကွဲသွားမှာလဲ မစိုး၇ိမ်ရဘူး ... နောက်ပြီး ကြာရှည်လဲ ခံတယ်လို့ အစားထိုးဖြေရှင်းနည်းကောင်းတစ်ခ
တင်ပြလိုက်တယ် ....
အဲဒီမှာ မိခင်ဖြစ်သူက
အဲဒါ ကောင်းတယ်အဖေကြီး....လကုန်ရက်ကျ
ဖန်ခွက်ကွဲတဲ့ ကိစ္စလေးတစ်ခုကိုပဲ ဖြေရှင်းနည်းမတူတဲ့ ဖြေရှင်းနည်း နှစ်မျိုးနဲ့
ဖြေရှင်းကြည့်တဲ့ အခါမှာ ဘယ်နည်းက ပိုအကျိုးများနိုင်လဲဆိုတာကတော
Solution-Oriented Approach က လူ့ဘောင်ပတ်ဝန်းကျင်အတွက်
ပိုအကျိုးကျေးဇူးရှိတဲ့ ဖြေရှင်းနည်း တစ်ခုအဖြစ် ပေါ်ထွက်လာတယ် ...
တကယ်အဖြစ်နိုင်ဆုံး အကောင်းဆုံးဖြစ်နိုင်မယ့် လမ်းကြောင်းတစ်ခုကို
ေ၇ွးချယ်ပြီး အကောင်းဆုံးအဖြေကို ချမှတ်နိုင်ခြင်းဟာ
Solution-Oriented Approach ရဲ့ အဓိက အနှစ်သာရတစ်ခုပဲ ဖြစ်ပါတယ် ...
ဒီ Approach နှစ်ခုကို နိုင်ငံရေးနယ်ပယ်မှာလဲ အထင်းသားတွေ့နိုင်ပါတယ် ...
ဒါနဲ့ ပတ်သတ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်း စုံကော် အစီ၇င်ခံစာမှာ
Solution-Oriented Approach ကို အသုံးပြုပြီး
သူ့ဘက်ကိုယ့်ဘက် မျှမျှတတ မဖြစ်ခဲ့တဲ့ ဘက်မညီမျှမှုတွေကို
အတတ်နိုင်ဆုံး Win Win Situation အထိမရောက်ရောက်အောင် ဆွဲခေါ်သွားခဲ့ပါတယ် ...
ဘာကို ကြည့်ပြီး ပြောနိုင်လဲဆိုတော့
ယခင် ဦးပိုင်နဲ့ဝမ်ပေါင်ချုပ်ခဲ့တဲ့
လက်ပံတောင်းတောင်ပတ်ဝန်းကျင် အနီးတစ်ဝိုက်က ဒေသခံတွေရဲ့အကျိုး
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လစ်လျူရှုထားမှုတွေ
နိုင်ငံတော်အကျိုးစီးပွား မှန်းထားသလောက်မရရှိမှုတွေကို
သူ့ဘက်ကိုယ့်ဘက် မထိခိုက်နိုင်အောင် တတ်နိုင်သမျှ လုပ်ပိုင်ခွင့်ဘောင်ထဲက တောင်းယူနိုင်ခဲ့လို့ပါပဲ ...
တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်သာ Solution-Oriented Approach မသုံးပဲ
Problem-Oriented Approach သာသုံးခဲ့မယ်ဆိုရင် လက်ပံတောင်းစုံကော်ရဲ့ အစီရင်ခံစာကြောင့် ထင်မှတ်မထားတဲ့ ပြဿနာတွေ ဖြစ်ပွားနိုင်ခြေ အများကြီးရှိပါတယ် ...
ဥပမာ ... ယခင်စာချုပ်ချုပ်ဆိုထားခြင်း နဲ့ တပ်မတော်အရာရှိကြီးများရဲ့
Undertable ကိစ္စတွေကို ပြန်ပြောနေပြီး သူတို့ရဲ့ လုပ်ရပ်တွေကိုသာ တာဝန်ယူခိုင်းခဲ့မယ်ဆိုရင် ယခုနိုင်ငံရေးအခြေအနေတွေနဲ့ နိုင်ငံတကာ၇င်းနှီးမြှုပ်နှံမှု ...ဒါ့အပြင် တပ်မတော်နဲ့ဒီမိုကရေစီ အင်အားစုတွေကြားမှာ
မထင်မှတ်ထားတဲ့ ပြဿနာအရှုပ်အထွေးတွေ အများကြီး ပေါ်ပေါက်လာနိုင်လို့ပဲဖြစ်ပါတယ်
ဒါ နိင်ငံရေး ခေါင်းဆောင်တွေရဲ့ အထူးသတိထားရမယ့် ကိစ္စတစ်ခုကို
ဒေါ်အောင်ဆန်းစုကြည်မှ ပါးပါးလေးနဲ့ မီးမောင်းထိုးပြသွားတယ်လို့ပဲမြ
လူ့ပတ်ဝန်းကျင်အကျိုးရှိဖို့ဆို
အမျိုးသားရင်ကြားစေ့ရေးနဲ့ ယုံကြည်မှုပြန်လည်တည်ဆောက်ရေးတွေ
တကယ်အကျိုးရှိတဲ့ နည်းဟာ
Solution-Oriented Approach ဆိုတာဗေဒင်မေးစရာတောင် သိပ်လိုမယ်မထင်ပါဘူး...
တကယ်လို့သာ နိုင်ငံရေးပြဿနာတွေကို အဖြေရှာချင်ရင်
နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်တက်ပြီး တစ်ဖက်နဲ့တစ်ဖက် အမြင်မတူမှုတွေကို
ဘယ်လိုညှိနှိုင်းဆောင်ရွက်မလဲဆို
အချက်တစ်ခုဖြစ်တယ် ...
ဒါကို နားလည်ထားမှပဲ
Solution-Oriented Approach အသက်ဝင်လာမှာ ဖြစ်ပါကြောင်း ... — with ငရဲ သား and 19 others.
by : Lynn Wai Oo
No comments:
Post a Comment