မြတ်စွာဘုရားဟောခဲ့တဲ့ ပိဋကတ်သုံးပုံက ၀ိနည်းရယ်၊ သုတ္တန်ရယ်၊ အဘိဓမ္မာတို့
ဖြစ်ပါတယ်။ ၀ိနည်းရဲ့ ဆိုလိုရင်း အနက်က စည်းမျဉ်း စည်းကမ်းဖြစ်ပြီး၊
သုတ္တန်ရဲ့ ဆိုလိုရင်းက နည်းလမ်း ဖြစ်ပါတယ်။ အဘိဓမ္မာကတော့ သဘောတရားရေးဆိုတဲ့ အမှန်တရား ပရမတ္တသစ္စာ တို့ပါဘဲ။
ယေဘုယျ Base (၃)ခုနဲ့ နှိုင်းယှဉ်ချက်ထုတ်ကြည့်လိုက်တော့ ပထမအချက်ဖြစ်တဲ့
ဝိနည်း (စည်းကမ်း)က Factual Base အချက်အလက်အခြေခံပါတယ်။
အချက်အလက်အခြေခံမှုမှာ အခြေအနေ၊ အချိန်အခါကို မူတည်ပြီး ပြောင်းလဲမှု
မြောက်မြားစွာဖြစ်နေတဲ့ အဖွဲ့အစည်းတိုင်းအတွက် အချက်အလက်တွေကို
ပြင်ယူရပါ့မယ်။ စည်းကမ်းဆိုတာ အလွန်တိုတောင်းလှတဲ့ ကာလတစ်ခုမှာပဲ
အသုံးဝင်လေ့ရှိတဲ့အတွက်ကြောင့်ပါ။ 2008 ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပဲ
ကြည့်ပါ။ နိုင်ငံရဲ့သဘောတရားရေး ပန်းတိုင်ဖြစ်တဲ့ လွတ်လပ်ခြင်း (Liberty),
သာတူညီမျှခြင်း (Equality), သဟာဇာတစည်းလုံးနေထိုင်လိုတဲ့ စိတ်ဓာတ်
(Fratenity), လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး (Human Development)
စတဲ့ ပန်းတိုင်တွေကို ကျွန်တော်တို့ဟာ ရရှိဖို့ ပြင်ဆင်သင့်တဲ့
အချက်အလက်တွေကို တတ်သိပညာရှင်များ အဖွဲ့အစည်းများနဲ့
တိုင်ပင်ဆွေးနွေးပြင်ဆင်ရပါမယ်။

တိုင်ပင်ဆွေးနွေးပြင်ဆင်ရပါမယ်။ နောက်ထပ် သုတ္တန် (နည်းလမ်း)က Theory Base ယူဆချက် သီအိုရီ အခြေခံပါတယ်။ တတိယနိုင်ငံအဆင့်ဖြစ်တဲ့ ကျွန်တော်တို့ဟာ အရှေ့ဘက်ယဉ်ကျေးမှုဖြစ်ပါတယ်။ (တတိယအဆင့်ဆိုတာ လယ်ယာဏ္ဍက ရုန်းထွက်ဆဲနိုင်ငံကို ဆိုလိုတာပါ၊ ဒုတိယအဆင့်ကတော့ စက်မှုဖွံ့ဖြိုးစကို ဆိုလိုပြီး၊ ပထမအဆင့်က ဘဏ္ဍာရေး ဖွံ့ဖြိုးပြီးနိုင်ငံတွေကို ဆိုလိုတာပါ) သီအိုရီ နည်းလမ်းအများစုက အနောက်ဘက် ယဉ်ကျေးမှုက ရောက်လာခဲ့တာပါ။ ဥပဒေရေးရာ၊ သိပ္ပံပညာ စသဖြင့် အနောက်ကလာတာပါ။ သီအိုရီတိုင်းလိုလို ယဉ်ကျေးမှုနဲ့ ဆက်စပ်လို့မရတာတွေရှိပါတယ်။ အဓိကက လက်တွေ့နယ်ပယ်မှာ Creative လုပ် ပြုပြင်ပြီး ဆီလျော်စွာ သုံးစွဲတတ်ဖို့ အရေးကြီးပါတယ်။ ကိုယ်လိုရာ အတင်းဆွဲယူ သတ်မှတ်ခဲ့တာမျိုးနဲ့ ကြုံပြန်ရင်လည်း တိကျတဲ့ (Definition) သတ်မှတ်မှုတွေ ထုတ်ပြတတ်ဖို့ အရေးကြီးတယ်။ Definition တိုင်းကိုလည်း ရှုထောင့်ပေါင်းစုံက သတ်မှတ်ကြတာမို့ ကိုယ်လက်မခံနိုင်တဲ့ ကိုယ်မသိတဲ့ အကြောင်းအရာတွေဆိုရင် ဘူးဆိုဖရုံမသီးတဲ့ ခေတ်ဟောင်း ယူဆချက်တွေနဲ့ နှိုင်းယှဉ်ယူဆပြီး လက်မခံတာမျိုး မဖြစ်သင့်တော့ပါဘူး။
နောက်ဆုံး တတိယအချက်ဖြစ်တဲ့ အဘိဓမ္မာ (သဘောတရား)က Concept Base မှန်ကန်တဲ့ သဘောတရားအခြေခံပါတယ်။ သဘောတရား သက်ရောက်ဆုံးအချက်တွေက ရှင်သန်ရတဲ့ လူ့ဘ၀သက်တမ်းကို ဘာသာရေးကိုးကွယ်မှု၊ သက်ဝင်ယုံကြည်မှု၊ နိုင်ငံရေးခံယူချက် စတဲ့ ဘ၀ဖြစ်တည်မှု၊ နိုင်ငံဖြစ်တည်မှုမှာ အရေးကြီးဆုံးခံယူချက်လို့ထင်တဲ့ ပန်းတိုင်ကို သတ်မှတ်တတ်ကြတယ်။ လက်ကိုင်တုတ်တရား၊ လက်ကိုင်တုတ်စကားတွေလည်း ဖြစ်နေတတ်တယ်။ ဘဘောတရားတစ်ခုဟာ နှစ်ပေါင်းများစွာ တာရှည်ခံနိုင်တယ်။ အိုင်းစတိုင်းရဲ့ Relativity သီအိုရီဟာ Theory Base ရဲ့ ခိုင်မာတဲ့ အချက်လို့တောင် ပြောလို့ရတယ်။ ယခုချိန်ထိတော့ Relativity ကို နားလည်တာ ၁၂ ယောက်ပဲရှိသေးတယ်လို့ပြောတာပဲ။ ထို့အတူ ဗုဒ္ဓရဲ့ ပရမတ္တသစ္စာကို ခဏထားဦး။ သမုတိသစ္စာလောက်တင်ပဲ နှစ်ရာချီ တည်တံ့ခဲ့တာ တွေ့ရမှာပါ။ ငယ်စဉ်ကလေးဘ၀က ကျောင်းက သင်ပေးလိုက်တဲ့ စာတွေကို နှုတ်တိုက်ကျက်ဖြေ စတဲ့ သဘောတရားရေးမပါတဲ့ သင်ကြားမှုတွေနဲ့ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရဘူးတယ်။ အာဂုံဆောင်နိုင်တိုင်းလည်း သဘောတရားရေး အမှန်တကယ်နားလည်တာ မဟုတ်ပါဘူး။ အဓိကက သဘောတရားရေး ဆိုတာ အမှန်တကယ် ဖြစ်ရပ်ကို သိနားလည်လာတာပါ။ သိအောင်၊ ရအောင်ယူတတ်ဖို့လည်း အရေးကြီးပါတယ်။ ဆိုးကျိုးအနေနဲ့ သဘောတရားမှားခဲ့တဲ့ နိုင်ငံတွေဖြစ်တဲ့ စစ်ရေးပါဝါ အလွန်အကျွံ တည်ဆောက်ခဲ့တဲ့ ဂျာမနီ၊ ဂျပန်စတဲ့ ဖက်ဆစ်နိုင်ငံတွေဟာ ဗုန်းဗုန်းလဲခဲ့ဘူးပါတယ်။ မြောက်ကိုးရီးယားကတော့ ခုချိန်တိုင် လူမျိုးတူ တောင်ကိုးရီးယားနဲ့ ယှဉ်ရင်မိုးနဲ့မြေလိုကွာနေပြီး ပြည်သူပေါင်းများစွာ အငတ်ဘေးတောင် ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံလက်ရှိ အခြေအနေကတော့ သဘောတရားရေး ခံယူချက် တည့်မတ်နေပါပြီ။ နည်းလမ်းရယ်၊ စည်းကမ်းရယ်ကို ပြောင်းလွယ် ပြင်လွယ် လုပ်နိုင်တဲ့ တစ်နေ့ကျ နိုင်ငံပန်းတိုင်ဖြစ်တဲ့ လွတ်လပ်ပြီး စည်းကမ်းရှိတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံသစ် တစ်ခုဖြစ်မှာ မလွဲပါဘဲဗျာ။
________________________________________________________
ဘာရယ်မဟုတ်ဘူး လျှောက်ပြီး မွှေနှောက် ဆက်စပ်ကြည့်တာ။ ဟူး မောထှာ သုံးနာရီလောက်စဉ်းစားလိုက်ရတယ်
by : Aik Sai
https://www.facebook.com/ucs.jugger
No comments:
Post a Comment