Tuesday, June 11, 2013

~Attitude towards Problems in Life~



ဘ၀ပြဿနာခံယူချက်

အောင်မြင်သူဆိုတာ ပြဿနာမရှိတဲ့လူမဟုတ်ဘူး။ ပြဿနာအဟောင်းတွေအများကြီးမရှိသူ။ ဒီလိုပဲ မအောင်မြင်သူဆိုတာလည်း ပြဿနာတွေအများကြီးရှိသူမဟုတ်ဘူး၊ မဖြေရှင်းပဲထားတဲ့ ပြဿနာဟောင်းတွေနဲ့ ဘ၀ကိုရှင်သန်နေသူပါပဲ။ 

လူ့ဘ၀မှာနေ့စဉ်လူတိုင်းဟာ ပြဿနာအနည်းနဲ့အများကိုကြုံတွေ့နေကြရတာ လူတွေအားလုံး တူညီတဲ့အကြောင်းတရားဖြစ်ပေမယ့်၊ ပြဿနာကိုဖြေရှင်းသလား၊ ပြဿနာကိုမဖြေရှင်းဘဲထားလား ဆိုတာတော့ လူတစ်ယောက်ခြင်းစီရဲ့ ဘ၀ဆည်ဆောက်မူဆိုင်ရာ ရည်မှန်းချက်နဲ့၊ အရည်အချင်းအရကွဲပြားတယ်။

အများစုကတော့ ပြဿနာတက်လာရင် ပြဿနာကိုပြဿနာအဖြစ်မမြင်နိုင်၊ ပြဿနာကိုဖြေရှင်းဖို့ မကြိုးစားဘဲ ပြဿနာကပေးလာတဲ့ စိတ်ဆင်းရဲမူ၊ စိတ်သောကတွေကိုသာထွေးပိုက်ပြီး နေကြတယ်။

လူတိုင်းဟာဘ၀မှာ ရည်မှန်းချက်၊ ဦးတည်ရာလမ်းကြောင်းတွေရှိကြတယ်။ ရည်မှန်းချက်တွေ၊ ဦးတည်ရာလမ်းကြောင်းတွေနဲ့ လွဲချော်စေတဲ့အကြောင်းတရားတွေနဲ့ မရောက်အောင်ပိတ်ဆို့ထားတဲ့ အကြောင်းတရားတွေဟာလူတွေရဲ့ ပြဿနာပဲဖြစ်တယ်။ ဒီအကြောင်းတရားတွေကို ကျော်လွားဖြေရှင်းပြီး မိမိအလိုရှိရာပန်းတိုင်ကိုအရောက်သွားတာ၊ မိမိဦးတည်နေတဲ့ လမ်းကြောင်းကိုသွားတာ ပြဿနာဖြေရှင်းတာပဲ။

ဘ၀အမြင်နှစ်မျိုးရှိတယ်။ အနုတ်သဘောဆောင်တဲ့ဘ၀အမြင် (ယုတ်လျော့တဲ့အမြင်) နဲ့ အပေါင်းသဘောဆောင်တဲ့ဘ၀အမြင် (တိုးပွားတဲ့အမြင်) ဖြစ်တယ်။

စိန်ခေါ်မူနဲ့ ပြဿနာတွေမရှိတဲ့ဘ၀ကိုလူတိုင်းလိုချင်ကြတာပဲ။ ပြဿနာမရှိတဲ့ဘ၀ကို လိုချင်ကြရတဲ့အကြောင်းရင်းကတော့ ပြဿနာတွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မူဖြစ်တယ်၊ အခက်ခဲတွေရင်ဆိုင်ကြရတယ်၊ အလိုရှိရာ လိုအပ်တာကိုမရနိုင်တော့လို့ဖြစ်တယ်။ ဒါဟာအနုတ်သဘော (ယုတ်လျော့မူသဘော) ဆောင်တဲ့ ဘ၀ခံယူချက်ကနေ ပြဿနာကိုမြင်တာဖြစ်တယ်။ ဘ၀ကိုအလွယ်လမ်းလိုက်နေထိုင်ပြီး အခက်အခဲနဲ့ ပြဿနာတွေကိုမရင်ဆိုင်ဘဲ၊ မဖြေရှင်းဘဲထားတယ်။ ကြာလာတော့ဘ၀ဟာ အခက်အခဲနဲ့ ပြဿနာတွေကြားမှာလုံးပါးပါးလာပြီး လူဖြစ်ရူံးတာပဲ။

အပေါင်းသဘော (တိုးပွားမူသဘော)ဆောင်တဲ့ ဘ၀အမြင်ရှိသူတွေကတော့ ပြဿနာနဲ့ အခက်အခဲတွေ ရင်ဆိုင်ရလေလေ ကိုယ့်ပိုင်အရည်အချင်းနဲ့ တန်ဖိုးမြင့်မားလာလေလေလို့ ခံယူတယ်။ ဘ၀ကိုအလွယ်လမ်းလိုက်မနေဘူး။ အခက်ခဲတွေရင်ဆိုင်ပြီး အနှစ်သာရတွေနဲ့ အဓိပ္ဗာယ်တွေပြည့်ဝနေတဲ့ ဘ၀ကိုနေထိုင်ကြတယ်။ ပြဿနာတိုင်းဟာ အရည်ချင်းသစ်တွေနဲ့ ဘ၀အမြင်သစ်၊ အတွေအကြုံ၊ အသိဥာဏ်ပညာ စတဲ့ဘ၀အကျိုးအမြတ်တွေရမယ့် အကြောင်းတရားတွေလို့မြင်တတ်ရင် လူဖြစ်တာမြတ်တာပဲ။

ပြဿနာဆိုတာဘ၀ရဲ့ အနှစ်သာရပဲဖြစ်တယ်။ ကိုယ့်ဘ၀ကိုပြဿနာက လွမ်းမိုးချုပ်ကိုင်မပိုင်ဆိုင် သွားရလေအောင်ပြဿနာကိုမြင်အောင်ကြည့်ပြီး ဖြေရှင်းနေဖို့လိုတယ်။ ပြဿနာကိုမဖြေရှင်းပဲထားနေရင်တော့ ပြဿနာကကိုယ့်ဘ၀ကို လွမ်းမိုးချုပ်ကိုင်ပိုင်ဆိုင်သွားမှာပဲ။ ပြဿနာကဘ၀ကို ဦးဆောင်နေပြီဆိုရင်တော့ လူတစ်ယောက်ဘ၀ဟာ အခက်ခဲတွေအများအပြား ရင်ဆိုင်ရတော့မှာဖြစ်တယ်။ စိတ်သောကနဲ့ ဖိစီးမူတွေဟာ ဘ၀ကိုလွမ်းမိုးလာမှာဖြစ်တယ်။

ဘ၀ရဲ့ စိန်ခေါ်မူတွေနဲ့ ပြဿနာတွေရဲ့ မှန်ကန်တဲ့ခံယူချက်နဲ့ပါတ်သက်ပြီး အတွေးပွားမိတယ်။

~AMM~
Greenhill

http://www.newpowerstainlesssteel.com/delivery.htm

No comments: