( ၁ )
အမေ အ့ချစ်ဦး
အကြောင်းတွေကို အိပ်ယာဝင်ပုံပြင်လို
နားထောင်လာရတာ သဲညှာငယ်စဉ် ကလေးဘ၀ကတည်းကပါ။အမေ့ အချစ်ဦးက အမေ နဲ့ 
ငယ်ငယ်ကတည်းက ရပ်ဆွေရပ်မျိုးလို ရင်းနှီးလာတာ အကိုကြီးလို လည်း
အလိုလိုက်ကြင်နာတတ်တယ်တဲ့ ။ သိပ်သဘောကောင်းပြီး ငယ်ငယ်လေးနဲ့ 
အဖေဆုံးသွားလို့  အမေ နဲ့  ညီမလေးကို လုပ်ကျွေးနေတဲ့ သူပါတဲ့ ။အမေ့ ကိုလက်ထပ်ဖို့ အကြာကြီးစောင့်ခိုင်းပြီးသူ့ အမေ နဲ့ ညီမ ကို ပဲ လုပ်ကျွေးနေလို့ စိတ်မရှည်တော့တဲ့အချိန်မှာသူေ
ကလေး တုန်းက အမေ ပြောနေတာတွေကို အမှုမဲ့အမှတ်မဲ့ နေနေပေမယ့်  တဖြည်းဖြည်း သိတတ်လာတဲ့အရွယ်ရောက်လာတော့ အဖေချစ်သမီးဖြစ်တဲ့ သဲညှာ ကတော့ အမေ အဲလိုပြောပြနေတာ မကြိုက်ပါဘူး။ အဲဒီ့  အမေ့ အချစ်ဦး ကိုလည်း အလိုလိုနေရင်းမုန်းမိပါတယ်။အဲဒီ
သဲညှာ တို့ အဖေ ကတော့ အသားညိုညို ၊အရပ်ပြတ်ပြတ် နဲ့  မျက်နှာထားက အမြဲ တည်တင်းနေကာ အရာရှိပီပီ ဟောက်တတ်ပါတယ်။အဖေ က သဲညှာကို ကြင်ကြင်နာနာပွေ့ ဖက်တာလည်း မရှိခဲ့ ပါဘူး။စကားပြောရင် ငါးခွန်းမှာသုံးခွန်းလောက်က အော်ဟောက်ရင်းပြောတတ်ပါတယ် ။နောက်ပြီး အဖေ က အမေ့ ကို ချစ်ချစ်ခင်ခင်စကား ပြောတာ လည်း တခါမှမတွေ့ ဖူးပါဘူး။
သဲညှာကတော့ ငယ်ငယ်ကတည်းက စကားများပြီးပစိပစပ်ပြောတတ်တဲ့ အမေ့ ထက်အနေတည်ပြီးစကားနည်းတဲ့  အဖေ့ ကို ပိုချစ် ပါတယ်။ဘိုးဘိုးတို့အမွေ ပေးခဲ့တဲ့ တိုက်၂လုံးလည်းပိုင်ပြီး အရာရှိသမီးလည်း ဖြစ်ရလို့ အဖေ့ ကို ပိုသဘောကျမိပါတယ်။ဒါပေမယ့် အမေ ကတော့အမြဲ အဖေ့ကို အားမရပါဘူး။သဲညှာ အလယ်တန်းလောက်ရောက်တော့ အဖေ က ညည အိမ်ပြန်မလာတာများပြီး အမေ ကြိတ် ငိုနေတာမကြာခဏတွေ့ ရပါတယ်။သဲညှာကို အမေ က ဘာမှမပြောပေမယ့်  အဖေ့ အမ၀မ်းကွဲလာရင်ပြောနေတာတွေတော့
“ မမမောင်ကို ကြည့်ပြောပါဦးမမရယ်၊ မြင့် တော့သူ့ကိုသိပ်စိတ်ကုန်တယ်သမီး လေး ရှိလို့သာ သည်းခံနေတာ ၊ ကလေးကို ငဲ့ နေလို့ ”
“ အေးပါမြင့် ရယ် ၊ မမ ကြည့်ပြောပါမယ်။ ခဏလေးသည်းခံလိုက်နော်”
အဲဒီလို ညတွေမှာ အမေ
ကြိတ်ငိုနေတာသိတဲ့ သဲညှာက ဘာဖြစ်မှန်းသေချာမသိပေမယ့် အမေ့ ကို သနားပါတယ်။
ဒါပေမယ့်  အမေ က အယ်လဘမ်ကြီးဖွင့် ပြီး သူ
့အချစ်ဦးဓါတ်ပုံကြည့်ရင်းတိုင်
“ အမေ နော် ဘာလို့ ဒီဓါတ်ပုံကိုကြည့်နေတာလဲ၊ သမီးမကြိုက်ဘူး”
“
အေးပါသမီးရယ်၊ အမေ က ခု သူ့ ကို အကိုတစ်ယောက်လို
ကြည့်ပြီးတောင်းပန်နေတာပါ။အမေခု စိတ်ညစ်နေရတာ သူ့ ကို
ပစ်ပစ်ခါခါ လုပ်ခဲ့လို့ နေမှာပါ”
“ အမေ က ဘာလို့ စိတ်ညစ်နေတာလဲ ၊ အဖေက ဘာလုပ်နေလို့ လဲ ”
“
သမီးအဖေဟာ ခု အလုပ်ကိုစိတ်မ၀င်စားဘူး၊ မိသားစုကိုလည်း
မခင်တွယ်ဘဲအပျော်အပါးနောက်လိုက် နေတယ်။လုပ်သက်က ဆယ်နှစ်ကျော်နေပြီ၊ အလုပ်
ကို သက်သက်သာသာနဲ့ အေးရာအေးကြောင်းနေနေတော့
ရာထူးလည်းမတက်ဘူး။အပြောအဆိုမတတ် လို့  လူကြီးတွေနဲ့  ဆက်ဆံရေးလည်း
အဆင်မပြေဘူး။ ဒီအဖေ နဲ့တော့တို့ မိသားစုရှေ့ ရေး ရင်လေးပါရဲ
့…ကိုကိုကြီးဆို အလုပ်လုပ်ရင်သိပ်သွက်တာ ၊ပြုံးပြုံးရွှင်ရွှင် နဲ့ 
လူချစ်လူခင်လည်းပေါမှပေါ”
“ အမေကလည်း ၊ အဖေ့ အကြောင်းပဲပြောပါ၊ အဲ့ လူကြီးကိုမေ့ လိုက်ပါတော့ ”
“ အေးပါ၊ အမေက ပြောပြတာပါအေ ၊ ညည်းအဖေ ကို ရွေးချယ်မိတဲ့ အမေ့ အမှားတွေကိုနောင်တ ရလို့ပါ
“ အမေနော် ၊ အဲလိုပြောတာသဲညှာမကြိုက်ဘူး။ အဖေ က တဦးတည်းသားသူဌေးသား အရာရှိလေ။ အမေ့လူကြီးက မွဲတေနေတာကို”
“
မွဲနေတာတော့မဟုတ်ပါဘူသမီးရယ် ၊ အဲဒီအချိန် သူ ကဆောက်လုပ်ရေးမှာ
စာရေးလုပ်ရင်း ဂျီတီအိုင်ညကျောင်းတက်ပြီး အင်ဂျင်နီယာဖြစ်ဖို
့ကြိုးစားနေတာပါ။ သူ့ လုပ်စာနဲ့ အမေကို လုပ်ကျွေးသလို ညီမကိုလည်း ထောက်ပံ
့နေတာ။ သူတော်ကောင်းပါ။ခု ဆောက်လုပ်ရေးမှာ အရာရှိဖြစ်နေပါပြီ။ညည်းအဖေသာ
သူဌေးသား ဆိုပြီး လက်ကြောမတင်းတာ ”အဖေမဟုတ်တာလုပ်နေတယ်လို့ ထင်ပေမယ့် အဲလိုပြောတော့သဲညှာအမေ့ ကိုငြူစူမိပါတယ်။
“ အမေ နော် ၊ ဇနီးဆိုတာ ကိုယ့်ခင်ပွန်းကိုသစ္စာရှိရမယ်တဲ့  ”
“ ဟဲ့ - ငါကဘာလုပ်နေလို့လဲ ၊ညည်းကများ မအေ ကို ဆရာပြန်လုပ်နေတယ် ”
“ အမေ က မပြောသင့်တာပြောနေတာကိုး။ အဖေ့ ကိုကျအပြစ်ပဲပြောပြီးဟိုလူကြီး
သဲညှာက အဖေ့ထိလို့ မခံချင်စိတ်နဲ့ ပြောမိရင် အမေ က သဲညှာခေါင်းလေးကို ပွတ်ကာ
“သမီးရယ်၊ အမေ က ရွေးချယ်မှုမှားခဲ့ တာပါ။ မေတ္တာတရားကိုလည်း စော်ကားသစ္စာဖောက်ခဲ့လို့  အမေ ခု စိတ်ဆင်းရဲနေရတာ။ ငါ့ သမီးလေးကျရင် အမေ့ လို မဖြစ်စေချင်ဘူး။ ”
အမေဘာပြောပြော သဲညှာကတော့ အဖေ့ ကို အဲဒီလူကြီးနဲ့ နှိုင်းပြောတာမကြိုက်လို့ သူ့ ဓါတ်ပုံမှာ မျက်နှာကို နှုတ်ခမ်းမွှေးတွေ ဆွဲပြီးချောင်တချောင်ထဲ လွှင့် ပစ်ထားလိုက်ပါတယ်။အမေက ဓါတ်ပုံပျောက်တာသတိထားမိတဲ့အခါ သဲညှာလုပ်မှန်းသိပေမယ့် ဘာမှမပြောပါဘူး။
အဖေလည်း အဖေ့ အမ ပြန်နားချလို့ လားပဲ ၊ သဲညှာတို့ ဆီညတိုင်း ပြန်လာပါတယ်။ဒီလိုဆိုတော့လည်း အမေ့ မှာ အဖေ့ အကြိုက် ဟင်းတွေချွေးတလုံးလုံးနဲ့ ချက်ကျွေးနေပါတယ်။အဖေက အိမ်ဦးနတ်ဆိုတဲ့  အာဏာ နဲ့ နေချင်သူပါ။တစ်ဦးတည်းသောသာြး
“ အမေ ၊ ကိုကိုကြီးကရော ဟင်းဂျီးများလား”
အမေ က သဲညှာမေးတာကို အဖေ မကြားအောင်တိုးတိုးလေး ပြန်ဖြေပါတယ်။
“ ကိုကိုကြီးက ဘဲဥပြုတ်နဲ့ ဆားပုံကျွေးတာတောင် စားတယ် ” - တဲ့ 
xxxxxxxxxxxxxxxxxxxxxxxxxx
( ၂ )
“အမေ ၊ တိုက်၂လုံးက ဘာလို့ ရောင်းလိုက်ရတာလဲ၊သဲညှာတို့ လည်း ဘာမှ မသုံးဘဲနဲ့ ။အမေ က ဟင်းချက်ရင်တောင် အဖေ့ အတွက်သုံးလေးခွက် လုပ်ပေးပြီးသဲညှာနဲ့ အမေ က တစ်မျိုးပဲစားတာလေ။နောက်ပြီး သူများ အရာရှိကတော်တွေလို အမေ က အ၀တ်အစားတွေ ၊အိတ်တွေ ဖိနပ်တွေ အများကြီးဝယ်နေတာလည်းမဟုတ်ဘဲနဲ့ ”
အမေ က မျက်ရည်ဝဲနေတဲ့ မျက်လုံးတွေ နဲ့ သဲညှာ ကိုစိတ်မကောင်းသလို ပြုံးပြရင်း
“ သမီး အဖေ က စီးပွားရေးတခုလုပ်ကြည့်တာ ရှုံးလို့ ပါကွယ် ၊နောက်ပြန်ရမှာပါ "
" အဖေက ရုံးပဲတက်ပြီး ညဘက် မူးပြီးမှ ပြန်ပြန်လာတာများ ၊ဘာအလုပ်လုပ်လို့ လဲ"
" သမီးမသိပါဘူး သမီးရယ်”
“သဲညှာကိုသူများတွေပြောတာ အဖေက လောင်းကစားလည်းလုပ်တယ်တဲ့ ၊ကောင်မလေးတွေနဲ့လည်း တွဲတယ်ဆို၊ဟုတ်လားအမေ”
“သမီးကိုဘယ်သူပြောလဲသဲညှာ၊ ပေါက်ကရပြောတာတွေ မယုံနဲ့ ။ကိုယ့်အဖေကို အဲလို မပြောရ ၊မထင်ရဘူးနော် ”
ခုတာ့ အမေက အဖေ့ဘက်ကကာကွယ်ပြောပေးနေပါတယ်။ အမေက အဖေ့အပေါ် စိတ်နှစ်ပြီး မိသားစု ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်ထောင်ရေး သာယာအောင်ကြိုးစားနေပုံရပါတယ်။
“မြင့်မြင့်ရယ် ၊အမလည်းပြောတာပဲ။ ဒီကောင်က သူစိတ်ပျော်သလိုနေတတ်တာ လူပျိုဘ၀ကတည်းကလေ - ခုထိ မရင့်ကျက်သေးတာတော့ လွန်လွန်းပါတယ်။ငါ့မောင်ဆိုေ
အင်း - မြင့် မြင့် တို့ က တွေ့ ပြီး နှစ်ဝက်မကြာခင် ချက်ချင်းယူလိုက်ကြတော့တစ်ယောက်
အမေ ကတော့ ဘာမှပြန်မပြောဘဲ အံကြိတ်ထားပါတယ်။
အမေ ကနောက်ပိုင်း အရင်လို စကားတွေ မပြောတော့လို့  သဲညှာ အမေ့ ကို သနားလာပါတယ်။ ငယ်ငယ်က အဖေ့ ကိုပို ချစ်သလောက် အရွယ်ရလာတော့ အမေ့ ကို စာနာ သနားလာပါတယ်။ တကယ်တော့ အဖေ နဲ့ အမေ့ ကြားမှာ ချည်နှောင်ခဲ့တဲ့  မေတ္တာကြိုးက မခိုင်မြဲဘဲ ယဲ့ တဲ့ တဲ့ လေးဆိုတော့ ကြာရှည်မခံတာဖြစ်ပါလိမ့်မယ်။
အမေခုလို ခံစားနေရတာတွေဟာ အမေ့ ကို ညီမလေးလို ၊ချစ်သူလို ငယ်ငယ်လေးကတည်းကချစ်လာတဲ့  ကိုကိုကြီးကိုသစ်စိမ်းချိုးချို
သဲညှာဆယ်တန်းတက်တဲ့နှစ်မှာ အဖေ အလုပ်ပြုတ်ပြီးသဲညှာတို့ အရာရှိအိမ်က ဆင်းပေးရတော့ ပျံကျသာသာ ရပ်ကွက်လေးမှာ အိမ်ငှားနေရပါတယ်။အရာရှိဘ၀မှာပဲ မိဘအမွေ တိုက်အိမ် ၂ လုံးကိုကုန်အောင်သုံးပစ်ပြီး ခု အလုပ်ပြုတ်တော့ ခြေမဲ့လက်မဲ့ဖြစ်နေတဲ့ အဖေ့ကို ဘယ်ဆွေမျိုးမှ မသနား၊ မထောက်ပံ့ ဘဲကဲ့ ရဲ့ ကြပါတယ်။အမေကတော့ ဘာမှမမှုတော့တဲ့ ပုံနဲ့  ရောက်ရာဘ၀ မှာ အဆင်သင့် ဖြစ်အောင် ပြင်ဆင်ထားပုံပါပဲ။အမျိုးတွေအား
အမေက အဖေ့ကို အားပေးရှာပါတယ်။
“ဘာမှစိတ်ညစ်မနေနဲ့ ၊ ရှင် က အရာရှိ လုပ်လာတာ တခြားဘာမှရုတ်တရက် လုပ်တတ်မှာမဟုတ်ဘူး ။ ကျမ ဘာသာ ဈေးရောင်းမယ်”
“ မင်းက ရောင်းတတ်လို့ လား ၊ ဖြစ်ပါ့ မလားကွာ ”
အဖေကတော့ အားလျှော့သံကြီးနဲ့ ပြောပါတယ်။
“ အို လူပဲမွေးကတည်းက တတ်တာဘာရှိလဲ၊ ကျမသမီးလေး ဒီနှစ်ဆယ်တန်းအရေးကြီးတယ်။ ကျမ ရအောင်ရှာရမယ် ”
အမေ ပြောနေတာကြည့်ပြီး သဲညှာမျက်ရည်တွေကျလာပါတယ်။
ကိုယ့်ကိုကြင်ကြင်နာနာ နဲ့  ညှာတာမှုမရှိဘဲ ရှိသမျှစည်းစိမ်နဲ့ အလုပ်ကိုပြုတ်အောင်လုပ်ခဲ့တဲ့  ယောင်္ကျားကို အမေက ခု ပြန်လုပ်ကျွေးမတဲ့ ၊ သဲညှာအတွက်လည်း ကျောင်းစရိတ်ရှာရဦးမှာ အမေ ပင်ပန်းမှာပဲ။
ဒီအချိန်မှာ အဖေက စကားတစ်ခွန်း ၀င်ပြောပါတယ်။
“ အရမ်းကျပ်တည်းနေရင် သဲညှာကိုခဏကျောင်းထုတ်ထားလိုက်ေ
အဖေ့ စကားကို နားထောင်ရင်း သဲညှာရင်ထဲဆို့ နင့် သွားပါတယ်။သဲညှာကိုတောင် ကျောင်းထုတ်မလို့ တဲ့ ၊ အဖေ ရက်စက်လိုက်တာ။
“ အို- ရှင်ဘယ်လိုပြောလိုက်တာလဲ ၊ ကျမသမီးဒီလောက်စာတော်တာကို ။သူ့ ခမျာ စာကလွဲရင် ဘာမှတောင်စိတ်ဝင်စားတာမဟုတ်ဘူး။ ရှင်ဘာမှမပူနဲ့ ။ကျမသမီးကျောင်းစရိတ် ကျမ ရှာနိုင်တယ်။”
အမေ ရယ် ..
သဲညှာ အမေ့ ကိုဖက်ပြီး ငိုတော့ အမေ က ချော့ပါတယ်။
“ မငိုနဲ့ သမီး ၊ဒါ လူ့ ဘ၀ ပဲ ။ ခု ခဏ စီးပွားကျသွားပေမယ့်  ငါ့ သမီးဟာ တန်ဖိုးရှိတယ်။
စာကြိုးစား ၊ သမီးဖြစ်ချင်တာရအောင်လုပ်၊အမေ ဖြည့်ဆည်းပေးမယ်။ဟုတ်ပြီလား”
အမေ့ အပြောတွေကြောင့်  ကျနေတဲ့ သဲညှာမျက်ရည်တွေရပ်သွားပြီးအား
အမေကတော့ ရှိသေးသမျှ လက်ဝတ်လက်စားလေးတွေထုခွဲပြီး ဈေးထဲမှာကုန်ခြောက်ရောင်းဖို့ ပြင်နေပါတယ်။အိမ်ပြောင်းခါစ ပစ္စည်းတွှေရှင်းတော့ မျက်နှာမှာ နုတ်ခမ်းမွှေးတွေ ဆွဲပစ်ပြီး သဲညှာ ဖွက်ထားတဲ့  အမေ့ ရဲ့ ကိုကိုကြီး ပုံ ထွက်လာပါတယ်။
အမေက ပုံကို တချက်ကြည့်ကာငိုင်တွေသွားပြီး မျက်ရည်တွေ ၀ဲလာပါတယ်။ဒါပေမယ့်ချက်ချင်းစိ
xxxxxxxxxxxxxxxxxxxxxxxxxx
( ၃ )
သဲညှာ ဆယ်တန်းကို
နှစ်ချင်းပေါက်အောင်တော့ အမေ အရမ်းပျော်နေပါတယ်။အမေ့  ဈေးဆိုင်လေးက
အတန်အသင့် တော့ အမြတ်ရလာတာမို့  စားဝတ်နေရေးက ချောင်လည်လာပါတယ်။အဖေကတော့ သူ
့အပေါင်းအသင်းတွေ နဲ့  အပြင်သွားလိုက် ၊စီးပွားရေး ကိစ္စတွေ တိုင်ပင်နေကြတာ
တွေတွေ့ ပေမယ့် အမေ့ ကို ပိုက်ဆံ အပ်တာလည်းမတွေ့ ပါဘူး။“ အမေ ၊ ခု အဖေက ဘာအလုပ်လုပ်နေတာလဲ ဟင်”
“ သူ မိတ်ဆွေတွေ နဲ့ သစ်အရောင်းအ၀ယ်လုပ်မလို့ သမီးရဲ့ ”
“ ဟင်၊ သစ်မှောင်ခို လုပ်မှာပေါ့ ၊ဟုတ်လား။ တော်ကြာဖမ်းခံနေရဦးမယ် ”
သဲညှာက စိုးရမ်စွာပြောတော့ အမေ သက်ပြင်းချလိုက်ပါတယ်။
“ တကယ်ဆို အမေ လည်း မလုပ်ခိုင်းချင်ပါဘူးသမီးရယ် ၊ ဒါပေမယ့် သမီးအဖေက တခြားအလုပ်လည်းမလုပ်တတ်ဘူး၊ အမေ့ ဈေးဆိုင်လည်း သူ မထိုင်နိုင်ဘူးလေ”
အဖေ က တကယ်ပဲ အမေ့ ဆိုင်မှာ ကူမထိုင်ပေးပါဘူး။ ဈေးရောင်းရတာ ရှက်စရာလို့ မြင်နေပုံရပါတယ်။ သဲညှာပဲအမေ့ ကိုဆိုင်ကူဖွင့် ပေး ၊ဆိုင်ကူသိမ်းပေးရပါတယ်။သဲညှာက အဝေးသင်တက်ရင်း အမေ့ ဆိုင်မှာ ကူရောင်းမယ်ပြောတော့အမေလက်မခံပါ
“သမီးကို အမေက ဆွဲမနှစ်ချင်ဘူး ၊ သမီး တက္ကသိုလ်သွားရမယ်။ ငါ့ သမီးလေး တက္ကသိုလ်ကျောင်းသူဘ၀ ကို စိတ်ကူးယဉ် ပြီး စာတွေကြိုးစားနေတာအမေ သိတာပေါ့ သူငယ်ချင်းတွေ ပျော်ပျော်ရွှင်ရွှင်ကျောင်းတက်ပါ ”
“ အမေရယ် ၊ ဒီဘ၀မျိုးမှာ သမီးက ဘယ်လို မျိုးတက္ကသိုလ်တက်ရက်ပါ့မလဲ”
“ တက်ရမယ်သမီး ၊ ခု မပြေလည်တာက ခဏပါ။ သမီး အဖေလည်း နောက် ကြိုးစားလုပ်တော့မှာပါ ”
“ အမေက အဖေ့ ကို အားကိုးတယ်ပေါ့ ၊ သမီးတော့မထင်ပါဘူး ”
“ဟဲ့ ၊ ကိုယ့်အဖေကို ဒီလိုမပြောရဘူး လေ ၊ ကြားသွားလို့ စိတ်မကောင်းဖြစ်နေဦးမယ်။
ခုချိန်မှာ သမီးအဖေက အားငယ်နေတာပါ။အမေ တို့ က အားပေးရမယ်လေ”
“ အမေက ခုကျတော့ အဖေ့ ကို ချစ်သွားပြီး ကိုကိုကြီးကိုမေ့ သွားပြီပေါ့ လေ ”
“မမေ့ လို့ မရဘူးသမီးရယ် ၊ ခုချိန်မှာ အမေ့ အတွက် မိသားစု ကိစ္စက အရေးကြီးပါတယ်”
အရင်လို ဖြူနုချောမောမနေဘဲ နေလောင်ထားတဲ့အသားအရည်နဲ့အရွယ်
အမေ့ ကို သနားလို့ ဘယ်လောက်ငြင်းငြင်း ဇွတ်အတင်း တက်ခိုင်းလို့ သဲညှာ တက္ကသိုလ် တက်ခဲ့ရပေမယ့်  ကျောင်းအားတဲ့ အချိန် အမေ့ ကို တတ်နိုင်သလောက် ကူ ပေးပါတယ်။အဖေ လည်း သူ့ ဘော်ဒါတွေ နဲ့  သစ်ကုန်ကူးတာ အဆင်ပြေလို့ အမေ့ ကိုပိုက်ဆံပေးတယ်တဲ့ ..ဒါပေမယ့်  အမေ ကတော့ ဈေးရောင်းနေရတုန်းပါ။အမေ့ကို
ဘယ်လိုပဲဖြစ်ဖြစ် တက္ကသိုလ်ကျောင်းသူတစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေ ခံစားရလို့ အမေ့ ကို သဲညှာကျေးဇူးတင်ပါတယ်။ အမေ က သဲညှာဘ၀မှာ အမေ လိုသာမကဘဲ အမလို သူငယ်ချင်းလို ပေါင်းလို့ ရတဲ့သူပါ။ သဲညှာချစ်တဲ့ သူ တွေ့ လာတော့ လည်း အမေ့ ကို အရင်ဆုံးဖွင့် ပြောပြီး အမေ့ ရှေ့ ခေါ်လာတာပါ။
သဲညှာ ထက် ၃ နှစ်ကြီးပြီး အင်္ဂလိပ်စာအဓိက နဲ့ မာစတာတန်း တက်နေတဲ့  ကို က သဲညှာအပေါ် အရမ်းကြင်နာပြီး စာနာငဲ့ ညှာတတ်သူပါ။ သိမ်မွေ့ ယဉ်ကျေးတဲ့  ကို့ ကိုအမေ က လည်းသဘောကျပါတယ်။ကိုကိုကြီး ငယ်ငယ်ကပုံစံမျိုေးလးလို့  သတိတရပြောပါတယ်။
ကျောင်းဆရာ မိဘနှစ်ပါးရဲ့  သား အကြီးဆုံး ကိုက ညီ ၁ယောက်နဲ့ညီမ ၃ယောက်ရှိပါတယ်။ ၀န်ထမ်းမိသားစု မို့  ကို တို့ အိမ်လည်း ရုန်းကန်ရပါတယ်။ ကို က မာစတာ တန်းတဖက်နဲ့  အပြင်မှာ အင်္ဂလိပ်စာ လိုက်သင်ရင်း မိသားစု ကို တဖက်တလမ်းကထောက်ပံ့ နေရသူပါ။ သဲညှာတို့  ချစ်သူဘ၀ က တခြားသူတွေလို လွတ်လပ်ပေါ့ ပါးစွာနဲ့  အပူအပင်မရှိ ပျော်ရတာမျိုးတော့မဟုတ်ပါဘူး။ မပြေလည်ဘဲ ရုန်းကန်နေရတဲ့ သူ့ အိမ်ကိစ္စ ၊ ကိုယ့်မိသားစု ကိစ္စတွေ လည်း တိုင်ပင်ရသေးပါတယ်။ တခါတလေ သဲညှာ က ဒီလို ပြောဆိုနေရတာ စိတ်ညစ် တတ်ပေမယ့်  အမေကတော့ အဲလို ပုံစံကို ပိုသဘောကျပါတယ်။
“အမေရယ် ၊ သဲညှာတို့ အဖြစ်က နုတ်ခမ်းပဲ့ ချင်း မီးမှုတ်နေကြတာနဲ့ မတူဘူးလားဟင်”
“သမီးရယ်၊ ဘာလို့ ဒီလို တွေးရတာလဲ ၊ ယောင်္ကျားတစ်ယောက်ဟာပိုက်ဆံချမ်း
အမေကသာစိတ်ချတယ်ပြောပေမယ့် သဲညှာကျောင်းပြီးလို့  အလုပ်ဝင်တဲ့အထိ ကို က ညီတွေ ညီမတွေ အတွက် ရှာဖွေထောက်ပံ့နေရတုန်းမို့  သဲညှာတို့ နှစ်ယောက်လပ်ထပ်ဖို့ ကိစ္စဆိုတာ ဟိုးအဝေးကြီှးမှာပဲရှိနေပါသေး
xxxxxxxxxxxxxxxxxxxxxxxxxx
( ၄)
အဖေ တစ်ယောက်
ညဘက်စားသောက်ဆိုင် ကနေ အရက်တွေမူးပြီးပြန် အလာ ရုတ်တရက်လေဖြန်းသွားတုန်းက
သဲညှာတို့  မှာ အထိတ် တလန့်ဖြစ်သွားရပါတယ်။အသက်အန္တရယ်မစိ“ မြင့် မြင့် ၊ နင်မြင့် မြင့် မဟုတ်လား ”
“ ကိုကိုကြီး … ”
“ မနဲကြည့် ယူရတယ်မြင့် မြင့်ရယ် ၊ ဘယ်လိုဖြစ်တာလဲ ၊နင့် ရုပ်က ရင့် သွားလိုက်တာ ”
ဓါတ်ပုံထဲကလို ပိန်သွယ်သွယ်မဟုတ်ဘဲ ခပ်ပြည့်ပြည့်ဖြစ်လာပြီး မျက်မှန်တပ်ထားတာကလွဲပြီးငယ်ရု
“နင်တို့ အဆင်မပြေတာတော့ ငါ ကြားလိုက်ပါတယ်၊ဒါပေမယ့်  နင်က ဆွေမျိုးတွေ နဲ့ တောင် အဆက်အသွယ်ဖြတ်ထားတော့ နောက်ပိုင်းကိစ္စ ဘာမှမသိရတော့ဘူး။ ခု ရော ဘယ်လိုလဲ”
“ ခု မြင့် မြင့် အမျိုးသား လေဖြန်းလို့ ဒီမှာ တင်ထားရတာ..”
“ ဟုတ်လား ၊ဖြစ်ရလေ ။ ခုသက်သာလား ၊ ငါဘာကူညီပေးရမလဲ ”
“ ရပါတယ်ကိုကိုကြီး ၊ ခုသက်သာလာပါပြီ ”
“ ဒါဆို ခု ငါလိုက်ကြည့်မယ် ၊ လာ လိုက်ပြ.. ”
ပြောပြောဆိုဆို အမေ့ ကို အဖေ့အခန်း လိုက်ပြခိုင်းပြီး စိုးရိမ်တကြီးနဲ့ လိုက်လာတဲ့  သူ့ မျက်ဝန်းတွေ ထဲမှာ တကယ့်ကိုစိုးရိမ် ပူပင်ရိပ်တွေ မြင်နေရပါတယ်။အဖေ က အိပ်ပျော်နေလို့ ခဏပဲနေရင်း ဘေးမှာထားထားတဲ့ အသုံးအဆောင်တွေကိုကြည့်ပြီးကို
“ ဒီအခန်းက ကျဉ်းတယ်မြင့် မြင့် ၊ လူနာအတွက် မကောင်းဘူး။ အခန်းကျယ်ကိုငါပြောင်းပေးမယ်။ အခန်းခ ကျသလောက်ငါပေးမယ် ”
“ မလုပ်ပါနဲ့ ကိုကိုကြီး ၊မြင့် မြင့် ဘာသာ အဆင်ပြေအောင်ကြည့်လုပ်နေပါတယ် ”
“ နင်ခေါင်းမမာနဲ့ မြင့် မြင့်  ၊ကိုယ့်ညီမ ဒုက္ခရောက်နေတာ အကိုတစ်ယောက်အနေနဲ့  ငါ ဘယ်လို ကြည့်ရက်မလဲ ၊ ဒါနင့် သမီးလေးလား။ နင် နဲ့ တူတယ်။ခု ကျောင်းပြီးပြီလားသမီး ”
“ ဟုတ်ကဲ့ ပါဦးဦး ၊ သမီးခု အရောင်းဝန်ထမ်းလုပ်နေပါတယ် ”
“ အော် -- ရိုးရိုးအရောင်းဝန်ထမ်းဆို လစာနည်းမှာပေါ့  ။ စာရင်းကိုင်ဖြစ်အောင်လုပ်၊ သင်တန်းကောင်းကောင်း တက် ။ဦးသမီးလေးတောင်ခုLCCI Level 2 ဖြေတော့မယ်။အောင်ရင် ကျောင်းသွားတက်ခိုင်းမလို့ ၊ သားလေးက ရေကျောင်းတက္ကသိုလ်မှာလေ ”
အားရပါးရ ပြောပြနေတဲ့ လူကြီးမျက်နှာကို ငေးကြည့်ရင်း သဲညှာရင်ထဲ ချစ်ခင် အားကိုးခြင်းတွေ ဘယ်ကဘယ်လိုဝင်လာမှန်းမသိဘဲ ရင်ထဲနွေးထွေးနေပါတယ်။အမေ တားတဲ့ကြားက အဖေ့  အခန်းပြောင်းဖို့ ကိစ္စတွေ စီစဉ်ပေးသွားပြီး သဲညှာကို သူ့ လိပ်စာကတ် လည်းပေးသွားလို့ သဲညှာ ဖတ်ကြည့်လိုက်တော့ သူက ကိုယ်ပိုင်ဆောက်လုပ်ရေးလုပ်ငန်း
“ အမေ ၊ ကိုကိုကြီး က သိပ်ကြင်နာတတ်တာပဲနော် ”
“ ဟုတ်တယ် ၊ သူက ဘယ်သူ့ မဆို ကူညီတတ်တာ ဟိုးအရင်ကတည်းက ”
“ အမေရယ် ၊ ဘာလို့ သူ့ကို မယူခဲ့တာလဲ၊ သမီး လေ သူ့ သမီးဖြစ်ချင်လို က်တာ ”
“ ဟယ်၊မပြောကောင်းမဆိုကောင်းသမီး
“ မဟုတ်ပါဘူးအမေရယ် ၊ သမီးလေ သူ့ ကိုတွေ့ လိုက်တာနဲ့ အလိုလို ခင်မင်ရင်းနှီးသလို ခံစားမိလို့ ပါ။ အဖေ့ ကို စော်ကားချင်စိတ်နဲ့ပြောတာမဟုတ်
“ ဟယ် ၊ ဒီကောင်မလေး ၊ မကြီးမငယ်နဲ့ အမေကို လာနောက်နေတယ် ”
အမေ့ ကို စနောက်ပြီး ရယ်အောင်လုပ်လိုက်ရလို့  သဲညှာ ၀မ်းသာမိပါတယ်။ ဒီနေ့ အမေ့ မျက်နှာကြည့်ရတာလည်း စိတ်ကြည်လင်အေးချမ်းနေ သလိုပါပဲ။ညီမလေးလို ကြင်ကြင်နာနာနဲ့ ကူညီဖေးမပေးတဲ့ ကိုကိုကြီးနဲ့ ပြန်ဆုံရတာ အမေ၀မ်းသာနေလား ၊ ဒါမှမဟုတ် လွဲခဲ့ရတဲ့  ကံကြမ္မာကို ၀မ်းနည်းနေမလား.. သဲညှာမသိပါဘူး။
နောက်ရက်တွေမှာ အမေ ဆိုင်ကိစ္စတွေ ကြောင့်မလာနိုင်ဘဲ သဲညှာ လာတဲ့အခါ အဖေ့ ဆီကအပြန် ကိုကိုကြီး နဲ့ဆုံလို့  သူ့ အမျိုးသမီး အခန်းကို ၀င်ကြည့်ပါတယ်။မိန်းမရောဂါ သားအိမ်မှာ အလုံးတည်လို့ လာခွဲတာမို့ စိုးရိမ်စရာမရှိပေမယ့်  ကိုကိုကြီးကတော့ဂရုတစိုက်နဲ့ မိန်းမကိုရေကအစ ငှဲ့ တိုက်နေတာမြင်ရတော့ ဘာမဆိုင်ဘာမဆိုင် အမေ့ ကို သနားစိတ်နဲ့ သဲညှာရင်ထဲကျဉ်နေအောင် ခံစားရပါတယ်။
အမေ ရမယ့် အကြင်နာ မေတ္တာတွေ တခြားတစ်ယောက်က ရနေပြီ ၊ အမေသာ ကိုကိုကြီးကို ယူခဲ့ရင် သူ့ အမျိုးသမီးထက်တောင် ဂရုစိုက်ခံရမှာလို့ တွေးနေမိပါတယ်။အဖေ ဆေး၇ုံကပြန်ဆင်းပြီးတော့ ဘာမှမလုပ်နိုင်သေးလို့  နားနေရတော့လည်း အမေက သေချာ ဂရုတစိုက်ပြုစုပါတယ်။
သဲညှာလည်း သာမန်အရောင်းစာရေးဘ၀ကလွတ်အောင် စာရင်းကိုင်သင်တန်းတက်ဖို့  ကိုကိုကြီးဆီ ဖုန်းဆက်ပြီးစုံစမ်းတော့ အစစအရာရာ ညွှန်ကြားပေးပါတယ်။သဲညှာကသင်တန်း
“ မြင့် မြင့် က ဦး နှမလေးဆိုတော့ သဲညှာက ဦးတူမလေးပါ ၊ ဘာမှအားမနာနဲ့သမီးရှင်းရှင်ြးေ
“ ဟုတ်ကဲ့ ပါ ဦး ”
ပြောရင်း ဘယ်က ဘယ်လိုဆို့ နင့် လာမှန်းမသိဘဲ သဲညှာ မျက်ရည်တွေ ကျလာပါတယ်။
“ အော် - ဘာလို့ ငိုရတာလဲသမီးရယ် ၊ မငို ပါနဲ့ ။ ခု သမီးရုန်းကန်ကြိုးစားနေရတာတွေဟာ တချိန်မှာ အောင်မြင်လာဖို့ ပါ။ ဦးလည်းတချိန်က ဒီလို ပဲ လောကဓံကိုဖြတ်သန်းလာရတာပါ။ဘာမှ
ခေါင်းလေးကိုပုတ်ပြီး သဲညှာကို အားပေးနေတဲ့ အမေ့ အချစ်ဦးကို ကျေးဇူးတင်စွာနဲ့ မျက်ရည်တွေကြားက သဲညှာပြုံးပြလိုက်ပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxx
( ၅ )
ဒီလိုနဲ့ပဲ သဲညှာ
လည်းစာရင်းကိုင်အလုပ်တစ်ခုရပြီး မိသားစုကို အရင်ထက်ပိုထောက်ပံ
့လာနိုင်ပါတယ်။ အဖေကတော့ကျန်းမာရေး လည်း အရင်လို ပြန်မကောင်းတောလို့ 
အိမ်မှာပဲနားနေရပြီး အမေ ဈေးဆက်ရောင်းပါတယ်။သဲညှာ နဲ့ ချစ်တဲ့ ကို လည်း
ကိုယ့်မိသားစု ကိစ္စနဲ့ကိုယ်ရှုပ်နေကြပြီး အရင်လို အမြဲလည်းမတွေ
့နိုင်ကြတော့ပါဘူး။ဒါပေမယ့်  ကို က သဲညှာ နဲ့ နီးဖို့  ကြိုးစားနေပါတယ်တဲ့  ၊ ခု မာစတာပြီးသွားလို့  သီးဆစ်တင်နေတုန်းမှာ အင်္ဂလိပ်စာသင်တဲ့ ဝိုင်းတွေ ထပ်တိုးထားပါတယ်တဲ့ ။ဒါပေမယ့်  တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်းနောက်လိုက်နေရတဲ့  ကို့ မိသားစု မှာ အပိုငွေ စုဖို့ ဆိုတာ သိပ်မဖြစ်နိုင်တာ သဲညှာသိနေပါတယ်။ သူများချစ်သူတွေ လျှောက်လည်ကြတာ၊ ၀ယ်ကြခြမ်းကြတာ မြင်ရရင် သဲညှာ ရင်ထဲ သိမ်ငယ်စိတ်ဖြစ်မိပြီးဘာကို အလိုမကျမှန်းမသိဘဲစိတ်တိုမိပါ
အဲဒီအချိန်မှာပဲ သဲညှာတို့ အိမ် ကို အဖေ့ မိတ်ဆွေ ဦးမြင့် ဆွေ ဆိုသူက ချောင်းပေါက်အောင်လာနေပါတော့တယ်
အဖေ နဲ့တွဲလုပ်မယ့် သစ်ကိစ္စဆွေးနွေးတာအကြောင်းပြပြီ
“ ရှင်က ကိုယ့်သမီးပျိုလေး ရှိတာသတိရပါဦး ၊အလုပ်ကိစ္စပြောရင် အပြင်ထွက်ပြော ”
“ ဟ-ငါအပြင်ထွက်ပြောတော့ ပိုက်ဆံလည်းကုန်တယ်၊နောက်ပင်ပန်
“ ဒီယုံမြင်လို့ ဒီချုံ ထွင်တာပါရှင် ၊ သူလာရင် အမြဲသမီးလေးကို စကားမရှိစကားရှာလာလာပြောတာကျမမြ
“ မင်းကလည်း ၊အဖြစ်သည်းလိုက်တာ ၊သူ လည်းလူလွတ်ပဲ။ဖြစ်သွားတော့လည်း ဘာဖြစ်လဲ”
“ ဘာ-ရှင်ဘယ်လိုပြောလိုက်တာလဲ ၊ ကျမသမီးကို အဖေအရွယ်ကြီးနဲ့ ပေးစားမလို့ လား
သမီးမှာ ချစ်သူရှိတယ်၊သူ့ကောင်လေး နဲ့ ပဲကျမသမီးကိုပေးစားမှာ၊ရှင် မဟုတ်တာတွေ မလုပ်နဲနော့်”
“ မင်းကသာပြောနေတာ ၊ အဲဒီကောင်လေးက ခုထိ မင်းသမီး ကို ယူဖို့ ပြောသေးလို့လား
မင်းဘာမှ အဖြစ်သည်းမနေနဲ့  ၊ဟိုက တကယ်အတည်ဆို ငါပေးစားမှာ.. ”
အဖေကပြော ၊အမေကရန်တွေ့ နဲ့  သဲညှာကြောင့်  အိမ်မှာတပူပူတဆူဆူ ဖြစ်လာပြီး သဲညှာလည်း ခေါင်းရှုပ်လာပါတယ်။ အဖေက နောက်တော့ သဲညှာကို ဦးမြင့် ဆွေ နဲ့သဘောတူနေတာ ပေါ်တင်ဖွင့် ပြောပါတယ်။ ဦးမြင့် ဆွေ က သဲညှာကို ထိုက်ထိုက်တန်တန်တင်တောင်းမယ်လိ
အဖေပြောတာဦးမြင့် ဆွေက သဲညှာနဲ့ ရရင် အိမ်ငှားနေရတဲ့  အဖေ တို့ အတွက် တိုက်တစ်လုံး ၀ယ်ပေးမယ်တဲ့ ။ အဖေ့ကိုလည်း အဝေးပြေးကား တွေကိုယ်ပိုင်ဦးစီးခိုင်းမယ်တဲ့ ။အဖေကတော့ ဒီလို ပိုင်ဆိုင်ရမှာကို မက်မောနေပုံပေါ်ပါတယ်။သူဌေးသား
သဲညှာကတော့ အဖေ့ထက် အမေ့ အတွက်ကိုပိုစဉ်းစားနေမိတာပါ။ အဖေက နာတာရှည်လူမမာလိုဖြစ်နေပြီး အလုပ်ကြမ်းလဲလုပ်တော့မှာ မဟုတ်တော့ အမေပဲဆက်ပင်ပန်းဦးမှာ။ ကို ကလည်းသဲညှာ ကို ယူပြီးရင်တောင် သူ့အိမ်ကိုဆက်ထောက်ပံ့ နေရရင် သဲညှာ လည်းအမေ့ ကို ဒီလောက်ကြည့်နိုင်မယ်မထင်ဘူး။ အမေ့ ကို သဲညှာဈေးမရောင်းခိုင်းချင်တော့
“ဘာ - သဲညှာ ၊ညည်းရူးသွားပြီလား ၊ ဘာတွေပြောနေတာလဲ။တိတ်စမ်း ”
“ သဲညှာမရူးဘူးအမေ ၊ မရူးလို့ အမေ့ ကို ဒီဘ၀က လွတ်စေချင်လို့ ပါ ”
“တော်စမ်းသဲညှာ ၊ သမီးပေါက်ကရတွေလျှောက်မလုပ်နဲ့ ၊ သမီးကောင်လေးသိသွားရင် မကောင်းဘူး။သူ့မှာ သမီးအတွက် မျှော်လင့်ချက်တွေ နဲ့ ကြိုးစားနေတာ ”
“ သူကြိုစားတာသိပေမယ့် သဲညှာစိတ်မရှည်ချင်တော့ဘူး ၊ သဲညှာသိတာအမေ့ ကို ကောင်းကောင်းထားချင်တယ်။ခုလက်ရှ
“အမေ့ မှာသမီးအတွက်ဆို ခွန်အားတွေ ရှိပါသေးတယ်သမီးရယ် ၊ အဲလို စိတ်ထင်တိုင်းလျှောက်မလုပ်ပါနဲ့ ။အမေ့ အဖြစ်ကို သင်ခန်းစာယူပါ။ကိုယ်နဲ့နှစ်ရှည်
မိန်းမသားတွေအတွက်တစ်သက်လုံးလက်
ပါးစပ်ကသာ လျှောက်ပြောနေတာ တကယ်တမ်းကျ သမီးကောင်လေးကိုသမီး ပြတ်နိုင်တာမဟုတ်ပါဘူး။အမေသိပါ
အမေကသဲညှာစိတ်ကိုထိုးဖောက်သိေ
တကယ်လည်း စိတ်ရူးပေါက်တုန်း ပြောမိပေမယ့်  ချစ်သူလိုရောသူငယ်ချင်းလိုပါ ကောင်းတိုင်ပင် ၊ဆိုးတိုင်ပင် ချစ်လာတဲ့ ကို့ ကို ခွဲခွာသွားဖို့ ဆိုတာ သဲညှာနှလုံးသားကလုပ်ရက်မယ်မထင်
“ ငါ စကားလွန်ထားခဲ့ပြီမမြင့်  ၊ သဲညှာကို မောင်မြင့် ဆွေ နဲ့ စေ့စပ်ဖို့ စီစဉ်ရတော့မယ်”
“ကျမတို့ သားအမိကို မတိုင်ပင်ဘဲ ရှင် ဘာတွေလျှောက်လုပ်နေတာလဲ ၊ သမီးမှာချစ်သူရှိတယ်လေ ၊ ဘာလို့ တခြားသူ နဲ့ပေးစားရမှာလဲ၊ကျမသဘောမတူဘူး”
“မင်းခေါင်းမမာနဲ့ ၊ ငါတို့ ဆင်းရဲတွင်းကလွတ်ဖို့ ဒီတနည်းပဲရှိတယ် ၊နားလည်လား”
“ပြောရက်လိုက်တာ ၊ ကိုယ့်ဘာသာတော့မကြိုးစားခဲ့ဘဲ ခု သမီးကို စတေးတော့မှာလား”
“မင်းဘာပြောပြော ငါ ဒီနေ့  ပဲ ရပ်ကွက်လူကြီးတွေ နဲ့ သွားတိုင်ပင်မယ် ၊ဒါပဲ”
“ဘာ ၊ရှင်နော် ရှင် ..အဲလို မလုပ်နဲ့  ၊ကျမသမီးလေးကိုသူချစ်တဲ့ သူနဲ့ပဲပေးစားမယ်
ကျမသမီးလေး တစ်သက်လုံးစိတ်ဆင်းရဲ မှာ ကျမမကြည့်ရက်ဘူး”
“ မရဘူး ၊ ပြောပြီးပြီ ၊ငါသွားတော့မယ် ”
“ အို- ရှင် -ရှင် မသွားရဘူး၊ အား-အမလေး .. ”
xxxxxxxxxxxxxxxxxxxxxxxxxx
( ၆ )
အမေ ..
သမီး ဒီနေ့  သမီးရဲ့ ရင်သွေးလေး မွေးဖွားပါတယ်။မိန်းကလေးပါ။
အမေ့ အတွက်မြေးဦးလေးပေါ့ ။သမီးအိမ်ထောင်ကျကတည်းက ငါမြေးချီချင်လိုက်တာလို့ တဖွဖွပြောရင်း အမေ သမီးတို့ ကို ခွဲခွာသွားခဲ့တဲ့အထိ ဆုတောင်းမပြည့်သွားခဲ့ဘူးနော်။
အမေ ကလေ နှလုံးရောဂါကိုရင်းပြီးတောင် သမီးကို ချစ်တဲ့ သူနဲ့ရအောင် လုပ်ပေးခဲ့တာနော်..
အဖေက သမီးကို ဦးမြင့်ဆွေ နဲ့ အတင်းစေ့စပ်ပေးမယ်လုပ်တော့ အမေ Heart Attack ရလို့ ဆေးရုံတင်လိုက်ရပြီး ပျက်သွားတယ်နော်။ အဖေလည်း အမေ့ ကိုသနားသွားပြီး နောက်ပိုင်းစိတ်လျှော့လိုက်ပါ
သမီးမင်္ဂလာပွဲမှာ မြင်ရတဲ့ အမေ့ အပြုံးက သိပ်တောက်ပတာပဲနော်။ငါ့သမီးလေး ကို အမေ စိတ်ချသွားပြီလို့ ပြောရင်းမျက်ရည်ဝဲနေတဲ့  အမေ့ကိုကြည့်ပြီး သတို့ သမီးဝတ်စုံကြီးနဲ့  သမီးငိုလို့ အမေ သမီးကိုဆူရသေးတယ်လေ။
သုံးနှစ်ကျော်ကြာခဲ့ပေမယ့် အရာရာဟာ မနေ့တနေ့ ကလို သမီးစိတ်ထဲမှာ မြင်ယောင်နေဆဲပါအမေ။အမေတို့ နဲပဲအတူနေရင်း သမီးတို့ အိမ်ထောင်ဦး ရုန်းကန်ရချိန်မှာ ဈေးဆက်ရောင်းရင်းအင်အားဖြည့်ေ
အမေရုတ်တရက်မူးလဲပြီးဆုံးသွားတဲ့ နေ့က သမီးလေ မယုံနိုင်ဘဲ အရူးတစ်ယောက်လို အော်ဟစ်နေမိပါတယ်။ သင်္ခါရသဘောတရားကို ဘယ်လောက်သိသိ အမေ့ ကို အစောကြီးခေါ်သွားတဲ့ သေမင်းကိုမကျေနပ်ဘူး။ အဖေလည်း အမေ ဆုံးတုန်းက အစားထိုးလို့မရတဲ့ အရာတစ်ခု ဆုံးရှုံးသွားလို့ ရှိုက်ကြီးတငင် ငိုခဲ့ပါတယ်။
သမီးကတော့ အမေ့ အတွက်သောကရောက်နေတဲ့ ကြားက ဖုန်းနံပါတ်တစ်ခု ကို ရအောင်ရှာပြီး ဆက်ခဲ့ပါတယ်။ အမေ့ အသုဘ ချတဲ့ ရက်က ရေဝေးရောက်တဲ့ အထိ သမီးနောက်ကြောင်းမအေးဘဲ ငိုတောင်မငိုနိုင်တော့ဘဲလူတစ်ေ
“ မြင့် မြင့်ရေ ၊ သွားပေဦးတော့ ငါ့နှမရေ.. ”
ငိုသံပါကြီးနဲ့ ပြောရင်းအမေ့ ရင်ဘတ်ပေါ် နှင်းဆီပန်းလေး တင်ပေးလိုက်တဲ့  ၊ အမေရက်ရက်စက်စက် သစ်စိမ်းချိုးချိုးပြီးပစ်ထားခဲ
ချစ်ခြင်းမေတ္တာကိုသစ္စာဖောက်ပြီး အိမ်ထောင်ဖက် ရွေးချယ်မှုမှားခဲ့လို့ စိတ်ဆင်းရဲကိုယ်ဆင်းရဲ နဲ့ ဘ၀ ကိုရှင်သန်သွားရပေမယ့် သမီးကို တော့ အမေက လမ်းမှန်ရောက်အောင် တည့်မတ်ပေးနိုင်ခဲ့ပါတယ်။
ခု သမီးတို့ လင်မယားနှစ်ယောက်တက်ညီလက်ညီကြိ
ကိုကအင်္ဂလိပ်စာကျောင်းလေးထောင်ထာ
သမီးလေးကလေ ကိုကိုကြီးနဲ့ တူနေသလိုပဲအမေရယ်
သမီးလေးက လေ အမေ့ အချစ်ဦးနဲ့ တူနေတယ်အမေရဲ့ 
အမေသာရှိရင်သမီးဒီလိုပြောလို့ အရူးမလေးဆိုပြီး ထိပ်ကိုထုမှာပဲနော်..
တွေးရင်းသမီးမျက်ရည်တစ်ပေါက်သမီ
အို … သမီးငိုလို့ မဖြစ်ဘူးနော်၊ ခု သမီးက မိခင်နေရာရောက်နေပြီလေ..
အမေ့ တုန်းက သောကတွေ ပူပင်ဆင်းရဲတွေကြားထဲက သမီးကို ချစ်ခင်ဦးစားပေးခဲ့ ပြီးဘ၀နဲ့ ရင်ပြီးရတဲ့ သင်ခန်းစာနဲ့ အတူ ရွေးချယ်မှု မမှားအောင် သွန်သင်ဆုံးမပေးခဲ့တယ်။
ခု သမီးအလှည့်မှာလည်း သမီးရဲ့ သမီးလေးကို အမေ့ လို ပဲ အနစ်နာခံပြီးမြေတောင်မြှောက်ပေး
ဒါဆို အမေ ၀မ်းသာမယ် မဟုတ်လားဟင်..
သမီးကို ကျေနပ်မယ် မဟုတ်လားဟင် ..
ဒီနေ့ ကစပြီး အမေ့ နေရာကိုသမီး ရဲရဲကြီးနေရာယူလိုက်ပါပြီအမေရယ်
( မိန်းမသားတိုင်း သစ္စာရှိပြီးရွေးချယ်မှု မှန်ကန်နိုင်ကြပါစေ )
ကြာဖြူနွယ်
No comments:
Post a Comment