by James Mint on Wednesday, December 12, 2012 at 5:59am

အသိတစ်ယောက်က နိုင်ငံခြားမှာထွက်ပီး အိုင်တီနဲ့ အလုပ်လုပ်ချင်တယ် ဒါမှမဟုတ်
ပြည်တွင်းမှာလဲ အဆင့်မှီမှီ လစာကောင်းကောင်းလေးနဲ့ အိုင်တီ
အလုပ်လုပ်ချင်တယ် ဘာတွေ သိသင့်လဲ မေးလာတော့ ပြောပြရမှာက များတာရယ်
တစ်ခြားသူတွေလည်း သိသင့်တယ် ထင်တာကြောင့် နုတ်စ်ထုတ်လိုက်တာ….
ကျွန်တော်လက်ရှိ
လုပ်နေတာက Systems Engineer အနေနဲ့ ဖြစ်ပီး Microsoft ကို အထူးပြု
လုပ်တာဖြစ်တဲ့အတွက် အဲ့ဒါကို ဦးစားပေး ရေးသွားမှာပါ….
အခုလက်ရှိမှာ မြန်မာပြည်က လူငယ်တွေ အများစုကလည်း ရေလိုက်လွဲနေကြတာ
တွေ့ရတယ်…. Microsoft ရဲ့ Windows တွေထဲမှာ Client Version ဖြစ်တဲ့ Windows
XP, Vista, 7, 8 အစရှိတာတွေကို တင်တတ်တယ်၊ ပြင်တတ်တယ်၊ Tweak လုပ်တတ်တယ်၊
Software တွေ Crack လုပ်တတ်တယ် ဆိုတာနဲ့ပဲ ကိုယ့်ကိုကိုယ်
တော်တော်လေးတတ်နေပီလို့ အထင်ရောက်နေကြတာ များပါတယ်…. ရှေ့ဆက်
လေ့လာမှုပိုင်းမှာ အားနည်းလာကြတာကို တွေ့ရပါတယ်…. ဒီနေရာမှာ
တစ်ခုပြောချင်တာက Software တွေကို Crack လုပ်တာ Patch လုပ်တာ ခက်ခဲတဲ့
ပညာရပ်တစ်ခု မဟုတ်သလို၊ နိုင်ငံတကာ ကုမ္ပဏီတွေ ၀င်ရောက်လာချိန်မှာ
နိုင်ငံတကာရဲ့ မူပိုင်ခွင့်တွေ သက်ဝင်လာမှာ ဖြစ်တဲ့အတွက် တရားမ၀င်တဲ့
အလုပ်တွေ ဖြစ်ပါတယ်… တရားဥပဒေနဲ့ ငြိစွန်းတဲ့အတွက် ထောင်ဒဏ်
နှစ်ပေါင်းများစွာ ကျနိုင်တဲ့အထိ ပြင်းထန်တာကို သတိပြုဖို့ လိုအပ်ပါတယ်….
လက်ရှိ တစ်ကမ္ဘာလုံးမှာ အသုံးများဆုံး Office Server တွေမှာ သုံးတဲ့
Operating System ကိုကြည့်မယ်ဆိုရင် Microsoft Windows Server Operating
System တွေကို အလဲထိုးနိုင်တာ မပေါ်သေးပါဘူး…. ဒီအတွက် Microsoft Windows
Server Version တွေကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် ရှိဖို့
လိုအပ်ပါတယ်….

အထူးသဖြင့် Active Director ပိုင်းမှာ Domain Infrastructure တွေနဲ့
ပါတ်သက်လို့ ကျေညက်အောင် လေ့လာဖို့ လိုအပ်ပါတယ်…. AD နဲ့ ဆက်နွယ်နေတဲ့ DNS
Server လို့ ခေါ်တဲ့ Domain Naming Server ကိုလည်း ကျွမ်းကျွမ်းကျင်ကျင်
သိနေဖို့ လိုပါတယ်…. ကုမ္ပဏီ တစ်ခုမှာ ကွန်ပျူတာတွေ အရမ်းများလာတဲ့အခါမှာ
ထိမ်းသိမ်းရ လွယ်ကူစေရန် IP Address တွေကို တစ်လုံးကို တစ်ခု အသေ (Static)
လိုက်မထည့်တော့ပဲ DHCP လို့ခေါ်တဲ့ Dynamic နဲ့ Auto Assign လုပ်တာကို
အသုံးများကြပါတယ်…. ဒီအတွက်လည်း DHCP နဲ့ ပါတ်သက်လို့ ကျေညက်အောင်
သိရှိထားသင့်ပါတယ်…. အထူးသဖြင့် Microsoft Windows မှာ ပါဝင်လာတဲ့ Features
တွေဖြစ်တဲ့ IIS, SMTP, HyperV, DFS, RRAS, NAT, Print Server Function
အစရှိတာတွေကို ပိုင်နိုင်စွာ အသုံးချနိုင်ဖို့ လေ့လာထားသင့်ပါတယ်….
ဒါဟာ Operating System ပိုင်းနဲ့ပါတ်သက်လို့ အခြေခံသဘောအားဖြင့်
သိရှိထားသင့်တာ ဖြစ်ပါတယ်…. အများစုဟာ လူအသုံးပြုရ လွယ်ကူတဲ့ Graphical
User Interface နဲ့ဖြစ်ကြပေမယ့် တကယ့်လုပ်ငန်းခွင်မှာတော့ လျင်လျင်မြန်မြန်
လုပ်နိုင်တဲ့ Command Line တွေကိုလည်း သိရှိထားသင့်ဖို့ လိုပါတယ်….
ဒီနေ့မှာ CLI တွေအတွက် /? သို့မဟုတ်၊ /help ဆိုတာကို ရိုက်လိုက်ရင်
တွဲဖက်သုံးရမှာတွေကို ကြည့်လို့ရသလို အင်တာနက်မှာလည်း တက်ပီး
ရှာဖွေလေ့လာလို့ ရပါတယ်…. Linux နဲ့ Unix ပိုင်းကို
စိတ်ဝင်စားသူများအနေနဲ့လည်း ကိုယ်သန်တဲ့အပိုင်းကို ကျွမ်းကျင်ဖို့
လိုအပ်ပါတယ်…. ဘယ်ပညာရပ်မဆို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားရင်
အလုပ်မရှားပါဘူး…..
Operating System ပိုင်းကို ကျွမ်းကျင်စွာ သုံးတတ်ပီဆိုရုံနဲ့
အလုပ်ရှာရလွယ်မယ်လို့ ယူဆလို့ မရပါဘူး…. Application Server နဲ့ပါတ်သက်တဲ့
တစ်ခုခုကိုလည်း ကျွမ်းကျင်မှုရှိဖို့ လိုအပ်ပြန်ပါတယ်…. Application Server
တွေကို လေ့လာမယ်ဆိုရင် Web Server, Email Server, RDS Server (aka Terminal
Server), Database Server, Communication, Collaboration, Firewall
အစရှိသဖြင့် အများကြီး ရှိပါတယ်…. Web Server အနေနဲ့ကတော့ လက်ရှိ
အသုံးများကြတာ Microsoft Windows မှာ တွဲဖက်ပါဝင်တဲ့ IIS ဖြစ်ပါတယ်….
Linux, Unix နဲ့ တွဲသုံးတဲ့ Apache လည်းသုံးကြပါတယ်…. RDS နဲ့ ပါတ်သက်လို့
Microsoft Windows မှာ ပါဝင်တဲ့ RDS ကိုပဲ သုံးကြပါတယ်……
Email Server အနေနဲ့က တစ်ကမ္ဘာလုံး အသုံးများတာကတော့ Microsoft Exchange
Server ပဲ ဖြစ်ပါတယ်…. သူ့ရဲ့ အားသာမှု Features များ၊ Fault Tolerance
ကောင်းမွန်မှု အများအပြားကြောင့် ကျန်တဲ့ Email Server တွေထက်
နာမည်ကျော်တာလည်း ဖြစ်ပါတယ်….. Exchange Server ကို ပိုင်နိုင်ဖို့အတွက်
Microsoft Active Directory ကို ကျွမ်းကျင်မှု ရှိဖို့လိုပါတယ်…..
ဆာဗာပိုင်းကို ဇောက်ချလေ့လာမယ့် လူငယ်များကို Exchange Server ကိုလည်း
လေ့လာစေချင်ပါတယ်…. နိုင်ငံတကာ အဖွဲ့အစည်း အများစုဟာ Exchange Server ကို
သုံးတဲ့အတွက် ဖြစ်ပါတယ်….
Exchange Server ကို ပိုင်နိုင်သွားရင် သူနဲ့ တွဲသုံးရတဲ့ Microsoft Lync
ဆိုတဲ့ Chat, Voice, Video Conferencing & Communication အတွက် သုံးတဲ့
ဆာဗာ ရှိပါတယ်… လက်ရှိ အချိန်မှာ လူသုံးနည်းပေမယ့် တွင်ကျယ်စွာ
အသုံးပြုလာနိုင်ချေ ရှိတယ်လို့ ဆိုနိုင်ပါတယ်…. ထို့အတူ လုပ်ငန်းအတူတူ
လုပ်ဆောင်ရာမှာ ပူးပေါင်းလုပ်ဆောင်ခြင်းကို အထောက်အကူဖြစ်စေဖို့ Data
Collaboration ကောင်းစွာ လုပ်ဆောင်နိုင်တဲ့ Portal များစွာ ဖန်တီးနိုင်တဲ့
Microsoft Sharepoint ကိုလည်း လေ့လာထားဖို့ လိုအပ်ပါတယ်….. Application
Firewall အနေနဲ့ကတော့ Microsoft TMG (aka ISA) ရှိပါတယ်….
လူကြိုက်နည်းလှတယ် ဆိုရမယ်…. အခြားသော Checkpoint Firewall Application
တွေရှိပေမယ့် Hardware Firewall ကို လူကြိုက်များလှပါတယ်….
Database Server အနေနဲ့ကတော့ Microsoft SQL Server, My SQL Server, Oracle
SQL Server အစရှိသဖြင့် နာမည်ကျော် SQL ဆာဗာတွေ ရှိပါတယ်….. Database
Administrator, Database Architecture တွေဟာလည်း ၀င်ငွေ
ကောင်းလွန်းလှပါတယ်…. Database Designing နဲ့ ပါတ်သက်လို့လည်း
လေ့လာထားသင့်ပါတယ်…. ဒါတွေဟာ Operating System ပြီးရင် နောက်က လိုက်နေတဲ့
Application Server များပဲ ဖြစ်ပါတယ်…. ထိုအထဲမှာ Application
Virtualization အနေနဲ့ အခုလက်ရှိ ကမ္ဘာမှာ နေရာယူထားတာကတော့ Citrix ရဲ့ Xen
APP ပဲ ဖြစ်ပါတယ်….
XenAPP ရဲ့ အလုပ်လုပ်ပုံဟာ Application တစ်ခုကို လူများစွာ သုံးနိုင်ရန်
မျှဝေ သုံးစွဲစေခြင်း ဖြစ်ပါတယ်…. ဥပမာအားဖြင့် Microsoft Word သုံးရန်
ကွန်ပျူတာတိုင်းမှာ Microsoft Word ရှိရန်မလိုအပ်ပဲ XenAPP ဆာဗာကို
ချိတ်ဆက်ခြင်းဖြင့် Microsoft Word ကို ကွန်ပျူတာတိုင်းမှာ
သုံးနိုင်ပါတယ်…. ကွန်ပျူတာသာမက Handphone, Tablet အစရှိတာတွေမှာလည်း
အသုံးပြုနိုင်သလို Operating System Platform လည်းမရွေးပါဘူး…. ဘာကြောင့်
Citrix ရဲ့ XenAPP ကို အသုံများသလဲဆိုရင် လက်ရှိ ကမ္ဘာမှာ ဆော့ဝဲတွေကို
ကွန်ပျူတာ အလုံးစေ့အတွက် ၀ယ်မသုံးနိုင်ပါဘူး….. ဥပမာအားဖြင့် Microsoft
Dynamic GP ကိုအသုံးပြုရန် ကွန်ပျူတာ တစ်လုံးအတွက် အနည်းဆုံး ဒေါ်လာ ၄၀၀၀
နဲ့အထက်မှာ ရှိပါတယ်… ဒါကြောင့် အသုံးပြုမယ့် Application ကို Citrix ရဲ့
XenAPP ဆာဗာမှာ တင်ထားပြီး Publish လုပ်ခြင်းဖြင့် ဒေါ်လာ ၄၀၀၀ တန်ဆော့ဝဲကို
လူ ၁၀ ယောက်က တစ်ချိန်တည်းမှာ မျှဝေသုံးစွဲလို့ ရပါတယ်….. တရားဝင်ပါတယ်….
ဒါကြောင့်လည်း နောက်ပိုင်းမှာ Software Licensing နဲ့ပါတ်သက်လို့ Per
Device အစား Per User နဲ့ ပြောင်းလဲ ကောက်ခံလာကြတာ ဖြစ်ပါတယ်….
ဒိနောက်မှာတော့ Server Virtualization ကို ဆက်လေ့လာဖို့ လိုပါတယ်…..
အခုလက်ရှိ ခေတ်စားနေတဲ့ Cloud Computing ဆိုတာ Virtualization ပဲ
ဖြစ်ပါတယ်… ဒီနေ့ လူသုံးများတဲ့ Server Hypervisor တွေကတော့ Microsoft
HyperV, VMWare ESXi နဲ့ Citrix ရဲ့ XenServer တို့ပဲ ဖြစ်ပါတယ်….
အသေးစိပ်ကို အောက်က လင့်တွေမှာ လေ့လာနိုင်ပါတယ်…. Operating System ပိုင်း
Application Server ပိုင်းကျွမ်းကျင်ရုံနဲ့ မရသေးပါဘူး…. အဆိုပါ Operating
System များနဲ့ တွက်ဖက်အလုပ်လုပ်မယ့် Server တွေရဲ့ Hardware ပိုင်းကိုလည်း
နားလည်ဖို့ လိုပါတယ်…..
Harddisk Configuration တွေဖြစ်တဲ့ RAID 1, RAID 0, RAID 5, RAID 1 0, RAID
0 1, RAID 5 0 အစရှိတာတွေလည်း လေ့လာရမှာ ဖြစ်ပါတယ်…. အဆိုပါ RAID System
များဟာ Fault Tolerance အတွက် သုံးတယ်ဆိုရင်လည်း မမှားပါဘူး……. Server
Hardware များသာမက NAS များ အလုပ်လုပ်ပုံ NAS များနဲ့ ဆာဗာများ
ချိတ်ဆက်ရာမှာ သုံးတဲ့ iSCSI, Fiber Chanel အစရှိတာတွေလည်း အနည်းဆုံး တီးမိ
ခေါက်မိတဲ့အဆင့်ထက်တော့ ပိုနေဖို့လိုပါသေးတယ်…. NAS တွေများစွ
ကျွမ်းကျင်ပိုင်နိုင်စွာ ဒီဇိုင်းပြုလုပ်နိုင်တဲ့ Manage လုပ်နိုင်တဲ့
Storage Administrator များဟာလည်း ကျွမ်းကျင်မှုပေါ် မူတည်ပြီး
လစာကောင်းမွန်ပါတယ်….

ဒါတွေပီးရင် အဓိက အရေးကြီးတဲ့ အပိုင်းကျန်ပါသေးတယ်… အဲ့ဒါကတော့ Data BackUp
ပဲ ဖြစ်ပါတယ်… လုပ်ငန်းကြီးလာတာနဲ့အမျှ Data တွေရဲ့ အရေးပါမှုကိုလည်း
မေ့ထားလို့ မရပြန်ပါဘူး…. နာရီပိုင်း ဒေတာ ဆုံးရှုံးမှု၊ သေးငယ်သော File
လေးတစ်ခု ဆုံးရှုံးမှုဟာ ဒေါ်လာသန်းချီတဲ့ ဆုံးရှုမှုအထိ ဖြစ်သွားနိုင်ပါတယ်….
ဒါ့ကြောင့် Data Backup ကို ကုမ္ပဏီအများစုဟာ အထူးဂရုပြု လုပ်လာကြတာ
ဖြစ်ပါတယ်…. အများအားဖြင့် Tape Backup ကို သုံးကြပါတယ်…. Data Backup
ဆိုတဲ့နေရာမှာ ပျက်သွားရင် ပြန်လည် Restore ပြုလုပ်နိုင်ရန်၊
ပြုလုပ်တတ်ရန်လည်း လိုပါတယ်…. သို့မှာသာ Disaster Recovery ကို
ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်မှာပါ….. Backup Software အနေနဲ့
အသုံးများကြတာကတော့ Mid Size တွေမှာ Symantec Backup Exec, CA ARCServe,
Veeam တို့ဖြစ်ပီး Enterprise လယ်ဗယ်မှာတော့ Symantec ရဲ့ NetBackup တို့ပဲ
ဖြစ်ပါတယ်….
အချို့ကတော့ နက်ဝါ့ကင်း ပိုင်းကို အားသန်ပြီး CCNA (Cisco Certified
Network Associate) Certificate ရထားရင် အလုပ်မရှားဘူး၊ လစာကောင်းတယ်ဆိုပီး
CCNA ကို မေးခွန်းတွေ ကြည့်ပီး တစ်ပွဲတိုး စာမေးပွဲ အောင်ရုံ အလွတ်ကျက်
ဖြေကြပါတယ်…. ဥာဏ်ကောင်းတဲ့ လူတွေအတွက် ကျောင်းစာသင်သလို စာကျက်ပီး
ဖြေလိုက်ကြတော့ အောင်တော့သွားပါရဲ့ လက်တွေ့ မလုပ်တတ်ကြတာ များပါတယ်….
ကျွန်တော် အားမပေးပါဘူး…. ဘယ်ပညာရပ်မဆို လက်တွေ့ တတ်မြောက်မှ
လုပ်ငန်းခွင်မှာ တကယ်အခက်အခဲ တွေ့ရချိန်မှာ လုပ်နိုင်ကိုင်နိုင်မှာ
ဖြစ်ပါတယ်…. ကျွန်တော့်အသိ နိုင်ငံခြားသား တစ်ယောက်ပါ၊ အရင်က
ဟော်တယ်လုပ်ငန်းမှာ လုပ်ပါတယ်….
လစာကောင်းလို့ Cisco ကို CCNP အထိ ဖြေပြီး Networking မှာ
အလုပ်လုပ်ပါတယ်….. တကယ် လုပ်ရချိန်မှာ Experiences မရှိတဲ့အတွက်ကြောင့်
အခက်အခဲများစွာ ရင်ဆိုင်သွားရပီး နောက်ဆုံး ဖိအားများတဲ့ ကွန်ပျူတာ လောက မှ
နှုတ်ထွက်သွားပါတယ်…. Cisco ပိုင်းကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ဖို့
လုပ်သလိုပဲ အခြားသော Networking Devices များဖြစ်တဲ့ HP, Fortigate,
SonicWall, Checkpoint, F1 အစရှိတဲ့ Networking ပိုင်းက ပစ္စည်းတွေများစွာ
ရှိနေသေးတာကိုလည်း သတိပြုမိဖို့ လိုပါတယ်….
နည်းပညာဆိုတာ တန့်မနေပါဘူး အမြဲ တိုးတက်နေပါတယ်…. သူ့ရဲ့ Concept နဲ့
အခြေခံ သဘောတရားတွေကို နားလည်နေမှ အသစ်အသစ်တွေကို လွယ်ကူစွာ Pickup
လုပ်နိုင်မှာ ဖြစ်ပါတယ်…. အဲ့ဒိအတွက် အလွတ်ကျက်ခြင်းမျိုးကို ကျွန်တော်
အားပေးလေ့ မရှိပါဘူး…. သေသေခြာခြာ နားလည်တဲ့အထိ လေ့လာစေချင်ပါတယ်….
စာကျက်သလို အော်ကျက်နေခြင်းမျိုးဟာ ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကြောင်း
ပြုလုပ်မယ့်သူအတွက် ကြီးစွာသော မှားယွင်းမှု ဖြစ်ပါတယ်…..
ဒီနေရာမှာ Certificate ဆိုတာ ဒီပညာရပ်ကို၊ ဒီဟာနဲ့ ပါတ်သက်တဲ့
သီအိုရီတွေကို ကျွမ်းကျင်ကြောင်း သက်သေခံ လက်မှတ်ဖြစ်ပီး၊ ဒါနဲ့ ဆက်နွယ်တဲ့
Experiences ဆိုတာကတော့ ဒီပညာရပ်၊ ဒီသီအိုရီတွေကို လက်တွေ့အသုံးချထားတဲ့
လုပ်ငန်းအတွေ့အကြုံတွေပဲ ဖြစ်ပါတယ်…. Certificate ရှိပီး Experience
မရှိရင်လည်း အဆင်မပြေသလို Experience ရှိပီး Certificate မရှိတဲ့အခါမှာ
အလုပ်အကူးအပြောင်းမှာ ကိုယ့်ရဲ့ အရည်အချင်းကို မှတ်ကျောက်တင်ခံဖို့ အခက်အခဲ
ရှိနေမှာ ဖြစ်ပါတယ်….
တစ်ချို့တွေ အငြင်းပွားနေတဲ့ လက်တွေ့နဲ့ သီအိုရီ ဘယ်ဟာ အရေးကြီးလည်း
ဆိုတာနဲ့ ပါတ်သက်လို့ လက်တွေ့လည်း ရှိဖို့လိုသလို သီအိုရီလည်း
ပိုင်နိုင်ဖို့ လိုပါတယ်….. လက်တွေ့သာရှိပီး သီအိုရိ မရှိသူဟာ ကန္တာရ
ခရီးကြမ်းကို မြေပုံမရှိပဲ အရဲကိုး ဖြတ်သလိုပါပဲ…. သီအိုရီသာ ရှိပိး
လက်တွေ့ မရှိသူဟာ ကန္တာရ ခရီးကြမ်းကို ဖြတ်သန်းဖို့ မြေပုံရှိပေမယ့်
မထင်မှတ်ပဲ ဖြစ်လာမယ့် ကိစ္စတွေအတွက် ဖြေရှင်းဖို့ ဘ၀ပေးပညာက
အဆင်သင့်ရှိမနေတာမျိုး ဖြစ်နေမှာပါ….. လက်တွေ့နဲ့ သီအိုရီ ထပ်တူကျပါမှ
အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်မယ်ဆိုတာ မမေ့စေချင်ပါဘူး….
ဘယ်အရာမဆို ဘယ်သူမပြု မိမိမှုပဲ ဖြစ်ပါတယ်…. အဆိုပါ ပညာရပ်တွေကို
တတ်ကျွမ်းဖို့အတွက် မိမိကိုယ်တိုင်က ကြိုးစားချင်စိတ် ရှိဖို့ လိုပါတယ်….
အလုပ်အကိုင်ကောင်း မရှိလို့ မကြိုးစားဘူးလို့ပြေတဲ့ ဆင်ခြေတွေဟာ
အလုပ်အကိုင်ကောင်းတွေ ရှိနေချိန်မှာ ဘာမှ အထောက်အကူ မဖြစ်ပါဘူး…
အချိန်ရှိခိုက် လုံ့လမစိုက်မိတဲ့ ကိုယ့်အပြစ်ကို ကိုယ်ခံရမှာ ဖြစ်ပါတယ်…..
ပညာရေး နည်းစနစ်ကို အပြစ်တင်နေမယ့်အစား ကိုယ်တိုင်က ကြိုးစားသွားရင်
ကိုယ်ထိုင်ရမယ့် ထိုင်ခုံကို ကိုယ့်ဟာကို တည်ဆောက်ယူသွားနိုင်မှာ
ဖြစ်ပါတယ်…

မကြာမှီပွင့်လင်းတဲ့ စီးပွားရေး စနစ်တွေကို ရောက်ရှိလာချိန်မှာ
ပေါများလာမယ့် အလုပ်အကိုင် အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်နိုင်ဖို့
အခုကတည်းက ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်…. ပြိုင်ဆိုင်မှု ပြင်းထန်တဲ့
ကမ္ဘာကြီးမှာ ကိုယ်က နောက်ကျ ကျန်နေလို့ မဖြစ်ပါဘူး.... ယခုလက်ရှိ
နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ ကိုယ့်နိုင်ငံသား မြန်မာလူမျိုး
ကျွမ်းကျင် ပညာရှင်တွေဟာ အခြေအနေကောင်းရင် အမိနိုင်ငံကို ပြန်လာကြမယ့်
လူတွေများပါတယ်…. အဲ့ဒိအချိန်မှာ ကိုယ်ဟာ အဆင့်သင့်ဖြစ်မနေရင်
လစာခြင်းယှဉ်ချိန်မှာ သူများထက် နိမ့်ကျနေမှာကို ကြိုတွေးပီး ပြင်ဆင်ဖို့
လိုပါတယ်….. အပေါ်က ရေးသွားတဲ့ စာတွေနဲ့ ယှဉ်တွဲဖတ်ဖို့ ကျွန်တော်အရင်က
ရေးခဲ့တဲ့ စာလေးတွေလည်း ဒီစာအဆုံးမှာ References အနေနဲ့ ထည့်ထားပေးပါတယ်….
အပေါ်မှာ ရေးထားတာတွေကို ဖတ်ကြည့်ပီး အားလုံးတတ်မှ ဖြစ်မှာလားဆိုပီး
စိတ်ဓါတ်ကျဖို့ မလိုပါဘူး…… ကျွန်တော်ကိုယ်တိုင်လည်း အားလုံးကို
မတတ်ပါဘူး.......

အဓိကက ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကြောင်းဖို့ လုပ်နေတဲ့ လူငယ်တွေ ဘယ်လမ်းကို
ရွေးရမလဲ ရွေးချယ်ရခက်နေချိန်မှာ သိသင့်တာလေးတွေကို တတ်နိုင်တဲ့ဘက်က
ဖြည့်စွမ်းပေးဖို့ ရည်ရွယ်ပါတယ်…. ကိုယ်အောင်မြင်ဖို့ ဘ၀လမ်းကြောင်းကို
ကိုယ့်ဟာကိုယ် တက်နိုင်အောင် ကြိုးစားဖို့ အသိအမြင်တွေ ရရှိစေဖို့
ဖြစ်ပါတယ်....အထူးသဖြင့် ဒီနေ့လို ထူးခြားတဲ့ ၁၂ ရက်၊ ၁၂ လ၊ ၁၂ ခုနှစ်မှာ
ဘ၀လမ်းကို သေသေခြာခြာ လျှောက်လှမ်းခြင်တဲ့ လူငယ်တွေထဲက အနည်းဆုံး
တစ်ယောက်လောက်အတွက် ဒီစာဟာ လမ်းကြောင်းတစ်ခုကို ချပေးနိုင်တယ်ဆိုရင်
ကျွန်တော်ရေးရကြိုး နပ်ပါတယ် ခင်ဗျာ….
ယခင်ရေးခဲ့သော စာများ…. (လင့်များကို ကော်ပီကူးပီး Address Bar မှာ ရိုက်ထည့်ပီး ဆက်ကြည့်နိုင်ပါတယ်)
ဖိုင်ဘာချိတ်ဆက်ခြင်း အခြေခံပိုင်းအား လေ့လာကြည့်ခြင်း...
Virtualization အကြောင်း မတောက်တခေါက်
Virtualization ကြိုးဝိုင်းပေါ်မှာ ပန်းပန်နေတဲ့ Microsoft ရဲ့ Hypervisor HyperV
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/17/2012 03:17:00 AM
No comments:
Post a Comment