by Mar Ga Luelin on Saturday, 15 December 2012 at 20:29 ·
သူ့ ဆန် စား . . .
ရှင်သန်ရပ်တည်မှု့ တခုအတွက်နဲ့
ရလာဒ် အားလုံးကို စွန့်လွတ်ခဲ့ ပါတယ် အမေ
ရှေးရှေးတုန်းက ပြောခဲ့ဖူးသည် ရှိတဲ့အတိုင်း
ကျနော်ဟာ သိုးအုပ်နဲ့ ပေနှစ်ဆယ်လောက်အကွာက
ဂျစ်ကန်ကန် သိုးမဲ တစ်ကောင် ပါ . . .
ဘ၀ ဟာ ဇစ်မြစ်ချလိုက်ရင်
ဒုံရင်း က ဒုံရင်းပါပဲ အမေ
ဝင်္ကဘာ တစ်ခုလို ဘယ်ဘက်က ပါတ်ပါတ်
အဆုံးသတ်မှာ ရွေးချယ်စရာ က
သမုဒ္ဒရာ ၀မ်းတစ်ထွာဆိုတဲ့ လေးချိုးထဲပဲ
ကီးဝင် ရစ်သမ်မှန်တယ် . . .
သာမန်လူ သာမန်အတွေး သာမန်အသိညဏ်နဲ့
မတရားမူ့ တရားမူ့တို့ကို ဝေဖန်ပိုင်းခြားနိုင်ခဲ့ပေမယ့်
နွေဦးရာသီ လမ်းမတွေမှာ ဗွက်ပေါက်လွန်းတယ် အမေ
ကဲကဲ အမေ့သားအတွက် ရွက်ဝါတွေကြွေကျပါစေ
ရိုးတံကျဲကျဲ ဟာလည်း ဂုဏ်ကျက်သရေ တခုပဲမဟုတ်လား . . .
ငါတို့သည် . . .
ဒီယူနီဖောင်း အောက်က မာန်နဲ့ဌာန်နဲ့ရွတ်ဆိုသံတွေဟာ
တချို့ တချို့အတွက် အမှန်တရား
တချို့ တချို့ အတွက် အမုန်းတရား
ဒီမြေ ဒီရေ ဒီလေ ထဲမှာကို အသံရှုသံတွေ ကွဲပြားခဲ့ . . .
အမေ့သား
အခု စကားခါးသက်သက်တွေကို နုတ်ကထွက်တတ်ပါပြီ . . .
မာဃသစ္စာ

No comments:
Post a Comment