Thursday, October 25, 2012

Computer အတွင်သးသို့ 15စက္ကန့် အတွင်းထိုးဖောက်ခြင်း




Computerအတွင်းသို့ 15စက္ကန့် အတွင်းထိုးဖောက်ခြင်း
==============================
မှန်ပါသည်။ လုပ်လို့ရပါတယ်။ အကယ်၍စာဖတ်သူဧ။် စနစ်သည် တိကျသော လုံခြုံရေးအားနည်းချက်များ ရှိပါက ၁၅ စက္ကန့်ပိုင်းအတွင်းပင် ချိုးဖောက်ခံနိုင်ရပါသည်။

ဒီအခန်းကိုစတင်ဖို

့အတွက် ကျွှန်တော်စာဖတ်သူကို လုပ်ခိုင်းစရာတစ်ချို့ရှိပါသည်။ အကယ်၍စာဖတ်သူသည် Dial Up အသုံးပြုပါက ချိတ်ဆက်ဖို့လိုပါလိမ့်မယ်။ DSL (သို့) Cable သုံးပါက ဒီအဆင့်ကိုတခါတည်း ပြုလုပ်နိုင်ပါသည်။



Windows 2000 ထိ OS များအတွက်

• Start Menu ကိုနှိပ်ပါ

• Run ကိုရှာပြီး နှိပ်ပါ

• Winipcfg ကို Box ထဲတွင် ရိုက်ထဲ့ပြီး Enter နှိပ်ပါ

• ဒီ Windows လေးကို မြင်တွေ့ရပါမယ်





Windows XP အထက် OS များအတွက်

• Start Menu ကိုနှိပ်ပါ

• Run ကိုရှာပြီး နှိပ်ပါ

• cmd ကို Box ထဲတွင် ရိုက်ထဲ့လိုက်ပါ





• Console ပေါ်လာသောအခါ ipconfig ဆိုပြီးရိုက်ပါ (သို့) Network နဲ့ပတ်သက်တဲ့ အချက်အလက်အကုန်တွေ့ချင်ပါက ipconfig /all ရိုက်လို့လဲရပါတယ်

• ဒီအဆင့်ကိုမြင်တွေ့ရပါမယ်





* For editorial reason the above info has been omitted *

IP Add နေရာမှာ မြင်ရမှာတွေကတော့ ဒီလိုမျိုးဂဏန်းတွေပါ။ 207.66.55.1 (ကွဲပြားနိုင်ပါသည်။)

အကယ်၍ Dial Up အသုံးပြုပါက IP add ကို PPP Adapter အောက်မှာရှာတွေ့မှာပါ။ အကယ်၍ တစ်ခြားနည်းလမ်းများကို အသုံးပြုဆက်သွယ်ပါက IP add တွေကို တစ်ခြား Adapter Name တွေအောက်မှာ ရှာတွေ့မှာဖြစ်မှာပါ။ List တွေကို ဖော်ပြထားသော မြှားနေရာကို နှိပ်ခြင်းဖြင့် ထပ်တွေ့နိုင်ပါမယ်။





IP Add ကိုသိသောအခါမှာ နောက်ထပ် Console တစ်ခုကိုထပ်ဖွင့်ပြီး Console ထဲမှာ ဒါကိုရိုက်ထဲ့ရမှာပါ။

Nbtstat –A ip add (ဥပမာ nbtstat –A 207.66.55.1) ဒီနေရာမှာတော့ A သည် Capital Letter ဖြစ်ရပါမယ်။ nbtstat commands များကို ထပ်သိချင်တယ်ဆိုရင် ဒါကို ရိုက်ပြီးလေ့လာနိုင်ပါသည်။ nbtstat /help

ဒီလိုပုံစံ Output လေးကိုတွေ့ရမှာပါ။



NetBIOS Remote Machine Name Table

____________________________________

Name Type Status

-------------------------------------------

J-1 UNIQUE Registered

WORK GROUP Registered

J-1 UNIQUE Registered

J-1 UNIQUE Registered

WORK GROUP Registered

WORK UNIQUE Registered

__MSBROWSE__. GROUP Registered



(Again info has been omitted due to privacy reasons)



< > ထဲမှာရှိတဲ့ ဂဏန်းတွေဟာ Hex Code တန်ဖိုးတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမှာ ကျွှန်တော်စိတ်ဝင်စားတာက တန်ဖိုးပါတဲ့ Hex code ပါ။ အကယ်၍ 20 ကိုမတွေ့ရင်တော့ ဒါစာဖတ်သူအတွက် သတင်းကောင်းပါပဲ။ မဟုတ်ရင်တော့ စာဖတ်သူ စဉ်းစားစရာတွေ ရှိလာပါလိမ့်မယ်။ ကျွှန်တော်ရေးသားကိုဖတ်ပြီး စာဖတ်သူနားရှုပ်သွားနိုင်ပါတယ်။



ကဲ ရှင်းပြပါရစေ။ ဆိုသည်မှာ စာဖတ်သူဧ။် ကွန်ပျုတာမှာ File and Printer Sharing ကိုဖွင့်ပေးထားလို့ပဲ ဖြစ်ပါသည်။ ဒါက ဟက်ကာတစ်ယောက်က စာဖတ်သူ ကွန်ပျုတာဟာ File and Printer Sharing ကိုဖွင့်ပေးထားလား သိချင်ရင် လုပ်မဲ့ အဆင့်တွေပါ။ အကယ်၍ ဖွင့်ပေးထားတယ်ဆိုတာကို သိရှိပါက ဟက်ကာတွေက စနစ်ကိုထိန်းချုပ်ခွင့်ရရန် ဆက်လုပ်သွားမှာပါ။

Note : Console ကထွက်ရန် Exit လို့ရိုက်ပြီး Enter နှိပ်ထွက်နိုင်ပါသည်။



အထက်ပါ အချက်အလက်တွေကိုသုံးပြီး ဘယ်လိုထိန်းချုပ်ခွင့်ရအောင် လုပ်နိုင်လဲဆိုတာ ဒီနေရာကစပြီး ကျွှန်တော်ရှင်းပြသွားပါမယ်။

အလားအလာရှိတဲ့ ဟက်ကာတစ်ယောက်ဟာ IP Add အစုတစ်ခုကို Scan လုပ်ပြီး File and Printer Sharing ကွန်ပျုတာစနစ်တွေကို ရှာဖွေမှာပါ။ တွေ့ရှိတာနဲ့ချက်ခြင်း ဘာတွေစက်ပေါ်မှာ မျှဝေထားလဲဆိုတာကို ဒီလိုကြည့်ရှုနိုင်ပါသည်။ ဘယ်လိုလဲဆိုတော့ net view \\ <insert the="" targeted="" ip="" address="" here=""></insert>

ထို့နောက် ဒီလိုပုံစံကိုရရှိမှာပါ။



Shared resources at \\ip_address



Sharename Type Comment

MY DOCUMENTS Disk

TEMP Disk



ဒါက ဟက်ကာကို ဘာဖော်ပြလဲဆိုတော့ သူ့ရဲ့အလားအလာရှိတဲ့ သားကောင်ဟာ သူဧ။် My Documents နှင့် Temp ဆိုတဲ့ Folders နှစ်ခုကို ကွန်ယက်ပေါ်မှာ မျှဝေထားပါတယ်။ ထိုအထက်ပါအရာတွေကို လုပ်ပိုင်ခွင့်ရရှိရန် ဟက်ကာသည် ဒီ command ကို အသုံးချသွားမှာပါ။



Net use x: \\<put the="" targeted="" ip="" address="" here="">\temp</put>



Folder သည် စကားဝှက်သို့ ခံထားခြင်းမရှိပါက ဟက်ကာသည် လွယ်လွယ်ကူကူပင် ဝင်ခွင့်ရှိသွားမှာဖြစ်ပါသည်။ ဒီမှာ ကျွှန်တော်မေး ချင်တာက ဒါတွေကိုပြုလုပ်ရန် ဘယ်လောက်များကြာနိုင်ခဲ့လို့လဲ။ စာဖတ်သူဧ။် အဖြေကကော...



အကြာကြီးတော့ မဟုတ်လောက်ပါဘူး။ ဟုတ်တယ်ဟုတ်။ စာဖတ်သူတို့ ဘယ်နှစ်ယောက်များက File and Printer Sharing အကြောင်းမသိပဲနဲ့ ဖွင့်ထားမိပါလဲ။



ဟုတ်ကဲ့ Ladies and Gentlemen။ ဒါကို Netbios Attack လို့ခေါ်ပါတယ်။ အကယ်၍ မိမိအိမ်တွင် အိမ်တွင်းကွန်ရက် ချိတ်ဆက် ထားရင် ဖြစ်နိုင်တာက စာဖတ်သူဟာ File and Printer Sharing ကိုဖွင့်ထားနိုင်ပါသည်။ စာဖတ်သူအကုန်လုံးဟာ ဒီလိုလုပ်ထားတယ်လို့ ကျွှန်တော်မဆိုလိုပါ။ ဒါပေမဲ့ လုပ်တဲ့လူတွေအများကြီးပါ။ အကယ်၍ မိမိသည် ကွန်ရက်ပေါ်မှာ အရင်းအမြစ်တွေကို မျှဝေထား တယ်ဆိုရင် Directory များကို စကားဝှက်ဖြင့် ကာကွယ်ထားရန အကြံပေးပါရစေ။ မိမိသည် ကွန်ရက်ပေါ်မှာ မျှဝေထားသော Directory မှန်သမျှ ဒီလိုပုံစံ မျိုး Icon လေးကို တွေ့ရှိရမှာပါ။



မိမိဧ။် ကွန်ပျုတာမှ မျှဝေထားသော အရင်းအမြစ်များကို ရှာဖွေရန် ဒီအဆင့်များပြုလုပ်နိုင်ပါသည်။



Console ကို ဖွင့်လိုက်ပါ။ မသိရင် အပေါ်မှာ ပြန်ရှာဖတ်ကြည့်ပါ။ Console ထဲကို ရောက်သာအခါ net share ဆိုပြီး ရိုက်ကြည့်ပါ။ net share command သည် မိမိ မျှဝေထားသော အရာများကို နာမည်နှင့် နေရာပါ ပြသနိုင်ပါသည်။ မျှဝေထားသော အရာတွေထဲက $ sign ပါသော အရာများသည် Administrative Shares များဖြစ်ပါသည်။ တော်တော်များများကို Windows သည် သူ့ဘာသာသူ Administrative Shares များအဖြစ်သတ်မှတ်ထားပါသည်။ ပြင်ဆင်ချင်ပါက သေချာအရင် လေ့လာစေချင်ပါသည်။



Netbios သည်ရှေးကျသော စနစ်ကျုးကျော်သော နည်းလမ်းတစ်ခုဖြစ်ပါသည်။ စနစ်များစွာသည် ပုံမှန် ကာကွယ်ပေးထားသဖြင့် တစ်ချို့သည် သတိမမူမိပဲ သေချာကာကွယ်မှု အတ်ုင်းအဆများ မလုပ်မိသောကြောင့် နောက်ပိုင်းတွင် Netbios Attack သည် လုပ်ခံရသော သားကောင်များ ပြန်လည်မြင့်မားလာရသည်။
4Like ·  · 
-- 

No comments: