Date: 2012/9/17
ညီလေး ကိုဂျက်ဂါ ရေ..
တစ်ခါ က လူငယ်လေးတစ်ယောက်က အိုင်းစတိုင်းဆီ ကို လာ တယ်။ သူမေးတာ က ဆရာကြီးခင်ဗျာ..ဗီထိုဘင် ရဲ့ န၀မမြောက်ဆင်ဖိုနီ ကို ရုပဗေဒ က အသံလှိုင်းဗေဒ (Acoustics) နဲ့ များ အသေးစိတ် ရှင်းပြလို့ ရမလား..ရယ်လို့ ပါ။ ဒီတော့ အိုင်စတိုင်း က ပြော တယ်..အင်း..ရှင်းပြလို့တော့ ရ သကွ..နို့ပေမဲ့ ရှင်းပြလိုက်တဲ့ အခါ မှာ အဲဒီ အရာ ဟာ ဗီထိုဘင် ရဲ့ န၀မမြောက်ဆင်ဖိုနီ လဲ မဟုတ်တော့ဘူး ကွ။ လို့ ပြောသတဲ့။ တကယ်တော့ ဗီထိုဘင် ရဲ့ န၀မမြောက်ဆင်ဖိုနီ က နှလုံးသား နဲ့ ခံစား နားလည် ရမှာ ပါ..။ သိပ္ပံ ပညာ က မမြင်နိုင်တဲ့ အရပ်ပါပဲ။ ကလေးငယ်လေး တစ်ယောက် ရဲ့ ၀မ်းနည်းမှု ကို သိပ္ပံပညာ က ဝေေ၀ဆာဆာ ရှင်းပြနိုင်ပေမဲ့ ဒီ ကလေးရဲ့ နှလုံးသာ နုနုလေး ဟိုး အတွင်းဆုံး အလွှာ ကို သိပ္ပံပညာ က ဘယ်တော့ မှ မရောက်နိုင်ပါဘူး။ဒါကို စိတ္တဗေဒ မှာ Qualia လို့ ခေါ်တယ်..။ လူသား ရဲ့ စိတ်ခံစားမှု အာရုံခံစားမှု အနုပညာ ကိုယ်ကျင့်တရား နဲ့ ဘာသာရေး အသိဥာဏ် တွေ အားလုံး ရဲ့ နယ်ပယ်..ကိုယ့်ဝမ်းနာ ကိုယ်သာသိ တွေ ရဲ့ နယ်ပယ် ပါပဲ။
ဒါကြောင့် ဆရာကြီးရွှေဥဒေါင်း ရဲ့ အဆို ကို ကန့်ကွက်ပါတယ်။ ဆရာကြီးပြောသလို...((အမှန်စင်စစ်မှာ လောကဓာတ်နည်း (သဘာဝနည်း) သည် သာလျှင် ခပ်သိမ်းသော အယူဝါဒများနှင့် ပြဿာနာဟူသမျှကို တိုင်းတာရမည့် ပေတံကြီးသဖွယ် ဖြစ်သင့်ပေသည်။))..ဆိုတာ ဘယ်နည်း နဲ့ မှ မဖြစ်နိုင်ပါဘူး။ ဘာသာတရား တွေ နဲ့ သိပ္ပံပညာ တွေ အလုပ်လုပ် နေတဲ့ နယ်ပယ် နဲ့ လုပ်ထုံးလုပ်နည်း တွေ က တစ်ကမ္ဘာစီ တစ်ဘာသာစီ ဖြစ်လို့ ပါပဲ။
သိပ္ပံ ရဲ့ လုပ်ထုံး က အချက်အလက်တွေ ကို စုဆောင်းတယ်..တိုင်းတာသတ်မှတ်တယ်..ပြီးတော့ အနုမာနတွေ တည်ဆောက်တယ်..ဒါတွေ ကို လက်တွေ့စမ်းသပ်စစ်ဆေးကြည့်တယ်.. အချက်အလက်နဲ့ မကိုက် ရင် အနုမာန ကို ပြန်ပြင် တယ်။ စမ်းသပ်စစ်ဆေးမှုတွေ နဲ့ကိုက်ညီသွားတဲ့ အနုမာန ကို သီအိုရီ အဖြစ်ထုတ်ယူ တယ်။ ပညာရှင်တွေ ရှေ့ စစ်ဆေးခံဖို့ ချပြရတယ်..။ ငြင်းဆိုမှုတွေ ထပ်မံ စမ်းသပ်မှုတွေ ကို ရင်ဆိုင်ရတယ်..။ သီအိုရီ က အထပ်ထပ် စစ်ဆေးခံနိုင်ဖို့ လိုသလို တိကျတဲ့ ဟောကိန်း Predictions တွေ ကို လဲ ပေးနိုင်ရတယ်။ ဒါတွေ အားလုံးမှန်မှ သိပ္ပံသီအိုရီ တစ်ခု ဟာ အသိအမှတ်ပြုခံရပြီး ရပ်တည်နိုင်ပါတယ်။ ဒါတောင်မှ အမြဲထာဝရမှန်တဲ့ သစ္စာ လို့ မယူဆ ပါဘူး။ မှားကြောင်း သက်သေမပြနိုင်သေးသရွေ့ ယာယီ အားဖြင့် မှန်နေတဲ့ အမှန်တရားလို့ ပဲ သတ်မှတ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာ မှာ ရှိ တဲ့ အနက်ရှိုင်းဆုံး ဗောဓိဥာဏ် အတွေ့ အကြုံ ခရစ်ယာန် ဘာသာမှာ ရှိတဲ့ ဘုရားသခင်ရှေ့မှောက်မှာ လင်းပွင့်ခြင်း Illumination တွေ နဲ့ အစ္စလာမ် ဆူဖီသူတော်စင်ကြီးတွေ ရဲ့ အတ္တချုပ်ငြိမ်း ဘုရားထံ မွေးဖွား ရတဲ့ ဖနာ=ဗကာ နဲ့ ဟာကီကတ် အတွေအကြုံတွေ က သိပ္ပံပညာ ကို လွန်ပါတယ်။ ဘယ်တော့ မှ သိပ္ပံနည်းမကျနိုင်ပါ။ ကိုယ် ဓမ္မ ကိုယ် နှလုံးသား နဲ့ သိမြင် ရတာ ဖြစ်ပါတယ်။
သိပ္ပံပညာ မှာ ဖယ်ထုတ်ထားရတဲ့ အရာတွေ ဖြစ်တဲ့ ခံစားမှု တွေ ယုံကြည်သက်ဝင်မှု တွေ က ဘာသာတရားတွေ ရဲ့ ၀ိညာဏ်တွေ နှလုံးသည်းပွတ်တွေ ဖြစ်နေပြန်တယ်။ ယုံကြည်သက်ဝင်မှု မပါရင် ဘာသာတရား လမ်းကို လျှောက်လို့ မရနိုင်ဘူး။ ဘာသာရေး အသိအလင်း က သိပ္ပံပညာ ရဲ့ ဓမ္မ ဓိဋ္ဌာန် အမှန်တရားမျိုး မဟုတ်လို့ ပါ။ ဒါက သိပ္ပံ နဲ့ ဘာသာတရားတွေ ရဲ့ အကြီးမားဆုံး အဟ ပါပဲ။ ဒါကြောင့် ဘာသာတရားတစ်ခု ရဲ့ အမှန်တရား ကို လောကဓါတ်သိပ္ပံ နဲ့ တိုင်း တာ လို့ မရသလို ဘာသာတရားတစ်ခု ရဲ့ အမှန်တရား ကို တစ်ခြား ဘာသာတရား တစ်ခု နဲ့ လဲ တိုင်းတာလို့ မရပါဘူး။သူ့ယုံကြည်ချက် နဲ့သူ သူ့ စံ နဲ့ သူ ပါပဲ။ ဒါကြောင့် သိပ္ပံပညာ မှာ လက်တွေ့စမ်းသပ်ချက်နဲ့ မကိုက်ညီတဲ့ အနုမာန တွေ ကို ယတိပြတ်ပယ်ထုတ်လို့ ရပေမဲ့ ဘာသာတရားတွေ က ခံစားသိ နဲ့ ယုံကြည်မှု တွေ ရဲ့ နယ်ပယ်ဖြစ်လို့ အမြင်တိုင်းဟာ သူ့တန်ဖိုးနဲ့ သူလို့ ပဲ ဆို ရပေမယ်..ဗုဒ္ဓဘာသာပေတံ ကို ကိုင်ပြီး အစ္စလာမ် ကို မှားတယ် ပြော မရသလို အစ္စလာမ် ပေတံ ကို ကိုင်ပြီး ဟိန္ဒူ မှားတယ်လို့ လဲ ပြော မရပြန်ဘူး။ ဘာသာရေး က ကိုယ်တိုင် ကျင့်သုံးအားထုတ် လို့ ခံစားသိမြင်ရတဲ့ မိမိ အတွင်းအဇ္ဈတ္တ နဲ့ လုံးဝသက်ဆိုင်လို့ပါ။
သိပ္ပံ ရဲ့ လုပ်ထုံး က အချက်အလက်တွေ ကို စုဆောင်းတယ်..တိုင်းတာသတ်မှတ်တယ

ဒါပေမဲ့ မျက်မြင်ဗဟိဒ္ဓ ရုပ်လောကကြီး နဲ့ သက်ဆိုင်တဲ့ နယ်ပယ်တွေ မှာ တော့ ဘာသာရေး ဟာ သိပ္ပံ ကို နေရာပေးသင့်ပြီလို့ ထင်ပါတယ်။ ရူပဗေဒ ဓါတုဗေဒ နက္ခတ္တဗေဒ ဘူမိဗေဒ ဇီဝဗေဒ သတ္တဗေဒ စတဲ့ သိပ္ပံဗေဒ အသီးသီးဟာ အဖိုးမဖြတ်နိုင်တဲ့ လူ့အသိပညာ ဘဏ္ဍာတိုက်ကြီး ကို ဖြည့်ဆည်းပေးခဲ့ ကြပြီ ဖြစ်လို့ ဒီ အကြောင်း အရာ တွေ မှာ တော့ ဘာသာတရား တွေ က အလျှော့ပေးကြရမယ်။ ဥပမာ မျက်မြင် ကမ္ဘာကြီး ရဲ့ သက်တမ်း ကို သိချင်ရင် ဘူမိဗေဒ ကို သာ လေ့လာပါ..ဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာ ကျမ်းတွေမှာ သွား ရှာ မနေပါနဲ့ တော့ လို့ ဆို လို ချင်တာပါ။ လူသား တွေ စတင်ဖြစ်ပေါ်လာပုံ ကို လေ့လာချင်ရင် လဲ ထို နည်းတူပဲ ဇီဝဗေဒ သတ္တဗေဒ စတဲ့ သိပ္ပံဗေဒ ကို ပဲ လေ့လာ ကြရလိမ့်မယ်။ ဘာသာရေးကျမ်းဂန်တွေ ရဲ့ အဆို တွေ ကို ထည့်မစဉ်းစားပါနဲ့ တော့။
ဘာသာရေး က ပေးတဲ့ တစ်ခုတည်းသော ဆုလာဘ် က လူ့ နှလုံးသား ရဲ့ အဇ္ဈတ္တ ပြောင်းလဲ ရေး နဲ့ စိတ် ငြိမ်းချမ်းလွတ်မြောက်ရေး တွေ ပဲ ဖြစ်ပါတယ်။ ဒီ ကဏ္ဍလေး တစ်ခု နဲ့ တင် ဘာသာတရားတွေ ဟာ လူ့ လေးမြတ်ပူဇော်မှုတွေ နဲ့ ထိုက်တန်တယ်လို့ မြင်မိပါတယ်။ သိပ္ပံ ရဲ့ တွေ့ရှိချက်တွေ ကို ဘာသာရေး ရဲ့ နှလုံးသား နဲ့ ပေါင်းစပ်ပေးမှ သာ လူသားရဲ့ ပြီးပြည့်စုံတဲ့ အောင်မြင်မှု ဖြစ်နိုင်တယ်လို့ မြင်မိပါကြောင်း။
No comments:
Post a Comment