ဘ၀မှာ သင် အလိုရှိသမျှကို အောင်မြင်ဖို့
သင့်ကိုယ်သင် တစ်ချက်ကြည့်လိုက်ပါ၊ အတွင်းရော အပြင်ရောပေါ့။ သင် ဘယ်မှာ နေသလဲ။ သင်ရဲ့ အလုပ်ကိုင်၊ ပြီးတော့ သင့်ရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ ပေါင်းသင်းဆက်ဆံရေး၊ သင့်ကို စိတ်ဝင်စားစေတဲ့အရာတွေ၊ ပြီးတော့ သင့်ရဲ့ စွန့်စားခန်းတွေ။
သင်ဟာ ဘ၀မှာ ဘာကို အမှန်တကယ် လိုချင်ပါသလဲ? ချမ်းသာကြွယ်ဝမှုနဲ့ အောင်မြင်မှုကို အလိုရှိတာလား၊ ဒါမှမဟုတ် ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းမှုလား? ကိုယ်ပိုင် အိမ်ခြံဝင်းနဲ့ မိသားစုဘ၀တစ်ခုလား? ရွက်လှေတစ်စင်း ဒါမှမဟုတ် ပြိုင်ကားတစ်စီးလား? သင် ဘယ်ကို ဦးတည်နေပါသလဲ? သင့်မှာ တိကျတဲ့ ရည်မှန်းချက်တစ်ခုရှိပါသလား ဒါမှမဟုတ် ဘ၀ကို ဒီတိုင်း လျှောက်သွားနေတာလား?
သင့်ဘ၀မှာ ဘာကိုပဲလိုချင်လိုချင် သင် အဲဒါကို ရနိုင်ပါတယ်၊ အမှန်ပါပဲ။ သင့်မှာ တိကျတဲ့ရည်မှန်းချက်တစ်ခုရှိပြီ ဆိုတာနဲ့ မိမိကိုယ်ကိုယ် ကတိတည်မှု၊ အပြည့်အ၀ ယုံကြည်မှုတွေနဲ့ အဲဒီရည်မှန်းချက်ကို အောင်မြင်နိုင်ပါတယ်။
ဒါပေမယ့် သင်က သင်ဘာလိုချင်တယ်ဆိုတာကို မသိဘူးဆိုရင်ကော …။ ဒါမှမဟုတ် သင့်ရဲ့ရည်မှန်းချက်တွေဟာ ရည်မှန်းချက်အသေးစားလေးတွေလည်း ဖြစ်နိုင်တာပါပဲ- ဥပမာ – ၀ိတ်အနည်းငယ်ကျဖို့၊ ဒါမှမဟုတ် ကားအသစ်တစ်စီး ၀ယ်ဖို့ဆိုတာမျိုး။
သင်ဟာ ပိုကြီးတဲ့တိုက်ခန်းတစ်ခန်းကို လိုချင်တာပဲဖြစ်ဖြစ်၊ သင့်အလုပ်အကိုင်မှာ ခေါင်းဆောင်တစ်ယောက်ဖြစ်ချင်ရင် ပဲ ဖြစ်ဖြစ်၊ သင် အဲဒါကို အမှန်တကယ်လိုချင်ပြီဆိုရင် အောင်မြင်မှု နည်းလမ်းတွေက သင့်အတွက် တံခါးဖွင့်ပေးကြပါလိမ့်မယ်။
ဘယ်ရည်မှန်းချက်မှ သေးလွန်းတယ် ကြီးလွန်းတယ်ဆိုတာ မရှိပါဘူး ။ သင့်ရဲ့ ဆန္ဒတွေနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်းမဖြစ်ဘူးဆို ရင် သင့်ရဲ့မသိစိတ်ကို နှိုးဆွကြည့်ပါ။ သင် အဖြေတွေကို တွေ့ရပါလိမ့်မယ်။ ပြီးတော့ အောင်မြင်မှုလမ်းကြောင်းတွေကို ရှာဖွေပါ။
သင့်ရဲ့ဘ၀ကို သင် ပြောင်းလဲနိုင်သလား၊ ပြောင်းလဲလိုပါသလား။ သင့်ကိုယ်သင် အောင်မြင်တဲ့သူတစ်ယောက်အဖြစ် အပြည့်အ၀ စိတ်ကူးပုံဖော်ကြည့်နိုင်ပါသလား ။ အဲသလို စိတ်ကူးပုံဖော်ကြည့်တဲ့အခါ သင် ဘယ်လိုခံစားရသလဲ။ သင့်မှာ ရည်မှန်းချက်တွေကို အောင်မြင်လိုတဲ့ဆန္ဒရှိတယ်၊ သင့်ကိုယ်သင် သင်စိတ်ကူးထားတဲ့နေရာမှာရောက်ရှိနေမယ့်ပုံကိုလည်း မြင်ယောင်ကြည့်နိုင်မယ်၊ ပြီးတော့ ရည်မှန်းချက်အတိုင်း လုပ်ဆောင်ဖို့ သင့်ကိုယ်သင် ကတိက၀တ်ပြုထားတယ်ဆိုရင်၊ သင်ဟာ ခရီးတစ်ဝက်ထက်ကို ကျော်လွန်ပြီး ရောက်ရှိနေပါပြီ။
သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးဆိုတဲ့ခေါင်းဆော င်တွေ၊ အနုပညာရှင်တွေဟာ တိကျတဲ့လမ်းကြောင်းတွေ သတ်မှတ်ပြီး လျှောက်ခဲ့ကြတယ်၊ သူတို့ရဲ့ နှလုံးသားထဲက ဆန္ဒတွေကို ဖြည့်ဆည်းနိုင်ခဲ့ကြတယ်။ စိတ်ကို ဖွင့်ထားပါ၊ သင့်ရဲ့ အသွင်အပြင်ကို မျှော်လင့်ချက်အပြည့်ရှိသူတစ်ေ ယာက်သဖွယ် ဖြစ်နေပါစေ။ အဲဒီနောက် သင့်ရဲ့အတွေးတွေကို ပြောင်းလဲပါ- ရည်မှန်းချက်တွေ အောင်မြင်နေသူတစ်ယောက်သဖွယ် ပြုမူဆောင်ရွက်ပါ။ အမှန်တရားက သင့်ကို အဲဒီအတိုင်း တကယ်ဖြစ်လာစေပါလိမ့်မယ်။
Ref: excerpt from the book: How To Accomplish Anything You Want In Life by Helene Malmsio
Like Your Life Success on Facebook and
Join Our Community of Incredible People!
Related Articles:
Your Life Success
Happiness, Success & Useful Tips for YOUR Life...
No comments:
Post a Comment